စတုက ပဥ္စကအင်္ဂုတ္တရ၌ မိမိကြိုးစား ရရှိထားသော ပစ္စည်းများဖြင့် ဗလိငါးပါးပြုခြင်းကို စည်းစိမ်ဥစ္စာ ရယူခြင်း အကြောင်းတစ်ရပ်အဖြစ် ဟောတော်မူခဲ့၏။

ပဥ္စဂုင်္တ္တရ၌ အမျိုးသားတို့၏ တိုးတက်ကြီးပွားကြောင်း ၊ မဆုတ်ယုတ်ကြောင်းတရား ငါးပါးဟောရာ၌ နတ်များကို ပူဇော်ပသခြင်းလည်း တစ်ပါးပါဝင်သည်။ (ပဥ္စက-၆၈) နတ်များ ပူဇော်ခြင်းကို လောကကြီးပွားရေး တစ်ရပ်အဖြစ် ဘုရားရှင်အလိုရှိသည်မှာ သိသာပေသည်။

နတ်ရှိသူဟု ယုံကြည်သူများအဖို့ နတ်များကား သတ္တဝါတစ်မျိုးပင် ဖြစ်၏။

လူတို့၌ ရှိခိုးထိုက်သူ မထိုက်သူ ရှိသကဲ့သို့ နတ်များ၌လည်း ရှိခိုးထိုက်သူ မထိုက်သူ ၂ မျိုးရှိရာ၏။

၎င်းတို့ကို သတိရစွာ အစာအဟာရ စသည် ပေးကမ်းပသခြင်း ၊ အမျှအတန်းဝေခြင်း စသည်ကို ပြုအပ်သည်သာ။

လူများအချင်းချင်း ပေးကမ်းထောက်ပံ့လျှင် အခါခပ်သိမ်း မကူညီနိုင်စေကာ ၎င်းတို့တတ်နိုင်သောအခါ အကူအညီရသကဲ့သို့ နတ်များလည်း အရာခပ်သိမ်း ပေးစွမ်းနိုင်သည် မဟုတ်စေကာမူ သူတို့ တတ်နိုင်သော အရာကိုကား ကူညီစောင့်ရှောက်တတ်၏။

အချို. အကူအညီခံရသူများကို ဇာတ်နိပါတ်များအရ လည်းကောင်း ၊ လောက အတွေ့အကြုံများအရ လည်းကောင်း သိနိုင်သည်။

နတ်ရူး

ဘာမဆို ကံကိုယုံပြီး ပုံထားသူများကဲ့သို့ နတ်ကိုယုံပြီး ပုံမှုမျိုးကိုကား မပြုအပ်။

ရတာနာသုံးပါး အပေါ်၌ အာရုံပြုလွန်းလေ ကောင်းလေ ဖြစ်သော်လည်း ၊ နတ်များအပေါ်၌ အလွန်အကျွံပုံ၍ ယုံခြင်းမျိုး နတ်ရူး ရူးသည်ဆိုရလောက်အောင် ဖြစ်မှုမျိုးကား မလိုအားအပ်ပေ။

အချို.ဘုရားကို ဆွမ်းတော်ကပ်ရန်ကား သတိမရ ၊ နတ်ပွဲကိုမူကား ငှက်ပျောသီး မနွမ်းစေရအောင် တရိုတသေ တယုတယ ပြုစုပသကြ၏။

ဘုရားထက်ပို၍ ရိုသေလေးစားသော ပူဇော်မှုများကား မိမိ၏ ဗုဒ္ဓဘာသာ မပီသမှုကို ဖော်ပြခြင်း ဖြစ်ရာ ထိုအမှုမျိုးကို ရှောင်ရှားရန် သတိပြုဖို့ လိုအပ်ပေသည်။

(ကျေးဇူးရှင် သပြေကန်ဆရာတော်ဘုရားကြီး ရေးသားသည့် “ပရိတ်ကြီးနိဿယသစ်”၊ စာ ၂၄၉-၂၅၀)