“ခန္တီတရား၊ သည်းခံငြား၊ စိတ်ထားဘယ်သို့ ဖြည့်သနည်း။
လူမိုက်အမှု၊ ငါပြန်ပြုလျှင်၊ သူလိုငါလဲ၊ လူမိုက်ပဲဟု၊
စိတ်ထဲတွေးဆ၊ အေးမြမြနှင့်၊ ဒေါသမထွက်၊
စိတ်မပျက်၊ သက်သက် အနာခံသတည်း။”
“ငါ့အပေါ်၌ လူမိုက်ပြုသော စော်ကားမှုကို ငါက ပြန်ပြုလျှင်
ငါလည်း သူ့လိုလူမိုက် ဖြစ်မှာပဲ” ဟု စိတ်ထဲမှာ တွေးဆ၍
ဒေါသမထွက်ဘဲ စိတ်ပျက် အားငယ်၍လည်း မနေဘဲ ၊
စိတ်အေးအေးနှင့် မိမိကသာ အနာခံလိုက်ခြင်းသည်
ခန္တီပါရမီ၏ သဘောတည်း။
- (အရှင် ဇနကာဘိဝံသ၊ ရုပ်စုံ ဗုဒ္ဓဝင် အမေးအဖြေ နှာ-၂၆)
ငါးရာ့ငါးဆယ် သရဘင်္ဂဇာတ်မှာ မင်းသုံးပါးနဲ့ သိကြားမင်းတို့
ဘုရားအလောင်း သရဘင်္ဂ ရသေ့ဆီ ရောက်လာပြီး
သိကြားမင်းက မေးခွန်းပြဿနာ မေးပါတယ်။
“ရှင်ရသေ့.. လောကမှာ
♦ဘယ်တရားကို ပယ်သတ်ရင် တစ်ရံတခါမျှ မစိုးရိမ်ရသလဲ၊
♦ဘယ်တရားကို ပယ်ရှားရင် သူတော်ကောင်းတွေ ချီးမွမ်းသလဲ၊
♦လောကမှာ ဘယ်သူ ပြောဆိုတဲ့ ကြမ်းကြုတ်တဲ့
စကားကို သည်းခံရပါ့မလဲ”
ဒီတော့ သရဘင်္ဂရသေ့က-
♦“လောကမှာ ဒေါသကို ပယ်သတ်လိုက်ရင်
တစ်ရံတခါမျှ မစိုးရိမ်ရတော့ဘူး။
♦ကျေးဇူးကန်းမှုကို မပြုရင် သူတော်ကောင်းတွေ ချီးမွမ်းပါတယ်။
♦ကိုယ့်ထက်သာတဲ့သူ၊ ကိုယ်နဲ့ တန်းတူသူ၊
ကိုယ့်အောက် နိမ့်တဲ့သူတို့ရဲ့ ကြမ်းကြုတ်တဲ့ စကားကို
သည်းခံရမယ်။ အဲဒီလို သည်းခံလိုက်ခြင်းကို အမြတ်ဆုံးလို့
သူတော်ကောင်းတွေ ပြောဆိုကြတယ်။”
ဘုရားအလောင်းရဲ့ အဖြေစကား ကြားတော့
သိကြားမင်းက မေးခွန်း ထပ်မေးပြန်ပါတယ်။
“ရှင်ရသေ့ရယ်၊ လောကမှာ ကိုယ်နဲ့ တန်းတူ၊
ကိုယ့်ထက်မြတ်တဲ့ သူနှစ်ယောက်ရဲ့ ကြမ်းကြုတ်တဲ့ စကားကို
သည်းခံရတာတော့ သည်းခံနိုင်ပါတယ်။
ဒါပေမယ့် ကိုယ့်အောက် နိမ့်တဲ့သူရဲ့ ကြမ်းကြုတ်တဲ့
စကားကိုတော့ ဘယ်လိုလုပ် သည်းခံနိုင်မှာလဲ။”
ဘုရား အလောင်းတော် ကလည်း ပြန်ဖြေပေး ပါတယ်။
♦“ကိုယ့်ထက် မြတ်သူရဲ့ ကြမ်းကြုတ်တဲ့ စကားကို
သည်းခံတာဟာ ကြောက်လို့ သည်းခံတာပဲ။
♦ကိုယ်နဲ့ တန်းတူရဲ့ စကားကို သည်းခံတာကျတော့
တကယ်လို့ သည်းမခံလိုက်ရင် ငါ့ထက်သာအောင်
ကြံစည်အားထုတ် ပြုလုပ်သွားမယ့် အပြစ်ကို မြင်လို့
သည်းခံတာ၊ ဒီသည်းခံခြင်း နှစ်မျိုးဟာ
မြတ်တဲ့ သည်းခံခြင်းတော့ မဟုတ်ဘူး။
♦ကိုယ့်အောက် နိမ့်သူရဲ့ စကားကို သည်းခံနိုင်မှ
အမြတ်ဆုံး သည်းခံခြင်းလို့ သူတော်ကောင်းတွေ ပြောကြတယ်။”
လို့ ပြန်ဖြေပေးလိုက် ပါတယ်။
သည်းခံတဲ့ နေရာမှာ တရား သဘောလေးတွေ အာရုံပြုပြီး
သည်းခံတာက ပို အဆင်ပြေပါတယ်။ အထူးသဖြင့်
ခန္တီ ပါရမီရဲ့ သဘောလေးကို အာရုံပြုပြီး သည်းခံရပါတယ်။
အာရုံဆိုး တစ်ခုကို တစ်ယောက်ယောက်က ဖန်တီးလာတဲ့ အခါ
“ငါ ခန္တီပါရမီ ဖြည့်ဖို့အတွက် ဖန်တီးပေး နေတာ၊
ဘာပဲပြောပြော ငါ့ကို ပါရမီ ဖြည့်ပေးနေသူပဲ”
လို့ ဆင်ခြင် နှလုံးသွင်းလိုက် ရင်လည်း သည်းခံဖို့အတွက်
တရားအသိ အားတွေ ဝင်လာတော့ တာပါ။
တရားအားတွေ ရင်ထဲ ရောက်လာရင် အလိုလို
သည်းခံပြီးသား ဖြစ်သွားပါတယ်။
တကယ်ဆို သူ့ကိုတောင် ကိုယ်က ပြန်သနား ရမှာပါ။
ဘာဖြစ်လို့လဲ ဆိုတော့ သူ ကိုယ့်ကို ပြောဆိုနှိမ့်ချ ကဲ့ရဲ့
နေတာက “အကုသိုလ်”ပါ။
ကိုယ် ခန္တီပါရမီ ဖြည့်နေတာက “ကုသိုလ်”ပါ။
အကုသိုလ်ဟာ အကုသိုလ်ရဲ့ အကျိုး ရှိပါတယ်။
ကုသိုလ်ဟာ ကုသိုလ်ရဲ့ အကျိုး ရှိပါတယ်။
အကျိုးပေးပုံခြင်း မတူပါဘူး။
ပြုပြီးတာနဲ့ ကံမြောက်သွားတော့ တာပါ။
ကံက ကာလ တစ်ခုမှာ အကျိုးတစ်ခုခုကို ပေးတော့ မှာပါ။
ကံရဲ့ အကျိုး အပြစ်တွေကို ဆက်ပြီး ဆင်ခြင်လိုက်မိတဲ့အခါ
ကိုယ့်အတွက် ကောင်းကျိုးဖြစ်လို့ ဝမ်းမြောက်ရ ပေမယ့်
သူ့အတွက် ကျတော့ ကာလ တစ်ခုမှာ ဆိုးကျိုး လာတော့မှာ
ဆိုတော့ သနား ကရုဏာတောင် ပြန်ဖြစ်သွားရ တာပါ။
သူ့ကို သနားစရာ သတ္တဝါလို့ ဉာဏ်ထဲမှာ ထင်လာတဲ့ အခါ
ကိုယ့်ရဲ့ သည်းခံမှုဟာ အထူး ကြောင့်ကြ စိုက်စရာ
မလိုတော့ပါဘူး။
တကယ်လို့ ကိုယ်က ဒေါသအလျှောက် ဖြတ်ကနဲ
တုန့်ပြန်မိလိုက်ရင် ဆိုးကျိုးတွေက ဆင့်ကဲ ဆင့်ကဲ
ဝင်လာတော့ တာပါ။ တချို့ ဆိုးကျိုးတွေဆို
“အပါယ် ဒုဂ္ဂတိ” အထိတောင် ဆွဲချနိုင် ပါတယ်။
ခန္တီ ပါရမီရဲ့ သဘောက ဒေါသမထွက်ဘဲ သည်းခံရမှာပါတဲ့။
အာရုံဆိုး တစ်ခုခုနဲ့ ကြုံလိုက်ရတဲ့ အခါ ပထမဆုံး ဝင်လာမယ့်
သူက “ဒေါသ” ပါ။ ဒီတော့ ကိုယ်က ဓါတ်ခံအား နည်းလို့
ဒေါသစိတ် ဝင်လာပေမယ့် ဝင်လာတဲ့ ဒေါသကို
သိလိုက်နိုင်ရ ပါမယ်။ ဝင်လာတဲ့ ဒေါသကို မသိလိုက် နိုင်ရင်
ဒေါသကို အခြေခံပြီး “သူက ငါ့ကို ဒီလိုလုပ်တော့
ငါကလည်း ဒီလို လုပ်တာပေါ့” ဆိုပြီး ဖြတ်ကနဲ အမှား
တုန့်ပြန်မှုကို ကျူးလွန်လိုက် မိရော။ တဒင်္ဂအတွင်း ဖြစ်သွားရ တာပါ။
တကယ်တော့ ရင်ထဲ ရောက်လာတဲ့ ဒေါသဟာ
ကာလ ကြာကြာကြီး တည်မနေပါဘူး။ အခိုက်အတန့် တစ်ခုပါပဲ။
ကိုယ်က ဖြစ်ဆဲ အခိုက်အတန့် လေးမှာ
ကိုယ့်ဒေါသကို သိလိုက်နိုင် ဖို့ပါ။
တကယ်လို့ ကိုယ်က ပါရမီရှင်တွေလို ပါရမီမြောက်တဲ့ ခန္တီကို
ချက်ချင်း မဖြည့်ကျင့်နိုင် သေးရင်တောင် ဖြစ်ပေါ်လာတဲ့
ဒေါသကိုတော့ ထိန်းနိုင်ရ ပါမယ်။
ဒေါသ ဖြစ်လာတဲ့အခါ ဒေါသရဲ့ ဆိုးကျိုးလေး တွေကို
ဆင်ခြင်နေလိုက် မယ်ဆိုရင်လည်း ဒေါသက
လျော့သွားတာ များပါတယ်။
ကျေးဇူးတော်ရှင် မင်းကွန်း ဆရာတော် ဘုရားရဲ့ မဟာဗုဒ္ဓဝင်
ပထမတွဲ ဒုတိယပိုင်း ထဲမှာ ဒေါသအပြစ် လင်္ကာလေး ရှိပါတယ်။
“ရုပ်ရည်ဆင်းပျက်၊ အိပ်စက် မပျော်၊ ကျိုးသော်မရ၊
ဘောဂခြွေရွေ၊ မိတ်ဆွေပျက်ပြား၊ အပါယ်လား၊
ခုနစ်ပါး ကောဓ အပြစ်တည်း။”
ဒေါသ ဖြစ်နေခိုက်မှာ ဒီလင်္ကာလေးကို အဓိပ္ပါယ် သဘောအထိ
ပါအောင် နှလုံးသွင်းပြီး ထပ်ကာထပ်ကာ ရွတ်ဆို ဆင်ခြင်နေမယ်
ဆိုရင်လည်း ဖြစ်နေတဲ့ ဒေါသ လျော့သွားပါလိမ့်မယ်။
ဆိုကျိုး နှစ်ခုစလုံးက ကြောက်စရာတွေ ချည်းပဲ ဆိုတော့
သဘော အဓိပ္ပါယ် လေးတွေကို ပေါ်နိုင်သမျှ ပေါ်အောင်
အာရုံပြုပြီး နှလုံးသွင်းပြီး ရွတ်သွားနိုင်ဖို့ လိုပါတယ်။
အာရုံဆိုးကို တွေ့ပြီး ဒေါသ ဖြစ်လို့ပဲ ဖြစ်ဖြစ်၊
ဒေါသကို အခြေခံပြီး တုံ့ပြန်မှု တစ်ခုခုကို ပြုဖြစ်လိုက်ရင်ပဲ ဖြစ်ဖြစ်၊
တစ်ဖက်သားကို အမှီပြုပြီး ကိုယ်ပါ ရှုံးရတော့ တာပါ။
ဈေးစကားနဲ့ ပြောရင် အမြတ် မရရင်တောင် အရှုံး
မရအောင်တော့ ကြိုးစားရ မှာပါ။
လောကဓံဆိုး တစ်ခုဟာ ဘယ်လောက် အထိ တည်နေမှာလဲ၊
ကိုယ်က တစ်သက်လုံး နေပါ ဆိုရင်တောင် သူက မနေပါဘူး။
ကာလ တစ်ခုပါပဲ။ ဒီကာလ အခိုက်အတန့်လေး တစ်ခုမှာ
ကိုယ်က သည်းခံလိုက်နိုင် ဖို့ပါပဲ။
ပါရမီ သဘောနဲ့ ပြောရင် ဒါန ပါရမီတို့ သီလ ပါရမီတို့ဟာ
ဖြည့်ချင်ရင် ချက်ချင်း ထဖြည့်လို့ ရပါတယ်။
ခန္တီ ပါရမီတို့ ကျတော့ အာရုံ တစ်ခုခုနဲ့ တွေ့လိုက်မှ
ကိုယ့်အတွက် ပါရမီ ဖြစ်ရတာပါ။ ဒီတော့ ကိုယ့်ကို
အာရုံဆိုး တစ်ခု လာပေးတဲ့ သူကို ကိုယ့်ကို ပါရမီ
ဖြည့်ပေးတဲ့ အတွက် တကယ်ဆို ကျေးဇူးတောင် တင်ရပါဦးမယ်။
သည်းခံတဲ့ နေရာမှာ ကိုယ်ကြားဖူး ထားတဲ့ ဂါထာလေးတွေ၊
ဇာတ်တော် ကလေးတွေ၊ ပုံဝတ္ထု ကလေးတွေ၊
လင်္ကာလေးတွေ၊ အဆုံးအမ စကားလေး တွေကို
အာရုံပြုပြီး ဆင်ခြင် သည်းခံလို့လည်း ရပါတယ်။
သည်းခံမှု ပါရမီကို ဖြည့်ကျင့်တဲ့ နေရာမှာ ပင်ကိုယ်
ဓါတ်ခံ ဗဟုသုတ တရား အသိလေး တွေလည်း ရှိဖို့ လိုပါတယ်။
စိတ်ထဲမှာ ဘာကို ပြေးသတိ ရလိုက်မိသလဲ ဆိုတော့
စံကင်း ဆရာတော် ဘုရားရဲ့ ဩဝါဒ စကားလေးပါ။
ပြဿနာ တစ်ခု ဖြစ်လာတဲ့ အခါ အလွတ် ဆုံးမတော် မမူဘဲ
တရားသဘော သက်ဝင်အောင် ဆုံးမခဲ့ပုံ လေးပါ။
တစ်နေ့မှာ ကျောင်းသား တစ်ယောက်က သူ့ခြေထောက်ကို
သေးပန်း ခံရတဲ့ အကြောင်း လာလျှောက်ပါတယ်။
အလျှောက်ခံ ရတဲ့ ကျောင်းသားက မတော်တဆ ဖြစ်ရတဲ့
အကြောင်း ပြန်လျှောက်ပြ ပါတယ်။ ဒီတော့ ဆရာတော်က-
“ဒို့ မေးပါဦးမယ်၊ မင်း ဖြေပေါ့၊ မကျေနပ် ရင်လည်း
သူ့ကို ဒဏ်ပေးရ တာပေါ့၊ အဲဒီသေးဟာ ရုပ်တရားလား၊
နာမ်တရားလား”
“ရုပ်တရားပါ ဘုရား”
“မင်း ခြေထောက်ကကော”
“ရုပ်ပါ ဘုရား”
“ရုပ် ရုပ်ချင်း ထိတာ မဟုတ်လား၊ ဒါ ရွံစရာလား”
“ရွံစရာ မဟုတ်ပါ၊ ကျေနပ်ပါပြီ ဘုရား”
“အေး ရုပ်၊ ရုပ်ချင်း ထိမိတာက အပြစ်မရှိဘူး၊
ဒါကို အကြောင်းပြုပြီး ပေါ်လာတဲ့ နာမ်က
နှလုံးသွင်း မတတ်ရင် အပြစ် ဖြစ်တတ်တယ်၊
စိတ်ဆိုးတယ် ဆိုတာ ဒါပဲ”
ကျောင်းသား ကလေးငယ်လေး တွေကို တရား သဘောနဲ့
နှလုံးသွင်းပြီး သည်းခံတတ်အောင် ဆုံးမခံပုံ လေးပါ။
အထူးသဖြင့် နာမ်က နှလုံးသွင်း မတတ်ရင်
အပြစ် ဖြစ်တတ်တယ် ဆိုတဲ့ အကြောင်းလေးပါ။
ဘယ်လိုပဲ ဖြစ်ဖြစ် အဆုံးအမ တစ်ခုခုကို အာရုံပြုပြီး
သည်းခံလိုက်နိုင်တယ် ဆိုရင်ပဲ ကိုယ့်အတွက်
မရှုံးတော့ပါဘူး။
တစ်ခါတလေ ဒေါသအလျှောက် သည်းမခံနိုင်ဘဲ
ပက်ကနဲ ပြန်ပြောလိုက်မိ တဲ့အခါ ပြောတုန်းကတော့
ကျေနပ်သလို ရှိပေမယ့် နောက်ရက် ကျတော့
စိတ်မကောင်း သိပ်ဖြစ်ရတာပါ။
အထူးသဖြင့် ဘာမဟုတ်တာ လေးနဲ့ ကိုယ့်အတွက်
အကုသိုလ် ဖြစ်သွားရတာ သိပ်ရှုံးရ တာပါ။
အမှန်တော့ တရားရဲ့ သဘောက သိဖို့နဲ့ ကျင့်ဖို့ရယ်ပါ။
အာရုံတစ်ခုနဲ့ တွေ့လို့ တရား သဘောနဲ့ ယှဉ်ပြီး
ကျင့်သုံးလိုက် ရရင် ကိုယ့်ကိုယ်ကို သိပ်အားရ
ကျေနပ် ရတာပါ။ အရသာကောင်း တစ်ခုကို သိသွားရင်
နောင် ကျင့်သုံးဖို့ မခက်လှတော့ ပါဘူး။
“ေဩာ်.. ငါဟာ မြတ်စွာ ဘုရား စကားကို နားထောင်လိုက်တဲ့ သူပဲ”
ဆိုပြီး ကိုယ့်ကိုယ်ကို ကျေနပ်မှုနဲ့ အတူ ကြည်ညိုမှုပါ ဖြစ်ရတော့ တာပါ။
“သည်းခံရမယ်” ဆိုတော့ နေရာတကာ ခေါင်းငုံ့ပြီး
သည်းခံရမှာလား ဆိုတော့ အဲဒီလိုလည်း မဟုတ်ပါဘူး။
ဒါနဲ့ ပတ်သတ်ပြီး သီလက္ခန် အဋ္ဌကထာ နှာ-၅၃ မှာ ဖွင့်ပြထား ပါတယ်။
မဟုတ်မမှန် တာကို မဟုတ် မမှန်တဲ့ အတိုင်း ပြန်ဖြေရှင်းရမယ်လို့ ဆိုပါတယ်။
ဖြေရှင်းတဲ့ နေရာမှာ အပြစ်ပြောတဲ့ နေရာမှာသာ ဖြေရှင်းရ မှာပါ။
တခြား နေရာတွေမှာ လိုက်ပြီး ဖြေရှင်းနေစရာ မလိုပါဘူး။
“သင်ဟာ သီလ မရှိတဲ့သူပဲ၊ သင့်ဆရာဟာ သီလ မရှိတဲ့ သူပဲ။
သင်ဟာ ဒီလို ဒီလို အမှုကို ပြုထားတယ်၊
သင့်ဆရာဟာ ဒီလို ဒီလို အမှုကို ပြုထားတယ်”
အဲဒီလို ပြောဆိုလာရင် သည်းခံမနေ ရပါဘူးတဲ့။
သည်းခံနေရင် တစ်ဖက်က ယုံမှား သံသယ ဖြစ်သွားတတ် ပါတယ်တဲ့။
အဲဒီ အခါမျိုးမှာ ဒေါသ မဖြစ်စေဘဲ အပြစ်ကို ဖြေရှင်းရမယ်လို့ ဆိုပါတယ်။
တကယ်လို့ သင်ဟာ “ကုလားအုပ်ပဲ၊ နွားပဲ” စသည်ဖြင့်
ပြောဆို စွပ်စွဲကဲ့ရဲ့ လာရင်တော့ ပြောဆိုလာတဲ့ သူကို
လျစ်လျူရှုပြီး သည်းခံနေလိုက်ပါတဲ့။
ဒါ စာမှာ ဖွင့်ပြထား တာကို ခပ်ကျဉ်းကျဉ်း ရေးပြတာပါ။
“အဓိကကတော့ ကိုယ့်ရဲ့ဂုဏ်သိက္ခာ၊
သီလကို စော်ကားလာရင်တော့ ဒေါသမထွက်ဘဲ
မဟုတ်မှန်တာကို မဟုတ်မှန်တဲ့ အတိုင်း
ပြန်ဖြေရှင်း ရမယ်လို့ ဆိုထားပါတယ်။
ဖြေရှင်းတဲ့ နေရာမှာလည်း ဒေါသမထွက်
စိတ်မဆိုးဘဲ ဖြေရှင်းရမယ်လို့ ဆိုထားပါတယ်။
ဒေါသနဲ့ သွားဖြေရှင်း ရင်တော့ စာနဲ့ ဆန့်ကျင်ဘက် ဖြစ်သွားပါလိမ့်မယ်။
ဝိပဿနာ သဘောနဲ့ ကြည့်လိုက်ရင် လောကမှာ ဘာမှ မမြဲပါဘူး။
သူလည်း မမြဲပါဘူး။ ကိုယ်လည်း မမြဲပါဘူး။
မမြဲတာကို မမြဲဘူးလို့ ဝိပဿနာ သဘောနဲ့ သိလိုက်ရတဲ့
အချိန်မှာ သူ့ကို အလိုလို ခွင့်လွှတ်ပြီးသား ဖြစ်သွားပါတယ်။
လူတစ်ယောက်ရဲ့ ဘဝမှာ နိဗ္ဗာန် ရောက်ဖို့သာ အဓိက
ဆိုတော့ သူ့အတွက် အချိန်ကုန်ခံ မနေချင်တော့ ပါဘူး။
နိဗ္ဗာန် ရဖို့အတွက် အချိန်ဟာ ကိုယ့်အတွက်
ရွှေထက်တောင် တန်ဖိုး ရှိနေတာ ဆိုတော့
ရလာတဲ့ အချိန်ကိုပဲ ကိုယ့်အတွက် အသုံးချရတော့ မှာပါ။
အဓိက ကတော့ မမြဲတဲ့ သဘောလေး တွေကို
မမြဲဘူးလို့ သိလိုက်ဖို့ ပါပဲလေ။
ဘာပဲပြောပြော ကိုယ်က ခန္တီ ပါရမီကို ဖြည့်ကျင့်ချင်တဲ့ သူပါ။
တကယ်လို့ အာရုံဆိုး တစ်ခုကို တွေ့ပြီး သည်းခံဖို့ ခက်နေရင်
မြတ်စွာဘုရား ရှေ့ကို သွားလိုက်ပါ။ လက်အုပ်ကလေး ချီပြီး
“မြတ်စွာဘုရား ဘုရား တပည့်တော် ဒီနေ့ တစ်နေ့တာ
မြတ်စွာဘုရားကို ခန္တီ ပါရမီနဲ့ ပူဇော်ပါမည် ဘုရား” လို့
အဓိဋ္ဌာန် လိုက်ပါ။ စိတ်ထဲ မှာလည်း
“ငါ မြတ်စွာ ဘုရားကို ခန္တီ ပါရမီနဲ့ ပူဇော်နေတယ်၊
ငါ မြတ်စွာ ဘုရားကို ခန္တီ ပါရမီနဲ့ ပူဇော်နေတယ်” လို့
တွေးတွေးနေရ ပါမယ်။ ကြုံလာတဲ့ အာရုံကိုလည်း
“ငါ မြတ်စွာ ဘုရားကို ခန္တီ ပါရမီနဲ့ ပူဇော်ပြီး ၊
သူ့ကို သည်းခံမယ်” လို့ နှလုံးသွင်းပြီး သည်းခံပစ်လိုက်ပါ။
ဒါဆိုရင် ကိုယ့်ရင်ထဲကို ခန္တီ ပါရမီ ရောက်လာပါလိမ့်မယ်။
ကဲ.. စာဖတ်သူ မြတ်စွာဘုရားကို ခန္တီ ပါရမီနဲ့ ပူဇော်ပြီး
သည်းခံကြည့်ပါလား၊ အဆင်ပြေသွား ပါလိမ့်မယ်။
ကျမ်းကိုး။ ။မဟာဗုဒ္ဓဝင် ပထမတွဲ၊ ပထမပိုင်း- ဒုတိယပိုင်း။
(တိပိဋက မင်းကွန်း ဆရာတော် ဘုရား)
- 【ဆရာတော် အရှင်ရာဇိန္ဒ (ရဝေနွယ်- အင်းမ)၏
မြင့်မြတ်သူတို့ရဲ့ အလုပ် စာအုပ်မှ-】
Dhamma Dãna Source ►
www.facebook.com/youngbuddhistassociation.mm