ပုဂံခေတ်ကပဲ ၊ အသက်ြကီး မှ စာပေသင်တာဟာ
တတ်မြောက်နိုင်သေးတယ်လို့၊
စာပေသင် ကြားရေးနဲ့ ပတ်သက်ပြီးတော့
“စိတ်ဓာတ်တွေ မကျကြဖို့” ဆိုပြီး စံနမူနာပြသွားတဲ့
“ဦးကျပွေ့(ဦးကျည်ပွေ့)” ဆိုတာလည်း ပဲ
စံနမူနာယူရမယ့် ပုဂ္ဂိုလ် တစ်ဦးပဲ။
မြန်မာနိုင်ငံမှာ ပြောလေ့ရှိကြတယ်။
“အသက်ကြီးမှ ဘာလုပ်မှာတုန်း သင်နေလို့
ဘာအကျိုးရှိမှာတုန်း” လို့ပြောတဲ့ သူက
ရာခိုင်နှုန်း တော်တော်များများ။
“ပညာဆိုတာ အိုတယ်” လို့မရှိဘူး။
မြန်မာနိုင်ငံမှာ ဆဋ္ဌသံဂါရတနာတင်ပွဲတုန်းက
ကမ္ဘောဒီယားက ဆရာတော် ကြီးတစ်ပါး ကြွလာတယ်။
ကမ္ဘောဒီယားဆရာတော်ကြီးက “သက်တော် (၈၀)” ရှိနေပြီ။
●အဲဒီဆရာတော်ကြီးက မြန်မာနိုင်ငံမှာလာရင်း၊
သူဘာလုပ်နေတုန်းဆိုတော့
“အင်္ဂလိပ်စာ”သင်နေတယ်၊ ဖတ်နေတယ်။
တချို့ကိုယ်တော်တွေက သွားပြီးတော့
စကားပြောရင်း လျှောက်တယ်၊
“ဆရာတော် ဘာဖတ်နေလဲ။”
“အင်္ဂလိပ်စာသင်နေတယ်။
အင်္ဂလိပ်စာကျက်နေတယ်။”
“ဆရာတော် သက်တော် (၈၀) ရှိနေပြီ။
အင်္ဂလိပ်စာဘာလုပ်ဖို့တုန်း။”
တန်ဖိုးမထားတတ်တဲ့ ပုဂ္ဂိုလ်က ဘာလုပ်ဖို့တုန်း
ဆိုတာကိုပဲ ကြည့်နေတယ်။
အဲဒီ ဆရာတော်ကြီး ပြောလိုက်တဲ့ စကားကလည်း
မှတ်သားစရာ အလွန်ကောင်းပါတယ်။
●“ကိုယ်တော် ပညာဆိုတာ တစ်နေ့ရ၊
တစ်နေ့သုံးရင် နည်းသလား။
ဘာပညာ ပဲဖြစ်ဖြစ် ၊ ပညာဆိုတာ ယူရတယ်၊
အသက်ကြီးသွားတယ် ဆိုတာ မရှိဘူး။
တစ်နေ့ အသက်ရှည်ရင် တစ်နေ့ အသိဉာဏ်တစ်ခုရတယ်။
●ဒီဘဝမှာ ပညာမသင်ခဲ့ဘူး ဆိုလို့ရှိရင် နောက်ဘဝ
ပိုပြီးတော့ တတ်ဖို့ မရှိတော့ဘူး။
ဒီဘဝ သင်လိုက်တဲ့ ပညာဟာ (On line) ဖြစ်သွားတယ်။
ပညာမသင်တဲ့ ပုဂ္ဂိုလ် နောက်ဘဝ သူ့ဟာသူ
တတ်လာမှာ မဟုတ်ဘူး။
ဒီဘဝ သင်သွားတဲ့ ပုဂ္ဂိုလ် ဟာ နောက်ဘဝပိုလွယ်သွားတယ်။
ပျောက်သွားတာ မဟုတ်ဘူး။
●“မူလတန်း ပညာ” သင်ထားတဲ့ ပုဂ္ဂိုလ်သည်
“အလယ်တန်းပညာ” တတ်ဖို့ လွယ်သွားတယ်။
●“အလယ်တန်းပညာ” သင်ထားတဲ့ ပုဂ္ဂိုလ်ဟာ
အထက်တန်းတက်ဖို့လွယ်သွားတယ်။
●အထက်တန်းပညာသင်ထားတဲ့ ပုဂ္ဂိုလ်ဟာ
University တက္ကသိုလ် ပညာလွယ်သွားတယ်။
ပျောက်သွားရင် ဘယ်လွယ်မလဲ။
အဲဒီလိုပဲ သံသရာခရီးသွားနေတဲ့ အချိန်မှာ
ဒီဘဝသင်ထားတဲ့ ပညာသည် နောက်ဘဝမှာ
ပိုလွယ်ကူမှု ရှိတယ်၊ လို့ ဒီလိုဆိုလိုတယ်။
ပျောက်သွားတာမဟုတ်ဘူး။
ဒါမျိုး အလားသဏ္ဌာန်တူတာနဲ့ တစ်ပြိုင်နက်
အသိဉာဏ်ပေါ်လာတာပဲ။
ဒါကြောင့် မို့လို့ ပညာဆိုတာ အသက်ကြီးသည်ဖြစ်စေ၊
ငယ်သည်ဖြစ်စေ၊ ဆည်းပူး လေ့လာနေကြရမယ်”တဲ့။
■“ပါရမီ” ဆိုတာလည်း ဒီလိုဆည်းပူးရတယ်။
“တို့ကတော့ ပါရမီနုသေးတာပဲ” လို့ပြောပြီးတော့၊
ဒီအတိုင်းနေတဲ့ ပုဂ္ဂိုလ်တွေက ပါရမီက
သူ့ဟာသူ “သရက်သီး” ရင့်သလို
ရင့်လာလိမ့်မယ်လို့များ အောက်မေ့လို့လား မသိဘူး။
သရက်သီးကတော့ သူ့ဟာသူ
သရက်ပင်က သီးပြီး၊ ရင့်ကောင်း ရင့်လာလိမ့်မယ်။
ပါရမီကတော့ မဖြည့်ဘဲ ၊ သူ့ဟာသူ ရလာမှာမဟုတ်ဘူး၊
■“ပညာပါရမီ” နဲ့ ပတ်သက်ပြီးတော့၊
မှတ်သားစရာလေးတစ်ခုကတော့
ဒီကနေ့ခေတ်မှာ “ပညာဒါန” ဆြိုပီး တော့
ပညာကို ရည်စူးပြီးတော့ ၊
ပညာသင်ဖို့ အားပေးတာတွေကို
“ပညာဒါန” လို့ခေါ်ကြတယ်။
အဓိက မကျလှဘူး။
အကျိုးမပေးဘူး လို့ မဆိုလိုဘူး။
သို့သော် “အထောက်အကူ” ပဲဖြစ်မယ်။
သူတစ်ပါး ပညာတော်အောင် ဆိုပြီးတော့ 
စရိတ်စက ထောက်ပံ့တဲ့ ပုဂ္ဂိုလ်ဟာ
နောင်ဘဝ ရောက်လို့ရှိရင်၊
ကိုယ့် ပညာသင်ကြားရေးအတွက်
အထောက်အကူ ပေးမှာပဲ။
ဒီအကျိုးပဲရမယ်။ “ပညာတတ်ဖို့” မဟုတ်ဘူး။
ပညာ အတွက် အထောက်အကူ ကုသိုလ်လုပ်ရင်
ပညာအတွက် အထောက်အကူပဲရမယ်။
“ဉာဏ်ကောင်းချင်တယ် ၊ တော်ချင်တယ်”ဆိုရင်
ဒီဘဝမှာ သင်ရမယ်။
ဒါကြောင့်မို့၊ မြတ်စွာဘုရားက “မဟာပညာသံဝတ္တ
နိကပဋိပဒါ”လို့ ခေါ်တဲ့ ကြီးမားသော ပညာကို
ဖြစ်စေတတ်တဲ့ အကျင့်တရား ဆိုတာ ဘာလဲတဲ့။
ပညာရှိ ပုဂ္ဂိုလ် တွေကို ချည်းကပ်ပြီး အရှင်ဘုရား
(သို့မဟုတ်) လူ ဆိုလို့ရှိရင်လည်း လူပေါ့ ၊
သွားရောက်ပြီးတဲ့အခါကျတော့
●ဒါက ဘယ်လိုခေါ်တာတုန်းဗျ၊
●အပြစ်ရှိတဲ့ တရားက ဘယ်လိုတုန်း၊
●အပြစ်ကင်းတဲ့ တရားက ဘယ်လိုတုန်း၊
●ဒါက လုပ်သင့်တဲ့ ဟာလား၊
●ဒါက မလုပ်သင့်တဲ့ ဟာလား၊
မသိသေးတဲ့ အခြင်းအရာတွေကို စူးစမ်းလေ့လာ
မေးမြန်းမှတ်ယူတာကမှ “ပညာပါရမီ” အစစ်ပါ။
-【ပါမောက္ခချုပ် ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ】
Posted by ►
www.facebook.com/youngbuddhistassociation.mm