☆ ဓမ္မပူဇာဆိုတာ လှူချင်တဲ့စေတနာရှိတဲ့ ပုဂ္ဂိုလ်သာ လှူပါစေ၊ “လှူကြပါ ဒါန်း
ကြပါ” လို့ ပြောစရာ မလိုဘူး၊ လှူချင်လို့ရှိရင် လှူချင်တဲ့ပုဂ္ဂိုလ်တွေ အဆင်
ပြေအောင် အလှူလက်ခံတဲ့ နေရာလေးသာ ရှိသင့်တယ်၊ အလှူခံဖလားဆို
တာ မထားသင့်ဘူး၊ တချို့ဆို လမ်းပိတ်ပြီးတော့တောင် အလှူခံကြတာ။

☆ နောက်တစ်ခု ပြောရအုံးမယ်၊ တရားပွဲကို စီစဉ်တဲ့လူတွေရှိတယ်၊ ဆိုလိုတာ
က တရားပွဲမှာ အလှူခံတဲ့လူတွေပေါ့၊ သတိထားဖို့ ကောင်းတာက ဓမ္မပူဇာ
များများရအောင် အလှူခံတာမျိုးတွေ လုပ်ကြတယ်၊ ဘုန်းကြီးတို့ စိတ်မကောင်း
ဘူး၊ စိတ်မကောင်းဘူးဆိုတာ ဘာလဲဆိုရင် သူတို့လှူလိုက်တဲ့ ဓမ္မပူဇာလေး
တွေကို ကြည့်လိုက်လို့ရှိရင် ဆင်းရဲသားတွေရဲ့ ခါးကြားက ထွက်လာတဲ့ အ
နွမ်းလေးတွေ တွေ့ရတယ်၊ အေး ဒါလေးတွေကတော့ သူတို့ခမျာ တရားနာ
ချင်ရှာလွန်းလို့ ပိုက်ဆံပေး နာရတဲ့ အဖြစ်မျိုး ဖြစ်နေတယ်၊ ဒါ မဖြစ်သင့်ဘူး။

☆ ဘာသာရေးကိစ္စတစ်ခုက ဘာသာရေးအမြင်နဲ့ပဲ လုပ်သင့်တယ်၊ တရားကို
မြတ်နိုးတဲ့အနေနဲ့ပဲ လုပ်သင့်တယ်၊ တရားဆိုတာ အလွန်မွန်မြတ်လို့ လူတိုင်း
နာယူခွင့် ရှိရမယ်။

☆ တရားပွဲကျင်းပတာ တရားပွဲကို ကန်ထရိုက်ဆွဲပြီး ကျင်းပတယ်ဆိုတဲ့ သ
တင်းတွေတောင် ထွက်တယ်။ တရားပွဲရက်ရှည် ကျင်းပတယ်၊ ကျင်းပပြီးတော့
အလှူခံလို့ရတဲ့ ငွေကြေးကို တချိုု့တစ်ဝက် ဓမ္မကထိကကို လှူတယ်၊ ကျန်တာ
က ကုန်ကျစရိတ်ပေါ့၊ အသံချဲ့စက်တို့ ဘာတို့ ငှားခတွေနဲ့၊ တစ်ချို့ဆီမှာ လုပ်
တာ ဟုတ်သလောက် ဟုတ်တယ်၊ အဲဒီလို အသံတွေ ကြားရတယ်၊ အဲဒါက
တော့ တကယ်မဖြစ်သင့်တဲ့ ကိစ္စဖြစ်တယ်လို့ ပြောရမှာပဲ။

☆ ဓမ္မပူဇာ လှူတဲ့သူက လှူချင်လှူ မလှူချင်နေ ဘုန်းကြီးဆိုတာ တရားပွဲပင့်ရင်
လာဟောမှာပဲ၊ “ဓမ္မပူဇာ ရချင်လို့ တရားဟောတာ မဟုတ်ဘူး၊ တရားဟော
လို့ ဓမ္မပူဇာ ရတာ” - ဒီလိုသာ ဖြစ်ရမယ်၊ ဓမ္မပူဇာ ရလို့ တရားဟောတာ မ
ဟုတ်ဘူး၊ ဓမ္မပူဇာဆိုတာ လှူတဲ့လူအတွက် ကုသိုလ်ပဲ၊ သူကလည်းတရားကို
ပူဇော်တာ၊ ဟောတဲ့ပုဂ္ဂိုလ်ကလည်း အဲဒါကို မမျှော်ကိုးရဘူး၊ အဲဒီလို မဟုတ်
ဘူးဆိုလို့ရှိရင် အရောင်းအဝယ်တစ်ခုလို ဖြစ်လာနိုင်တယ်၊ ဒါမရှိဘဲ ဘုန်းကြီး
တို့ပြောတာ မဟုတ်ဘူး၊ တကယ်ရှိတာ။

☆ နယ်ဘက် တရားပွဲတစ်ပွဲမှာ နာမည်ကျော် ဆရာတော်ကြီးတစ်ပါး -(ဘွဲ့
တော့ ထုတ်မပြောတော့ဘူး၊ ဘုန်းကြီးတို့ကလည်း လူစုံတော့ ကြားရတယ်
ပေါ့)၊ တရားပွဲတစ်ပွဲမှာ တရားဟောပြီး ရေစက်ပါ ချပြီး ဆရာတော်က ကား
ပေါ်ရောက်ပြီး ပြန်တော့မယ်၊ တရားပွဲစီစဉ်တဲ့ ပုဂ္ဂိုလ်တွေက “ခဏနေပါဦး၊
ခဏနေပါဦး၊ စာရင်းရှင်းလို့ မပြီးသေးလို့” တဲ့။

☆ အဲဒါ ဘာတုန်းဆိုလို့ရှိရင် ဓမ္မပူဇာထဲက ငွေကို အသံချဲ့စက်ငှားခက ဘယ်
လောက်၊ ဖျာငှားခက ဘယ်လောက်၊ မီးငှားခက ဘယ်လောက်၊ စက်ငှားက
ဘယ်လောက်ဆိုတာ - အဲဒီစာရင်းရှင်းတာ မပြီးသေးလို့တဲ့၊ ဓမ္မပူဇာကို မလှူ
နိုင်သေးဘူး၊ ဒါတကယ်ဖြစ်တာ၊ ပုံပြင် မဟုတ်ဘူး၊ မြန်မာပြည်မှာ ဒီလို ဖြစ်
နေတာတွေ ရှိတယ်၊ အဲဒါမျိုးတော့ မဖြစ်သင့်ဘူး။

☆ ဒါ့အပြင် တရားပွဲတွေမှာ ဂိတ်ဝကနေ ပိတ်ပြီး အလှူခံတာတွေဟာ မမှန်
ကန်ဘူးလို့ ဘုန်းကြီးတို့တော့ ခံစားမိတယ်၊ ဘာဖြစ်လို့တုန်းဆိုရင် တရားနာ
ချင်လို့ လာတဲ့ပုဂ္ဂိူလ်က အလှူခံပုံးထဲမှာ အလှူငွေ မထည့်လို့ရှိရင် ရှက်စရာဖြစ်
နေတယ်။ (အလှူခံတဲ့သူကလည်း အဲဒီနားမှာ ရှိနေတယ်)၊ ဒီငွေဖလားထဲကို
ပိုက်ဆံလေး မထည့်ဘဲနဲ့ ဝင်သွားရမှာ သူ့အဖို့မှ ရှက်စရာ ဖြစ်ကောင်း ဖြစ်
နေပေလိမ့်မယ်၊ ဒါမျိုးက မဖြစ်သင့်ဘူး။

☆ တရားနာတယ်ဆိုတာ အခမဲ့ပဲ နာသင့်တယ်၊ သဒ္ဓါတရားပေါက်လို့ လှူတာ
ကိုပဲ လက်ခံသင့်တယ်၊ လှူအောင်တော့ မတောင်းခံသင့်ဘူးပေါ့။ ဘုန်းကြီးတို့
က အဲဒါကို လုံးဝမနှစ်သက်ဘူး။

☆ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ☆