မဂ်ပေါက်ဖိုလ်ရောက် တရားထူး တရားမြတ်များရသည်အထိ
အားထုတ်မည်ဟု ရည်မှန်းပြီး အမှတ်တွေဆက်အောင်ရှုနေကြ
သည့် ပုဂ္ဂိုလ်များအတွက် အလွန်နည်းယူဖွယ်ကောင်းပါတယ် ။
ရှေးအခါက မထေရ်ကြီးတစ်ပါး မဂ်ရောက်ဖိုလ်ပေါက်တရား
အားထုတ်နေတယ် ၊ အမှတ်သတိမပါပဲနဲ့ ဘယ်အရာမှမပြု
လုပ်ဘူး ၊ အမှတ်နဲ့ချည်းအကုန်လုံး ထိုင်တာ ထတာ ကွေးတာ
ဆန့်တာ ကိုင်တာ ယူတာတွေကို အမှတ်သတိနဲ့ အမြဲပြုလုပ်
နေတယ် ၊ မဂ်ရောက်ဖိုလ်ပေါက် တကယ်တမ်းအားထုတ်နေတာ
ဖြစ်တယ် ။
တစ်နေ့သောအခါ တပည့်ရဟန်းများက လာပြီးကန်တော့ကြ
တယ် ၊ ငယ်ငယ်ကအတူတကွ နေထိုင်ခဲ့တဲ့ တပည့်တွေနဲ့တွေ့
တော့ ဝမ်းမြောက်ဝမ်းသာ စကားပြောဖြစ်ကြတယ် ၊ စကား
ပြောရင်းမေ့ပြီး လက်ကိုအမြန်ကွေးလိုက်တယ် ၊ ကွေးပြီးမှ ဆ
ရာတော်ကြီး သတိရသွားတယ် ၊ အို…အမှတ်သတိမပါပဲနဲ့
လက်ကိုကွေးလိုက်မိပြီ ဟုသိသွားပေသည် ၊ သိသိချင်းလက်ကို
အသာအယာ ပြန်ဆန့်လိုက်တယ် ၊ ဤကဲ့သို့ အမြန်ကွေးလိုက်
ပြီးမှ အသာအယာပြန်ဆန့်တာ ၊ အသာအယာပြန်ကွေးတာကို
တပည့်ရဟန်းငယ်များ မြင်ကြရသောကြောင့် လျှောက်ထားမေး
မြန်းကြသည် ။
"ဆရာတော်ဘုရား … ဆရာတော်ဘုရားသည် လက်ကိုအမြန်
ကွေးတော်မူလိုက်ပြီးမှ အသာအယာပြန်ဆန့်ကာ အသာအယာ
တဖန်ပြန်၍ ကွေးတာကို တပည့်တော်တို့တွေ့မြင်ကြရပါတယ်
ဘုရား ၊ အဘယ်အကြောင်းကြောင့် ယခုလိုပြုလုပ်တာပါလည်း
ဘုရား " ဟုမေးမြန်းလျှောက်ထားကြသည် ၊ " တပည့်တို့ ဆရာ
တော် ဝိပဿ နာတရား စ၍ အားထုတ်သည်မှ ယနေ့တိုင်
အောင် အမှတ်သတိမပါပဲ ဘယ်အမူအယာကိုမှ မပြုလုပ်ခဲ့ဘူး
ပေ ၊ ယခုအခါ ငယ်ရွယ်စဉ်က အတူတကွ နေရသည့် ငါ့ရှင်
တို့နှင့် ပြန်တွေ့ရ၍ ဝမ်းမြောက်ဝမ်းသာ စကားပြောရာ၌ အ
မှတ်သတိမပါပဲ မေ့ပြီး ကွေးမိသွားတာကြောင့် ယခုလိုပြန်
ဆန့်ပြီး အမှတ်သတိဖြင့် ပြန်ကွေးရခြင်းဖြစ်တယ် "မိန့်ကြား
လိုက်ပါတယ် ။
သဒ္ဓမ္မရံသီရိပ်သာဆရာတော် အရှင်ကုဏ္ဌလာဘိဝံသ၏
ဣန္ဒြေထက်ကြောင်းကိုးပါးတရားတော်