အမေက သားသမီးအတွက်ဆို。。。。
♦ဘ၀ကို ပေးရဲတဲ့ အမေ
♦အလှကို စတေးရဲတဲ့ အမေ
♦သွေးမျက်ရည် ခခဲ့ရတဲ့ အမေ
♦သွေးစက်တွေ ကျခဲ့ရတဲ့ အမေ
♦ဒေါသနဲ့ မဆုံးဖြတ်နိုင်တဲ့ အမေ
♦သောကနဲ့ ပြုံးတတ်တဲ့ အမေ
♦စာနာသနားတတ်တဲ့ အမေ
♦မာယာမများတတ်တဲ့ အမေ
♦ဖြူစင်စေတဲ့ အမေ
♦သိပ်ချစ်တတ်တဲ့ အမေ
♦စိတ်မညစ်တဲ့ အမေ
♦ဆုံးမတတ်တဲ့ အမေ
♦ပြုံးပြတတ်တဲ့ အမေ
♦အမှားပစ်တဲ့ အမေ
♦တရားချစ်တဲ့ အမေ
♦အသည်းမပျော့တဲ့ အမေ
♦ဇွဲမလျှော့တဲ့ အမေ
♦အပိုမကြိုက်တဲ့ အမေ
♦အလိုမလိုက်တဲ့ အမေ
♦အပြစ်မဆိုတဲ့ အမေ
♦အချစ်ပိုတဲ့ အမေ
♦အသာမစံရတဲ့ အမေ
♦အနာခံဘ၀နဲ့ အမေ
♦ဒဏ်ရာတွေနဲ့ အမေ
♦တာဝန်ကျေတဲ့ အမေ
♦ချွေတာတတ်တဲ့ အမေ
♦ငွေရှာတတ်တဲ့ အမေ
♦မျှတမှုကို ဦးစားပေးတဲ့ အမေ
♦လှပမှုကို ဦးစားမပေးတဲ့ အမေ
♦အပြုံးမပျက်တဲ့ အမေ
♦အမုန်းမဖက်တဲ့ အမေ
♦အချစ်ကိုလည်း ပေးတဲ့ အမေ
♦ပညာတွေလည်း ပေးတဲ့ အမေ
♦အကြင်နာတွေလည်း ပေးတဲ့ အမေ
♦ရှေ့ရေးမြင်တဲ့ အမေ
♦အမွေပေးချင်တဲ့ အမေ
♦မကြွားဝါတတ်တဲ့ အမေ
♦စေတနာထားတဲ့ အမေ
♦မင်္ဂလာတရားနဲ့ အမေ
♦ပြုစုတတ်တဲ့ အမေ
♦ယုယတတ်တဲ့ အမေ
♦အသိနက်တဲ့ အမေ
♦မရှိမဖြစ်တဲ့ အမေ
♦အနှိုင်းမဲ့မေတ္တာ အသင်္ချေ
လူသားအားလုံး စံထားထိုက်တာ
အမေပါပဲ...အမေ.။
-【လင်းဝေအိမ်(ကလေး)】
[ပခုက္ကူမြို့နယ်၊ မြောက်လူးကန်ကျေးရွာ၊
ပုဗ္ဗာရုံကျောင်းတိုက်၊ပရဟိတ
ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၊
(၈)နှစ်မြောက် အထိမ်းအမှတ် စာစောင်မှ။]
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
“မိခင် =Mother”
•••••••••••••••••••••••••
M = is for the million things she gave me.
အမေသည် ကျွန်ုပ်အား သန်းပေါင်းများစွာသော
အရာဝတ္ထုများကို ပေးပါသည်။
O = means only that she's growing old.
အမေသည် သားသမီးများအတွက် ပေးဆပ်ရင်း၊
ပြုစုစောင့်ရှောက်ရင်း အိုမင်းရင့်ရော် သွားသည်။
T = is for the tears she shed to save me.
အမေသည် ကွန်ုပ်အတွက် စိုးရိမ်သောကရောက်ရင်း
မျက်ရည်များစွာ ကျခဲ့ရသည်။
H = is for her heart as pure gold.
အမေ့နှလုံးသားသည် ရွှေစင်ကဲ့သို့ ဖြစ်သည်။
E = means everything she's done to help me.
အမေသည် ကွန်ုပ်အတွက် အစစအရာရာ လုပ်ကိုင်ပေးပြီးဖြစ်သည်။
R = means right and right she'll always be.
အမေပြုသမျှအားလုံးသည် မှန်ပြီးရင်း မှန်ရင်းသာဖြစ်သည်။
-အင်္ဂလိပ်အဘိဓာန်။
【လေးအိမ်စု အရှင်ဝိစိတ္တသာရ စီစဉ်တော်မူသည့်
စကားလက်ဆောင် တရားလက်ဆောင်(၄)မှ- 】
Posted by►
www.facebook.com/youngbuddhistassociation.mm