"နိဗ္ဗာန်ရမည့် လူများသို့ လျှို့တရားတို့ နည်းပေးပြီ"
ကိုယ့်ခန္ဓာမှာ အမြဲမပြတ်၊ ဖြစ်ပြီးပျက် မွေးပြီးသေနေတဲ့ ရုပ်မသာ နာမ်မသာတွေကို..ဂရုတစိုက်နဲ့ ကြည့်
ကြ၊ ကြည့်ဖန်များလာတော့ မသာတွေဟာ ကြည့်လို့ မဆုံးနိုင်အောင်ကို..မြင်ရလိမ့်မယ်၊ ဖြစ်ပြီးရင်း ပျက်
ရင်း၊ ဖြစ်ပြီးရင်း ပျက်ရင်းနဲ့ ဖြစ်ပျက်ကလွဲပြီး ဘာမှ မရှိပါကလားလို့..ဉာဏ်ဝမှာ အမှန်သိမြင်လာမယ်၊
ရှုဖန်များလာလေလေ ကြားခိုတဲ့ ကိလေသာ ပါးလာလေလေ၊ ကိလေသာပါးလေ ရှုဉာဏ်အားကောင်း
လေ၊ ဖြစ်ပျက်တွေ များများ မြင်လာလေပါပဲ။ ထပ်ပြီးတော့ ပြောပါဦးမယ်၊ ပထမအဆင့်အနေနဲ့ ဒိဋ္ဌိနဲ့
ဝိစိကိစ္ဆာကို ပယ်ရ သတ်ရလိမ့်မယ် အဝိဇ္ဇာနဲ့ တဏှာကိ်ု အရင်သတ်စရာ မလိုသေးပါဘူး၊ ဒီဒိဋ္ဌိက ဘယ်
မှာ..အများဆုံးကိန်းပါသလဲဆိုတော့၊ ခန္ဓာငါးပါးရှိတဲ့အနက် ဝိညာဏက္ခန္ဓာဆိုတဲ့..စိတ်မှာ အများဆုံး ကိန်း
ပါတယ်၊ ငါ့စိတ်လာမစမ်းကြနဲ့၊ ငါ့စိတ်က သိပ်မြန်တယ်၊ ငါစိတ်ထင်တိုင်း လုပ်လိုက်ရရင်၊ ခက်ကုန်ကြ
လိမ့်မယ်နဲ့..ငါ ငါ့ဥစ္စာဆိုတဲ့ အတ္တနဲ့ အတ္တနိယဆိုတဲ့ ငါစွဲဟာ စိတ်မှာ အစွဲဆုံး။
ဘယ်မှာ ငါ့စိတ် ဟုတ်လိမ့်မလဲ၊ မျက်စိနဲ့ အဆင်းရှုပါရုံနဲ့..နားနဲ့ အသံနဲ့ အကြောင်းနှစ်ခုတို့ တိုက်ဆိုင်
တိုင်း မြင်စိတ်ကြားစိတ် ဖြစ်ကြတာပဲ၊ မြင်စိတ်ဆိုတာ မျက်စိမှာပေါ်တာ၊ ပေါ်တဲ့နေရာ ချုပ်ပျေက်သွား
ကြတာပဲ၊ စိတ်ကလေးတစ်ခု ချုပ်ပျောက်သွားလိုက်၊ နောက်အစားထိုးတဲ့ စိတ်ကလေးတစ်ခု ပေါ်လိုက်
ဒီနေရာမှာပဲ ချုပ်ပျောက်သွားလိုက်နဲ့ ဒီလိုပဲ..ဓမ္မတာအတိုင်း ဖြစ်နေကြတာကို၊ ငါလို့ ငါစိတ်လို့ ဆိုလို့
ရကြပါမလား၊ ဒိဋ္ဌိကဝင်နှောက်ရှက်တော့၊ ခင်ဗျားတို့မှာ ငါ့စိတ်လို့ လုပ်နေကြတယ်၊ ငါလိို့ လုပ်နေကြ
တယ်၊ ဒီဒိဋ္ဌိဟာ စိတ်မှာ အများဆုံးစွဲတာ ဖြစ်တဲ့အတွက်၊ သောတာပန် ဖြစ်ချင်ရင် ဒိဋ္ဌိကို အရင်ပြုတ်
အောင်၊ ဖြုတ်ရလိမ့်မယ်..ဒိဋ္ဌိပြုတ်ရင် ဝိစိကိစ္ဆာဟာ အလိုလို ပြုတ်ပြီးသားပဲ။ ခန္ဓာကိုသာ သတိထား
ဝိရိယစိုက် ပညာနဲ့ရှု ဝိပဿနာ အလုပ်ဆိုတာ သမာဓိ ဦးစီးသောအလုပ်မဟုတ်၊ သမ္မာဒိဋ္ဌိဆိုတဲ့ ဉာဏ်
ပညာ ဦးစီးသော အလုပ်၊ ပါရမီမလိုပါဘူး နှလုံးသွင်းမှန်ဖို့နဲ့ အလုပ်မှန်ဖို့သာ လိုပါတယ်၊ အလုပ်မှန်ဖို့
ဆိုတာ..ရှေ့က ဖြစ်ပျက်နဲ့ နောက်က မဂ်တို့ ကိုက်တာကို ဆိုလိုပါတယ်၊ ရှေ့စိတ်ကလေးကို နောက်
ဉာဏ်ကလေးနဲ့ အကဲခတ်နေတဲ့ အလုပ်ပါပဲ။
နေရေးမကောင်းလျှင် သေရေးလည်း မကောင်းနိုင်ပါ၊ နေရေးကောင်းပါမှ သေရေးကောာင်းကြပါမည်၊
ပြင်ချိန် ဆင်ချိန်ရှိတုန်း ပြင်ကြဆင်ကြဖိို့ ဖော်ပြောနေတယ်မှတ်ကြပါ၊ ပြင်ကြဆင်ကြဆိုတာ ကိုယ့်ခန္ဓာ
ကို ကိုယ့်ကြည့်ပြီး..ဝိပဿနာလုပ်ကြတော့လို့ ပြောတာပါ၊ ခန္ဓာထဲမှာ ဉာဏ်နဲ့ ကြည့်လိုက်တဲ့အခါကျ
တော့ ဝေဒနာကလေးတွေ ဖျတ်ဖျတ် ဖျတ်ဖျတ်နဲ့ ရေပွက်ပမာ ပျက်နေကြတယ်၊ စိတ်ကလေးတွကလည်း
ရေမြှုပ်ပမာ တစ်ခါတည်း ပျက်ပျက် ပျက်ပျက်နေတာကလေးတွေကို မြင်ပြီဆိုမှဖြင့် ခန္ဓာပေါ်ခင်တဲ့
တဏှာပါသွားပြီး။ နောက် မြင်တိုင်းတွေ့တိုင်း အာရုံတွေကို ကြည့်လိုက်ပြန်တော့ စကဆုပ်စရာတွေပါ
ကလားလို့ ဖြစ်လာတယ်၊ ဒီနေရာမှာ ဖြစ်ပျက်နေတာကို မြင်တာ ဒုက္ခသစ္စာ သိတာပါ။
မရှုဘဲနေလျှင် ခန္ဓာနှင့် တဏှာတွဲနေသည်၊ ရှုလိုက်ပြန်လျှင် ခန္ဓာနှင့်တဏှာကွဲသွားပြီး၊ ခန္ဓာနှင့် ပညာ
တွဲသွားသည်၊ မရှုမသိလျှင် ခန္ဓာနှင့် တဏှာတွဲသည်၊ ရှုကြည့်လျှင် ခန္ဓာနှင့် ဉာဏ်နှင့်တွဲသည်၊ စောင့်
ကြည်လျှင် သိမည်။ ဒုက္ခသစ္စာနှင့် ဉာဏ်နဲ့ခွဲပြီး သုခသစ္စဟူသော..နိဗ္ဗာန်နှင့် ဉာဏ်နှင့်သွားတွဲသည်၊
ဉာဏ်သည် အမှန်မြင်ဖို့ ဖောက်ပြန်ပျက်စီးတာ မြင်ဖန်များတော့ မကြည့်ချင် မမြင်ချင် ဖြစ်လာခြင်း
သည်..ဉာဏ်တက်လာခြင်း ဖြစ်၏၊ ထ မပြေးလိုက်ပါနှင့် ဒါဖြင့် နိဗ္ဗာန်သည် ဘယ်သူက ဖုံနေတယ်ဆို
တာ..ယနေ့ တရားမှာ ပေါ်ပါပြီ။ ဘယ်သူက ဖုံဖိနေသတုံးဆို အဝိဇ္ဇာနဲ့ တဏှာ ဖုံးဖိနေတယ်၊ ကိုင်း မင်း
ကွယ်ထားတာကို ဒို့က ဖွင့်ကြည့်မယ်ဆိုပြီး နိဗ္ဗာန်ကို မကြည့်နဲ့၊ နိဗ္ဗာန်ကို ဘယ်တော့မှ မကြည်နဲ့ နှိပ်
စက်တာကို ကြည့်၊ ဒုက္ခဝေဒနာ နှိပ်စကပြန်ပြီ..သညာက နှိပ်စက်ကပြန်ပြီ..ခန္ဓာငါးပါးစလုံး နှစ်စက်
တတ်တဲ့တရားပဲ။
ကိစ္စဉာဏ်နဲ့ ကြည့်လိုက်တော့ တစ်ကိုယ်လုံးမှာ ဒကာ ဒကာမတို့ ကိုယ့်ကိစ္စမရှိဘူး၊ သူနှိပ်စက်လို့ ပြု
ပြင်နေရတဲ့ ကိစ္စနဲ့ပဲ အချိိန်ကုန်နေကြရတာပဲ၊ ဒါဖြင့် နှိပ်စက်၏ နှိပ်စက်၏..ခန္ဓာငါးပါး နှိပ်စက်၏ဆို
တာ..အမြဲရှုပေး၊ ဒါက ဓမ္မာနုပဿနာ သတိပဋ္ဌာန်ခေါ်တယ်၊ ရှူစိတ်ရှိုက်စိတ်ဟာ အမြဲထာဝရ ဖြစ်ချုပ်
နဲ့ ဖြစ်ချုပ်နဲ့နေတဲ့ သက်စောင့် အိမ်သည်စိတ်ပဲ၊ ရှူစိတ် ရှိုက်စိတ်ကလေးကိုလည်း၊ ဒီနေရာဖြစ်ပြီး ဒီနေ
ရာပျက်တာပဲလို့ ဖြစ်ပျက်ရှု၊ ရှုဉာဏ်မဂ္ဂင် မလာခင်ကတည်းက ဖြစ်နှင့်ပျက်နှင့်ပြီးသား။ ။

အတိုချုပ် တင်ပေးချင်းဖြစ်ပါတယ်