“တစ်ကိုယ်ကောင်းဆန်တဲ့ ပုဂ္ဂိုလ်” ဟာ
ကိုယ်ကောင်းစားဖို့၊ ကိုယ်အဆင်ပြေဖို့ဆိုရင်
●အကုသိုလ်မှန်သမျှ ဘာမဆိုပြုရဲတယ်။
●ဒုစရိုက်မှန်သမျှ ဘာမဆို ကျူးလွန်ရဲတယ်။
●သူများအသတ်သတ်မှ ကိုယ့်ဘ၀အဆင်ပြေမယ်ဆိုရင်
သတ်ဖို့ လုံး၀၀န်မလေးဘူး၊ သတ်ရဲတယ်။
●သူများပစ္စည်းခိုးမှ ကိုယ့်ဘ၀အဆင်ပြေမယ်ဆိုရင် ခိုးဖို့
လုံး၀၀န်မလေးဘူး။ ခိုးရဲတယ်။
●လိမ်မှ ညာမှ ကိုယ့်ဘ၀အဆင်ပြေမယ်ဆိုရင်
လိမ်ဖို့ ညာဖို့ လုံး၀၀န်မလေးဘူး လိမ်ရဲ ညာရဲပါတယ်။

တစ်ကိုယ်ကောင်းဆန်တဲ့ပုဂ္ဂိုလ် မလုပ်ရဲတဲ့ မကောင်းမှု၊
မပြုရဲတဲ့ ဒုစရိုက်ဆိုတာ ရှိကိုမရှိတော့ဘူး။
ပြီးတော့ စိတ်အစဉ်မှာ ဘယ်သူ့ဆီက
ဘာရမလဲဆိုတာ စဉ်းစားနေတဲ့စိတ်က
အမြဲတမ်း လွှမ်းမိုးနေတဲ့အတွက်ကြောင့်
ပစ္စုပ္ပန်အသက်ရှင်စဉ်မှာလည်း စိတ်အေးချမ်းမှု
ဆိုတာ မရှိပါဘူး။
မအေးချမ်းတဲ့စိတ်နဲ့သေမယ်ဆိုရင်
“အပါယ်လေးဘုံ” ပဲရောက်မှာပေါ့။
ကိလေသာဖြစ်ရုံလေးတွင်မကဘူး ၊
အကုသိုလ်တွေကလည်း ကျူးလွန်သေးတာဆိုတော့
သေခါနီးမှာ ဒီအကုသိုလ်အာရုံတွေထင်လာပြီးတော့
“အပါယ်လေးဘုံ” ရောက်ပါတယ်။

တစ်ကိုယ်ကောင်းဆန်တဲ့ပုဂ္ဂိုလ် အပါယ်လေးဘုံ
ရောက်မယ်ဆိုတာ အထူးပြောစရာတောင်မလိုဘူး။
အကုသိုလ်အလုပ်ကို သတိရဖို့ အခွင့်အလမ်းပိုများနေလို့။

ကံကောင်းထောက်မလို့ လူပြန်ဖြစ်လာမယ်ဆိုရင်လည်း
တစ်ကိုယ်ကောင်းဆန်တဲ့မိဘမျိုး၊
တစ်ကိုယ်ကောင်းဆန်တဲ့ ဆရာသမားမျိုး၊
တစ်ကိုယ်ကောင်းဆန်တဲ့ ညီအစ်ကို၊ မောင်နှမ၊
ဆွေမျိုး၊ မိတ်ဆွေ၊ အပေါင်းအသင်း၊ သူငယ်ချင်းမျိုးနဲ့ပဲ
တွေ့ကြုံရမှာပဲ။ ကိုယ်က တစ်ကိုယ်ကောင်းဆန်ခဲ့တာကိုး။

-【ဆရာတော် အရှင်ဆန္ဒာဓိက(ရွှေပါရမီတောရ)】
Posted by ►
www.facebook.com/youngbuddhistassociation.mm