ဘာဝနာဆိုတာ ပွားများရခြင်း၊ ဆင်ခြင်ရခြင်း၊ ရူကြည့်ရခြင်း၊ အလုပ်၌ ထပ်တလဲလဲ စွဲမြဲအောင် အားထုတ်ရသော အလုပ်ဖြစ်တယ်။

ပွားများခြင်းလို့ ပြောရဆိုကြတာက ထပ်တလဲလဲ ရွတ်ဆိုနေရခြင်း၊ ရူကြည့်နေရခြင်း စိတ်အလုပ် ဖြစ်တယ်။

“ဘာဝေတဗ္ဗာတိ ဘာဝနာ” ပွားများရသောကြောင့် ဘာဝနာ လို့ခေါ်တယ်။

ဘာဝနာက သမထ-ဘာဝနာ၊ ၀ိပဿနာဘာဝနာ (၂) မျိုးရှိတယ်။

သမထ ဘာဝနာ ဆိုတာ အာရုံတစ်ခုတည်း၌ စိတ်ကို တည်ငြိမ်မှု သမာဓိရအောင် အားထုတ်ရလို့ သမထ ကမ္မဋ္ဌာန်းလို့ ခေါ်ဆိုကြတယ်။

၀ိပဿနာ ဘာဝနာကတော့ ရုပ်နာမ် အာရုံအပေါ်မှာ ဉာဏ်အမြင်ပေါက်မြောက်ပြီး ပညာကိုဖြစ်စေ၊ ရစေသောကြောင့် ၀ိပဿနာ ကမ္မဋ္ဌာန်း လို့ ခေါ်ဆိုကြတယ်။

ထို (၂) မျိုးသော ကမ္မဋ္ဌာန်းတွင် “သမထကို စတင်အားထုတ်ရမည်လော၊ ၀ိပဿနာ ကမ္မဋ္ဌာန်းကို ဦးစွာ အားထုတ်သင့်သလော” လို့ မေးမြန်းတတ်ကြတယ်။

အဖြေမှာ--

စချင်ရာက စနိုင်ပါတယ်၊ သင်ပြပေးသူ ဆရာကောင်းရလျှင် စချင်ရာက စနိုင်တယ်လို့ပဲ မှတ်ရမယ်။

ရှေးခေတ်အဆက်ဆက်က ဆရာတော်ကြီးများရဲ. နည်းမူမှန်က သမထကို စတင်ပွားများအား ထုတ်စေကြတယ်။ သမာဓိရစေကြပြီးခါမှ ၀ိပဿနာသို့တင်၍ ဉာဏ်အမြင်ကို ဖြစ်စေကြတယ်။

(နယ်ခြားတောင်တန်း သာသနာပြု ဆရာတော်ကြီး ဦးဥတ္တမသာရ)