¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤
မြတ်စွာဘုရားဆုံးမတော်မူတဲ့ စကား အင်္ဂါ (၆)ပါး
¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤

1. Must be true
■ မှန်တာကို ပြော၊
မှန်တိုင်းလဲ ပြောရမလား ဆိုတော့ မှန်တိုင်းလဲ မပြောနဲ့တဲ့
မှန်တိုင်းသာ အကုန်လျှောက်ပြောနေရင် တစ်လောကလုံးနဲ့ ရန်ဖြစ်နေရမယ်သာမှတ်၊

2. Must be honest
■ ရိုးရိုးသားသား ပြော၊ ရိုးသားတဲ့ စိတ်နဲ့ပြောတဲ့

3. Must be polite
■ ယဉ်ယဉ်ကျေးကျေးပြော

4. Must be beneficial for others and oneself.
■ မိမိအတွက်ရော သူတစ်ပါးအတွက် အကျိုးဖြစ်မယ့် စကားကို ပြော

5. Must be harmonious
■ ညီညွတ်ရမယ် တစ်ယောက်နဲ့ တစ်ယောက် ရန်ဖြစ်ရမယ့် စကားမျိုးတွေသွားမပြောနဲ့ ။
ချစ်ခင်နေတဲ့ လူနှစ်ယောက်ကွဲသွားအောင်သွားမပြောနဲ့ ကွဲနေတဲ့လူကို စေ့စပ်တဲ့ စကားမျိုးပဲပြော။

6. Must be pleasant
နားချမ်းသာ အောင်ပြောရမယ်။

စကားအရာ အင်္ဂါ ၆ ပါးဖြစ်ပါတယ်။

လူတွေနဲ့ လိုက်လျောညီထွေတဲ့ အဆုံးအမတွေကို ဘုရားရှင်ကဆုံးမထားပြီးသား၊

အတတ်နိုင်ဆုံး ကျင့်ကြံအားထုတ်နိုင်ကြပါစေ၊

လွတ်လပ်စွာသဘောထားကွဲလွဲခွင့်ရှိတယ်ဆိုပေမယ့် တစ်ချို့အရာတွေက အကုသိုလ်ပွါးစရာတွေချည်းပဲ၊

တွေ့နေရတတ်လို့ ပါးစပ် စည်းကမ်းလည်း ရှိကြပါစေလို့ ပြောပါရစေ။

Special Thanks to ☆ အရှင်သာမိ ☆