မေး ) ။ ။ ပြုပြီးသော အကုသိုလ်များကို မည်ကဲ့သို့ ပယ်ရပါမည်နည်း
အရှင်ဘုရား။
( ဖြေ ) ။ ။ ပြုပြီးသော အကုသိုလ်များကို ပယ်တယ်ဆိုတာ isolate လုပ်ပစ်တာ။
နောက်ထပ် ထပ်ပြီးတော့ repeatation မလာအောင်လုပ်တာ။
ရှိပြီးသား အမာရွတ်ကတော့ အမာရွတ်ပဲ။ ကျန်နေမှာပဲ။
သူ့ဘာသာ ကုသိုလ်ပဲဖြစ်ဖြစ်၊ အကုသိုလ်ပဲဖြစ်ဖြစ် ဖြစ်လာပြီးလျှင်တော့
remain ဖြစ်သွားမှာ။ process မှာ remain ဖြစ်သွားမှာ။ ကိုယ်လုပ်ပြီးသား
တစ်ခုဟာ မလုပ်ဘူးလို့ ပြောလို့မရတော့ဘူးလေ။ သို့သော် သူ့ကို အားနည်း
သွားအောင် လုပ်တာ။ အားနည်းသွားအောင် လုပ်ပြီးတော့ အကျိုးပေးနိုင်အောင်
ကူညီတဲ့ အကြောင်းတရားတွေ ရှိတယ်။ ဘာတွေရှိလည်းဆိုရင် ကိလေသာ။
အဲဒီ ကိလေသာတွေကို ဖယ်ရှားပစ်လိုက်လို့ရှိရင် ဒီကံက လုံးဝ
အကျိုးပေးလို့ မရတော့ဘူး။ ဖယ်ပစ်လိုက်တာ။ အဲတော့ အကုသိုလ်ကို
ဖယ်တယ်ဆိုတာ ပယ်တယ်ဆိုတာက ပထမ အားနည်းအောင်လုပ်တယ်။
အဲဒီိလို လုပ်နည်းကို ဘုရားက သင်္ခဓမ သုတ်မှာ ဟောထားတာရှိတယ်။
အကုသိုလ်ကို အကုသိုလ်လို့ မြင်တာက ပထမအဆင့်။ မြင်ပြီးလျှင်
ဒါမကောင်းဘူးလို့ သိရမှာက ဒုတိယ အဆင့်။ တတိယအဆင့်က နောက်
မဖြစ်အောင် စောင့်စည်းတာ။ အဲဒီအတွက် အစားထိုးပြီး ကောင်းတာတွေချည်း
လုပ်တာ စတုတ္ထအဆင့်။ အဲဒီ အဆင့်လေးဆင့့််နဲ့ ဖယ်ရှားပစ်မယ်ဆိုရင်
မကောင်းတဲ့ ကံတွေက လွတ်သွားတယ်။
နောက်ဆုံး လွတ်ဖို့ အခွင့်အရေးတစ်ခုကတော့ ကံကို အကူအညီ
ပေးနေတဲ့ ကိလေသာတွေ လုံးဝ ကုန်သွားပြီဆိုရင် အဲဒီကံတွေကနေ
လုံးဝလွတ်မြောက်သွားပြီ။ အဲဒီလို လုံးဝ လွတ်မြောက်သွားပြီဆိုတာ
ဘဝတစ်ခုကို ပေးတဲ့ကံသည် ခန္ဓာကိုယ် ရှိနေသေးသမျှတော့ နှိပ်စက်ဦး
မှာပဲလို့ ဒီလိုမှတ်ထားရမယ်။ ဥပမာဖြင့် အရှင်မောဂ္ဂလန် ကြည့်လေ။
ရဟန္တာဖြစ်ပြီးပြီ။ ကိလေသာ ပယ်ပြီးပြီ။ သို့သော် အတိတ်ကလိုက်လာတဲ့
ကံရဲ ့ အပြစ်ဒဏ်ကို ခံရသေးတယ်။ ဒါက အတိတ်က လုပ်ထားတဲ့ကံ။
အခု ပစ္စုပ္ပန်မှာ လုပ်ထားတဲ့ကံတွေ၊ နောက်ထပ် ဒီကံတွေက အကျိုးပေးဖို့
မရှိတော့ဘူး။ နောက်ထပ် ဘဝတစ်ခုကို သူတို့ မထုတ်လုပ်နိုင်တော့ဘူး။
အဲဒါကို ပြောတာ။ ကံကနေ ထုတ်လုပ်ပြီးသား ဘဝကတော့ ဒုက္ခ ပေးနေဦးမှာပဲ။
အဲဒါကို တစ်ချို ့က ယောင်ပြီးတော့ ကိလေသာတွေ ပယ်ပြီးဖြစ်ပါလျက်သားနဲ့
ကံက အကျိုးပေးရမလားဆိုပြီး မကျေမနပ်ဖြစ်တာရှိသေးတယ်။ မဟုတ်ဘူး။
ကံရဲ ့ အကျိုးဆက် ဟောဒီ ခန္ဓာကိုယ်ကြီး ရှိနေသမျှတော့ သူက ဒုက္ခ
ပေးလို့ ရသေးတယ်။ သို့သော် ဒီပုဂ္ဂိုလ်ကို နောက်ထပ် ငရဲ ကျအောင်တို့
ဘာတို့ လုပ်လို့ မရတော့ဘူး။ ပဋိသန္ဓေဆိုတဲ့ အကျိုးကတော့ ပေးလို့
မရတော့ဘူးလို့ ဆိုတယ်။ ပဝတ္တိအကျိုးကတော့ အနှောင့်အယှက်တွေ
ပေးတာတွေ အများကြီးရှိဦးမှာပေါ့။ ဒါကြောင့်မို့ ဒုက္ခတွေ အားလုံး
ငြိမ်းသွားတဲ့ “အနုပါဒိသေသနိဗ္ဗာန်” သို့ ရောက်သွားမှသာလျှင်
လုံးဝ လွတ်သွားတာ။“သဥပါဒိသေသ နိဗ္ဗာန်”မှာဆို လာပေးနေဦးမှာပဲ။
နောက်တစ်ခုက မဂ်ဖိုလ် နိဗ္ဗ္ဗ္ဗ္ဗ္ဗ္ဗ္ဗ္ဗ္ဗ္ဗ္ဗ္ဗ္ဗ္ဗ္ဗ္ဗ္ဗ္ဗ္ဗ္ဗ္ဗာန် ရပြီးတော့ အမြဲတမ်း နိဗ္ဗာန်ကြီးကို
အာရုံပြုနေတယ်လို့ ဒီလို မထင်နဲ့။ မြတ်စွာဘုရားရဲ ့ စိတ်ဟာလည်း
အရဟတ္တဖိုလ်စိတ်ကြီးနဲ့ အမြဲနေတယ်လို့ မထင်နဲ့။ ၀ိပဿနာရှုပြီး
အရဟတ္တဖိုလ် ရောက်မှ အရဟတ္တဖိုလ်ဖြစ်တာ။ ဒိပြင်အချိန်မှာဆို
သာမာန်စိတ်နဲ့ပဲ နေတာ။ မြတ်စွာဘုရားရဲ ့ သန္တာန်မှာဖြစ်တဲ့ စိတ်တွေသည်
တစ်ချို့က နားယောင်တာရှိသေးတယ်။ စာပေထဲမှာတောင် ဟသိတုပ္ပါဒ်စိတ်က
အဟိတ်စိတ်ဖြစ်တယ်ပေါ့၊ မြတ်စွာဘုရားပြုံးတာ ဟသိတုပ္ပါဒ် ညာဏ်မရှိတဲ့
စိတ်နဲ့တော့ မပြုံးလောက်ဘူးလို့ ဆိုပြီးတော့ သုံးသပ်ကြတာရှိသေးတယ်။
သို့သော် သူတို့ မေ့သွားတာက ဘာတုံးဆိုရင် ပဥ္စဒွါရာဝဇ္ဇန်းစိတ်လည်း
ညာဏ်မရှိဘူးလေ။ ဘုရားသန္တာန်မှာ ဖြစ်တာပဲ။ စက္ခုဝိဉာဏ်စိတ်၊
သောတာဝိဉာဏ်၊ ဃာနဝိဉာဏ်၊ ဇိဝှာဝိဉာဏ်၊ ကာယဝိဉာဏ် တွေလည်း
ဘယ်ဉာဏ်ရှိလို့တုန်း။သမ္ပဋိစ္ဆိုင်းတို့၊ သန္တီရဏတို့၊ ဝုဋ္ဌောတို့လည်း
ဉာဏ်မရှိဘူးလေ။ အဲဒါတွေတော့ မေ့သွားတယ်။
ဟသိတုပ္ပါဒ် လောကတင်ပြောတာ။ သို့သော် မြတ်စွာဘုရားဟာ ဒီ
ပြုံးတယ်ဆိုတဲ့နေရာမှာ seriously ပြုံးတာရှိတယ်။သာမန် အပေါ်ကိစ္စလေး
ပြုံးတာရှိတယ်။ သာမန် အပါ်ကိစ္စဆိုရင် ဟသိတုပ္ပါဒ်နဲ့ ပြုံးတယ်၊
ကာမအာရုံနဲ့ ပါတ်သက်တဲ့ ကိစ္စ ဆိုရင် ဟသိတုပ္ပါဒ်နဲ့ ပြုံးတယ်ပေါ့။
အလေးအနက်ကိစ္စဆိုရင် “မဟာကြိယာ ဉာဏသမ္ပယုတ်နဲ့” ပြုံးတယ်။
တစ်ချို ့က ဘာကို ထောက်ထားပြီး ပြောတုန်းဆိုရင်
“သဗ္ဗံ ကာယကမ္မံ ဉာဏပုဗ္ဗင်္ဂမံ ဉာဏနုပရိဝတ္တံ၊ သဗ္ဗံ ဝစီကမ္မံ ဉာဏပုဗ္ဗင်္ဂမံ
ဉာဏနုပရိဝတ္တံ၊ သဗ္ဗံ မနောကမ္မံ ဉာဏပုဗ္ဗင်္ဂမံ ဉာဏနုပရိဝတ္တံ”
မြတ်စွာဘုရား ကြံတွေးသမျှ၊ ပြောဆိုသမျှ၊ ပြုမူသမျှတွေဟာ
အားလုံး ဉာဏ်ရှေ ့သွားရှိတယ်ဆိုတဲ့ စကားကို ယူပြီး ပြုံးတာလည်း
ဉာဏ်ရှေ ့သွားရှိတယ်တဲ့။ ဟုတ်တယ် ဉာဏ်ရှေ ့သွားရှိတယ်။
သို့သော် ပြုံးတဲ့အခိုက်ကလေးမှာတော့ ဒီစိတ်ဖြစ်တဲ့ အချိန်မှာ
ဆိုင်ရာစိတ်ကလေးသည် ဉာဏ်ရှိချင်မှရှိမယ်။
ဉာဏ်မရှိတဲ့စိတ်တွေ မြတ်စွာဘုရားသန္တာန်မှာ “initialization”
အနေနဲ့ ရှိနေတာပဲလေ။ အဲဒီတော့ ဉာဏ်မရှိတဲ့စိတ် ဘုရားသန္တာန်မှာ
မဖြစ်ရဘူးဆိုရင် ဘုရား မြင်ဖို့တောင် မရှိတော့ဘူးနော်။
ဝီထိစဉ်မှာ အဲဒီလိုဖြစ်တယ်။
(ပါမောက္ခချုပ်ဆရာတော်ကြီး ဒေါက်တာနန္ဒမာလာဘိဝံသ၏ ဓမ္မဗျူဟာ သင်တန်းသားများ၏
မေးခွန်းများကို ဖြေဆိုခြင်း စာအုပ်မှ ထုတ်နှုတ် ပူဇော်ပါသည်)