“ကဿပဘုရားရှင်ကို နှုတ်ဖြင့်
စော်ကားခဲ့သော လယ်ထွန်ယောက်ျားပြိတ္တာဘဝ”
••••••••••••••••••••••••••••••••••••••••••••••••••••••••••
သီဟိုဠ်ကျွန်း သာသနာခေတ်ကာလ ဖြစ်ပါသည်။
ရဟန်းတော်များသည် မဟာဗောဓိပင်ကို
ဖူးမြော်ရန် မိမိတို့နေရာမှ ထွက်ခွာခဲ့ကြသည်။
❖တောအုပ်တစ်ခုထဲသို့အဝင်တွင် ဆင်းသွားရာ
လမ်းကိုလိုက်မိပြီး မျက်စိလည်လမ်းမှားကာ
ခုနှစ်ရက်လုံးလုံး တောထဲ လှည့်ပတ်သွားနေရသည်။
❖ခုနှစ်ရက်မြောက်နေ့တွင် တောအလယ်၌
သံထွန်ဖြင့် နွားကြီးများက,လျက် လယ်ထွန်နေသော
ပြိတ္တာတစ်ယောက်ကို တွေ့ကြလေသည်။
ရဟန်းတို့သည် ထိုပြိတ္တာကို လူသားစစ်စစ်ထင်ပြီး
တောလမ်းခရီးအထွက်ကို စုံစမ်းမေးမြန်းကြလေသည်။
❖“ဒါယကာ...ငါတို့သည် မဟာဗောဓိဖူးရန်
ခရီးထွက်ခဲ့ကြရာ ဤတောအုပ်အရောက်တွင် လမ်းမှားပြီး
ခုနှစ်ရက်လုံးလုံးတောထဲ၌ လှည့်လှည်နေရပါသည်။
တောအုပ် အထွက်လမ်းကိုသိလျှင် လမ်းညွှန်မှု ပြုပါ”
❖“အရှင်ဘုရားတို့မှာ
ခုနှစ်ရက်မျှသာလမ်းမှားကြသည်။
မကြာလှသေးပါ။
တပည့်တော်မှာကား အန္တရကပ်တစ်ခုလုံး
လမ်းမှား၍ ဆင်းရဲဒုက္ခ ရောက်နေရပါသည်။
အရှင်ဘုရားတို့ကို လမ်းမညွှန်နိုင်ပါ။”
❖“ဒါယကာ...
သင်လမ်းမှားသည်မှာ ကြာလှချည်လား။
အဘယ့်အတွက်ကြောင့် ဤမျှကြာအောင်
လမ်းမှားနေရပါသလဲ။
အဘယ့်ကို ပြုလုပ်မိခဲ့ပါသလဲ”
❖“အရှင်ဘုရားတို့ 。。。。
တပည့်တော်သည် ကဿပဘုရားရှင်ပွင့်စဉ်က
လယ်ထွန်ယောက်ျား ဖြစ်ခဲ့ပါသည်။
ထိုအချိန်က ကာသိတိုင်း ဗာရာဏသီပြည်၌
“ကီကီ”အမည်ရှိသောမင်းပြုပါသည်။
ထိုအချိန် ကဿပဘုရားရှင်သည် ထိုမြို့ကို
အမှီပြုနေတော်မူလျက် သတ္တဝါတို့ကို
အစဉ်သနားတော်မူဖြင့် ဒေသစာရီ
လှည့်လည်တော်မူပါသည်။
ကဿပဘုရားရှင်သည် တပည့်တော်တို့
ရွာသို့ ရောက်လာပါသည်။ ရွာသားများက
အုတ်အုတ်ကျက်ကျက် ကြိုဆိုကြပြီး
ပူဇော် လှူဒါန်းကြပါသည်။
❖ထိုအချိန်မှာ တပည့်တော်က လယ်ထွန်
ထွက်ခဲ့ပါသည်။ တပည့်တော် အကျိုးစီးပွားကို
အလိုရှိသောမိတ်ဆွေက တပည့်တော်ကို သနားသဖြင့်-
“မိတ်ဆွေ...ကဿပဘုရားရှင်ကြွလာတော်မူသည်၊
လာပူဇော်လှည့်ပါ”ဟု ဖိတ်ကြားပါသည်။
✤“သင်တို့ ကဿပဘုရားရှင်က ငါ့ကို လယ်ထွန်ပေးလျှင်
ငါပူဇော်မည်၊ မထွန်ပေးလျှင် ငါမပူဇော်နိုင်ဘူး”
ဟု လွန်လွန်ကျူးကျူး ပြောဆိုမိခဲ့ပါသည်။
✤ဤကဲ့သို့ပြောမိသော
“နှုတ်ထွက်ဝစီ စကားကြမ်း” ကြောင့်
ထိုဘဝသေသော် အတိုင်းမသိသော
ဆင်းရဲဒုက္ခရသော ပြိတ္တာဘဝသို့ရောက်ရပြီး ၊
ယခု အရှင်ဘုရားတို့ မြင်သည့်အတိုင်းပင်
“လယ်ထွန်ပြိတ္တာ” ဖြစ်နေရပါသည်။
✤ပြိတ္တာဘဝ စတင်ရောက်သည့်နေ့မှစ
စားရ၊ သောက်ရ၊ အိပ်ရ၊ နေရသည်မရှိ။
နေ့ရောညပါ အခါခပ်သိမ်း အမြဲလယ်ထွန်နေရပါသည်။
ထွန်နေသောတပည့်တော်၏ထွန်တုံး၊ ထွန်သွား၊ ထမ်းပိုး၊
ကြိုးတို့သည် အလျှံတပြောင်ပြောင် တောက်လောင်လျှက်
တပည့်တော်ကို လောင်နေပါသည်။
✤ဤမြေကြီး ခုနှစ်ဂါဝုတ် မြင့်တက်လာသော်လည်း
တပည့်တော် ဒီပြိတ္တာဘဝက မလွတ်ရသေးပါ။
“ဒါထက် အရှင်ဘုရားတို့က မည်သူ၏
တပည့်များဖြစ်ကြပါသလဲ” ဟု ပြိတ္တာက
သူ့ဘဝဖြစ်စဉ်ကိုပြောပြပြီး ရဟန်းတို့ကိုမေးသည်။
“ငါတို့က ကဿပဘုရားရှင်ပွင့်ပြီးနောက်
နောက်ထပ် ထပ်မံပွင့်တော်မူလာသော
ဂေါတမဘုရားရှင်၏ တပည့်ရဟန်းသံဃာများ
ဖြစ်ကြပါသည်။
✤“အံ့သြစရာကောင်းပေစွ။
ဂေါတမဘုရားရှင်သည်ပင်
လူတွင် ထင်ရှား ဘုရားဖြစ်အောင် ကျင့်ပြီး
ဘုရားဖြစ်ခဲ့ပေပြီ။ ငါမူကား မစူးစမ်း မဆင်ခြင်၊
ရမ်းကားသောနှုတ်ဖြင့်၊ ကြမ်းကြုတ်သောစကားဖြင့်
ကဿပဘုရားရှင်ကို စော်ကား မော်ကား ပြောဆိုမိသော
အကုသိုလ်ကြောင့် ဤမြေကြီးခုနှစ်ဂါဝုတ်လောက်
အထက်မြင့်တက်သော်မှ ဤဆင်းရဲသောပြိတ္တာဘဝမှ
မလွတ်ရသေးပါကလား။ ဤ ဘဝတစ်ဖန်
လွတ်ပြန်သော်လည်း အဝီစိငရဲမှာ ခံရဦးမှာပါကလား”
လယ်ထွန်ပြိတ္တာသည် သူ၏တစ်ခဏ မဆင်မခြင်
ပြောဆိုမိသောစကားကြောင့် အန္တရကပ်တစ်ခုလုံး
ခံစားနေရသော ပြိတ္တာဆင်းရဲဘဝကို ယူကြုံးမရ
ဝမ်းနည်းပက်လက်ဖြစ်ကာ မျက်ရည်များကျလျက်
ပြောပြရှာလေသည်။
မဆင်မခြင်သော နှုတ်ထွက်စကားကြမ်းသည်
“တစ်စက္ကန့် တစ်မိနစ်” မျှသာ ကြာသော်လည်း
ထိုစကားကြောင့်ခံရသောဆင်းရဲကား
ဘဝအသင်္ချေအနန္တဖြစ်သည်ကို
ဤ “လယ်ထွန်ယောက်ျားပြိတ္တာ”အဖြစ်အပျက်က
ထင်ရှားစွာ နမူနာပြနေပါသည်။
-【စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist Association】
-【လောကဒီပကကျမ်း 】
-【မဟာသဒ္ဓမ္မဇောတိကဓဇ တက္ကသိုလ် သျှင်သီရိ
(ဓမ္မစရိယ၊ ဘီအေ)】