ဘဝမမေ့ တရားတွေ့
•••••••••••••••••
အဆုံးအမသြဝါဒဆိုတာ နည်းသည်များသည် ၊ သေးသည်ကြီး
သည် ၊ ယုတ်သည်မြတ်သည်မဟုတ် ၊ ယူတတ်တဲ့ပုဂ္ဂိုလ်ဆိုရင်အ
ဆုံးအမလေး နည်းနည်းနဲ့လည်း အကျိုးများတာပဲ ၊ သတ္တဝါတွေ
ဟာ ဘဝကို မေ့မေ့သွားတတ်တယ် ၊ ဘဝမမေ့အောင်နေရမယ်
သံဝေဂတရားကို စိတ်မှာအမြဲထားပြီး လောကီလောကုတ္တရာ
သဒ္ဓါတရားပြည့်အောင်ထားရမယ် ၊ သဒ္ဓါတရားမရှိရင် ဘာကု
သိုလ်မှမဖြစ်ဘူး ၊ သဒ္ဓါတရားကို အရင်းခံပြီးကုသိုလ်မျိုးစုံဖြစ်ရ
တယ် ။

မြတ်စွာဘုရားသက်တော်ထင်ရှားရှိစဉ် အရှင်အာနန္ဒာကိုယ်တော်
မြတ်ကြီး ဆွမ်းခံကြွတော့ ပုဆိုးနွမ်းလေးဝတ်ပြီးတောင်းစားနေ
တဲ့ ကလေးတစ်ယောက်ကို ရဟန်းဝတ်ပေးဖို့ ကျောင်းခေါ်သွား
ပြီး အရှင်အာနန္ဒာကိုယ်တိုင် သေချာကြေးတွန်းပြီး ကိုယ်တိုင်
ရေချိုးပေးတယ် ၊ ရေချိုးပေးပြီး တစပဉ္စကကမ္မဋ္ဌာန်းပေးပြီး ရဟန်း
ဝတ်ပေးလိုက်တယ် ၊ အရှင်အာနန္ဒာရဲ့တပည့်ဆိုတော့ လူသူလေး
ပါးကကြည်ညိုကြပြီး အဝတ်ကောင်း အစားကောင်းလှူဒါန်းကြ
တော့ ကောင်းစွာနေထိုင်စားသောက်ရတယ် ၊ တရားဓမ္မမှတ်သါး
ပြီး အသားအရေဝဖြိုးလာတော့ စိတ်ကကိလေသာစိတ်ဝင်လာ
တယ် ၊ ရဟန်းဘဝမပျော်ပဲ လူထွက်ချင်လာပြီ ။

အဲဒီလိုကိလေသာစိတ်ဖြစ်လာတိုင်း သစ်ပင်တစ်ပင်မှာချိတ်ထား
တဲ့ လူ့ဘဝတုန်းက ပုဆိုးနွမ်းနဲ့ခွက်စုတ်ကလေးကို သွားသွား
ကြည့်ပြီး သူ့ကိုယ်သူဆုံးမနေတယ် ၊ " အရှက်မရှိတဲ့အကောင် ၊
နင့်ဘဝက ဒီပုဆိုးစုတ်ကနေ ရေစစ်ကလေးတောင်လုပ်စရာမရှိ
တဲ့ မပိုင်တဲ့ဘဝက အခုလိုအကောင်းစားတွေနဲ့နေရ ၊ မြတ်တဲ့အ
စားအစာစားရ ၊ ကောင်းတဲ့နေရာထိုင်ခင်းတွေနဲ့နေရတာကို မ
ပျော်ပိုက်ပဲ ဒီပုဆိုးနွမ်းလေးနဲ့ တောင်းစားဖို့ကြံနေတာ နင့်
လောက်အရှက်မရှိတဲအကောင် မရှိတော့ဘူး " သူ့ကိုယ်သူဆုံးမ
နေတာ ၊ ဒီတော့စိတ်ကငြိမ်သွားတယ် ၊ ဒီလိုပဲအားထုတ်လို့အသါး
အရေပြည့်ဖြိုးလာရင် ကိလေသာစိတ်ဝင် လူထွက်ချင်လာပြီ ။

အဲဒီလိုကိလေသာစိတ် မကြာမကြာဖြစ်ပေါ်တိုင်း ဆုံးမလိုက် ၊ လူထွက်ချင်စိတ်ပေါက်လိုက် ၊ ပုဆိုးစုတ်လေးဆီသွားလိုက်နဲ့ ကြိမ်
ဖန်များစွာ မရေတွက်နိုင်အောင် သွားလာခဲ့တယ် ၊ သွားရင်းလာ
ရင်း သူ့ကိုယ်သူဆုံးမလာရင်းနဲ့ ရဟန္တာဖြစ်သွားတယ် ၊ ပုဆိုး
စုတ်လေးဆီ သွားတိုင်းဘေးကရဟန်းဖော်များက ဘယ်သွားနေ
လည်းလဲလို့မေးရင် ဆရာ့ဆီသွားနေတာလို့ပြန်ပြောတယ် ၊ ပုဆိုး
စုတ်နဲ့ ခွက်စုတ်လေးကိုဆရာအနေနဲ့ တင်စားခေါ်တာ ၊ ရဟန္တာ
ဖြစ်တော်မူလို့မသွားတဲ့အခါမေးတော့ ဆရာနဲ့တပည့်သံသဂ္ဂပြတ်
သွားပါပြီလို ပြောလိုက်တယ် ။

ရဟန်းတော်များက မြတ်စွာဘုရားကိုလျှောက်တင်တဲ့အခါ " အို
ရဟန်းတော်မြတ်တို့ အဆုံးအမကောင်းရတဲ့ပုဂ္ဂိုလ်ကပြတ်သွားပြီ
ဒီအဆုံးအမကောင်းနဲ့ပဲ တရားရသွားပြီ ၊ အဲဒီလိုကျင့်ကြံတော့
သူ့မှာထိတ်လန့်တဲ့သံဝေဂနဲ့ အားထုတ်မှုဝီရိယ ၊ ယုံကြည်တဲ့
သဒ္ဓါတရားတို့ ၊ သမာဓိတို့ ၊ ဆုံးဖြတ်တတ်တဲ့ဉာဏ်တို့ကြောင့်
ဝဋ်ကိုစွန့်လွှတ်ပြီးတော့ အေးချမ်းတဲ့နိဗ္ဗာန်ကို ရောက်သွားပြီ ၊
အလိုလိုရောက်သွားတာမဟုတ်ဘူး ၊ အဆုံးအမကောင်းလို့
ရောက်တာ ၊ တစ်နည်းပြောရရင် ဘဝမမေ့လို့ပဲ ။

ဓမ္မဒူတ အရှင်ပညာဇောတ