တစ်နေ့ ဇေတဝန်ကျောင်းတိုက် ဓမ္မာရုံကြီးအတွင်း မြတ်စွာဘုရားက“ အာနန္ဒ ငါဘုရား ရဲ့ အံ့သြဖွယ်ကောင်းတဲ့ ဂုဏ်တွေကို မင်းပြောစမ်း ” ဟု မိန့်တော်မူရာ အရှင်အာနန္ဒက ဘုရား ရဲ့ထူးခြားချက်တွေကို ရဟန်းတော်များရှေ့တွင် ပြန်ပြီး လျှောက်တင်ပြပါတယ်။
(၁) ဝေဿန္တရာမင်းကြီးဘဝ ကုန်ဆုံးပြီး တုသိတာဘုံကို ရောက်သွားတဲ့အခါမှာ အိပ် မောကျပြီးတော့ ရောက်သွားတာ မဟုတ်ဘူး။ သိသိသာသာကြီး ရောက်သွားတာ၊ သေတဲ့အခါ မှာ လူတွေဟာ တွေဝေပြီးတော့ သေတာများတယ်။ သတိရှိတယ်၊ ဆင်ခြင်တုံတရားရှိတယ်။ သတိမကွာ ဆင်ခြင်ဉာဏ်ပညာနဲ့ပဲ ဝေဿန္တရာမင်းကြီး ဘဝက သေဆုံးပြီးတော့ တုသိတာ နတ်ပြည်မှာ သားမွေးတာ ဖြစ်ပါတယ်။
(၂) တုသိတာ နတ်ပြည်မှာ နတ်စည်းစိမ်ခံစားတဲ့ အခါမှာလည်း ကာမဂုဏ် အာရုံတွေထဲ မှာ မေ့မျောပြီးတော့ သတိလက်လွတ် ဖြစ်မနေဘူး။ တုသိတာ နတ်ပြည်မှာ နေသမျှ ကာလ ပတ်လုံး အမှတ်တမဲ့ မနေဘူး၊ သတိသမ္ပဇညနဲ့ နေပါတယ်။
(၃) တချို့နတ်တွေကျတော့ သက်တမ်းစေ့ မနေရဘူး၊ ဘုရားအလောင်းကျတော့ တုသိ တာနတ်ပြည်ရဲ့ နတ်သက်တမ်းစေ့ နေသွားတယ်။ သက်တမ်းစေ့မှ စုတေပါတယ်။
(၄) လူ့ပြည်မှာ ဘုရားဖြစ်ဖို့ မယ်တော်ဝမ်းထဲမှာ သန္ဓေတည်တဲ့ အခါမှာလည်း သာမန် ပုဂ္ဂိုလ်တွေလို သတိလက်လွတ် ဖြစ်သွားတာမျိုး မဟုတ်ဘူး။ မြတ်စွာဘုရား အလောင်းတော်က တုသိတာ နတ်ပြည်ကနေ မယ်တော်ဝမ်းထဲ သန္ဓေခတဲ့ အခါမှာလည်း သတိသမ္ပဇည အပြည့် ရှိနေပါတယ်။
(၅) မယ်တော်ဝမ်းထဲမှာ သန္ဓေခပြီးတာနဲ့ တပြိုင်နက် လောကကြီး တခုလုံးမှာ ကြီးမား တဲ့ အလင်းရောင်ကြီး ပေါ်လာတယ်။ အဲဒီ အလင်းရောင်ကြီးက အမှောင်လုံးဝ ကင်းသွား အောင်၊ အမှောင်မရှိတဲ့ အလင်းရောင်မျိုးကြီးဖြစ်ပါတယ်။ ဒါတင်မကဘူး စကြာဝဠာ ကုဋေ တစ်သောင်း သိမ့်သိမ့်တုန်ခါအောင် ငလျင်လှုပ်ပါတယ်။
(၆) ဘုရားအလောင်းလေး သန္ဓေတည်နေတဲ့ အချိန်မှာ အရပ်လေးမျက်နှာက မမြင်ရ တဲ့ နတ်သားလေးယောက်က လုံခြုံရေး လာယူကြတယ်၊ ဘေးရန်အန္တရာယ်တွေ မရောက်ဖို့ အဲဒီ နတ်သားလေးယောက်က စောင့်ရှောက်ကြပါတယ်။
(၇) ဘုရားအလောင်းလေး သန္ဓေခလိုက်တာနဲ့ တစ်ပြိုင်နက် မယ်တော်ဟာ သာမန်အ နေအထား မဟုတ်ဘဲနဲ့ ပကတိကိုက ငါးပါးသီလ လုံပြီးသား ဖြစ်သွားပါတယ်။
(၈) ဘုရားအလောင်းလေး သန္ဓေခနေတဲ့ အချိန်မှာ မယ်တော်မှာ ဆန့်ကျင်ဖက်လိင် နဲ့ ပတ်သက်ပြီး မည်သည့်ယောက်ျားကမှ မလွန်ဝံ့ဘူး၊ ကာမစိတ်တွေ မဖြစ်ပါဘူး။
(၉) ကာမဂုဏ်စိတ်တွေ မဖြစ်ပေမယ့်လို့ မယ်တော်မှာ လိုလေသေး မရှိအောင် ပြီးပြည့် စုံတယ်၊ မျက်စိကလည်း ကောင်းတာပဲ မြင်ရတယ်။ နားကလည်း ကောင်းတာပဲ ကြားရတယ်။ နှာခေါင်းကလည်း ရနံ့လေးပဲ ရှူရတယ်။ ပြည့်ပြည့်ဝ၀ အလိုပြည့်ပြီးတော့ ဘုရားလောင်းလေး ရဲ့ အစွမ်းသတ္တိဟာ မယ်တော်ထိအောင် အကျိုးသက်ရောက်ပြီး နေပါတယ်။
(၁၀) ဘုရားအလောင်းလေး သန္ဓေတည်နေတဲ့ အချိန်မှာ မယ်တော်ကြီးမှာ ဘာရောဂါ မှ မဖြစ်ဘူး။ အင်မတန် ကျန်းမာတယ်။ ဝမ်းထဲမှာ သန္ဓေခနေတဲ့ ဘုရားလောင်းလေးကို ဖန် ပေါင်းချောင်(ဖန်ပြွန်) ထဲမှာရှိနေတဲ့ ရုပ်ဆင်းတုကို မြင်နေရသလို မယ်တော်ဝမ်းထဲက ဘုရား လောင်းကလေးကို မြင်နေရပါတယ်။
(၁၁) ဘုရားအလောင်း ဖွားမြင်ပြီးနောက် (၇) ရက်မြောက်တဲ့နေ့မှာ မယ်တော်ကံကုန် ပြီး တုသိတာနတ်ပြည်မှာ ဖြစ်တယ်။ ဘုရားအလောင်းတွေရဲ့ မယ်တော်တွေတိုင်းဟာ ဒီအ တိုင်းချည်းပဲ ကံကုန်ကြပါတယ်။
(၁၂) သာမန်လူတွေဟာ ကိုးလနဲ့ ဖွားတာရှိတယ်၊ ရှစ်လနဲ့ ဖွားတာရှိတယ်၊ ခုနှစ်လနဲ့ မွေးတယ်၊ အဲဒီလို ဆယ်လမပြည့်မီ အမျိုးမျိုး မွေးဖွားကြတယ်၊ ဘုရားလောင်းကျတော့ ဆယ်လတိတိပြည့်ပြီးမှ မွေးဖွားပါတယ်။
(၁၃) လောကမှာ အများစုက ထိုင်လျက်နဲ့ အိပ်လျက် ဒီနှစ်မျိုးနဲ့ မွေးဖွားကြသော်လည်း ဘုရားလောင်းလေးကို မွေးဖွားတဲ့အခါကျတော့ မယ်တော်ဟာ မတ်တပ်ရပ်လျက်မွေးဖွားတယ်။
(၁၄) ဘုရားအလောင်းကို မွေးဖွားလိုက်တာနဲ့ တပြိုင်နက် နတ်တွေက ပထမ ခံယူလိုက် တယ်၊ ပြီးမှ လူတွေရဲ့လက်ထဲကို ရောက်ပါတယ်။
(၁၅) ဘုရားအလောင်းလေး မြေပေါ်မကျခင် နတ်တွေကခံယူထားပြီး မိခင်ရဲ့ရှေ့ထား ကာ “ မိခင်ကြီး ဝမ်းမြောက်ပါ၊ ဘုန်းကံကြီးတဲ့ သားတော်လေးတစ်ဦး ဖွားမြင်ပါတယ်” လို့ နှစ်သိမ့်စကား ပြောကြားပါတယ်။
(၁၆) ဘုရားအလောင်းလေး မွေးဖွားလာတဲ့ အခါမှာ ပေကျံပြီးတော့ မွေးဖွားတာ မဟုတ် ဘူး၊ ဘုရားအလောင်းလေး မိခင်ဝမ်းထဲမှာ နေပေမယ့် အညစ်အကြေး တစ်ခုမှ မလူးဘူး၊ ကြာ ပန်းလေး ရေမလူးသလို ဘုရားအလောင်းရဲ့ ခန္ဓာကိုယ်ပေါ်မှာ အညစ်အကြေးတွေ အတင်ဘူး။ သန့်ရှင်းစင်ကြယ်နေပါတယ်။
(၁၇) ကောင်းကင်ယံကနေ ရေပန်းကြီးနှစ်ခု ပေါ်ထွက်လာတယ်၊ တစ်ခုက အနွေး၊ တစ် ခုက အအေး၊ အဲဒါနဲ့ ရေသန့်စင်ခြင်းကိစ္စပြီးတယ်၊ အညစ်အကြေးကို သန့်စင်တာ မဟုတ်ဘူး။ ခန္ဓာကိုယ်ရဲ့ အပူအအေးအတွက် မယ်တော်ကြီး သန့်စင်ဖို့ အတွက်နဲ့၊ ဘုရားအလောင်းလေး ဆေးကြောသန့်စင်ဖို့ အတွက် ကောင်းကင်က ကျလာတာပါ။
(၁၈) ဘုရားအလောင်းလေးဟာ မွေးဖွားလို့ (ရေမိုးချိုး) သန့်စင်ပြီးတဲ့ အချိန်မှာ ခြေစုံ မတ်တပ်ရပ်ပါတယ်။
(၁၉) ဘုရားအလောင်းလေးဟာ မွေးဖွားလိုက်တာနဲ့ တပြိုင်နက် ကမ္ဘာလောကကြီး တစ် ခုလုံးဟာ အလင်းရောင်တွေနဲ့ လွမ်းဖုံးသွားတယ်။ လောကန္တရိတ်ငရဲကြီး အထိတောင် အမှောင် ဆိုတာ မရှိတော့ဘူး၊ ကမ္ဘာမြေကြီးဟာ သိမ့်သိမ့်တုန် ဟိန်းသွားခဲ့ပါတယ်။
အဲဒီ အံ့သြဖွယ် (၁၉) မျိုးကို လျှောက်ထားပြီး နောက်ထပ် အံ့သြဖွယ်တစ်ခုကို မြတ်ဘု ရားက မိန့်ကြားတော်မူပါတယ်။ အဲဒီ အံ့သြဖွယ် ထူးခြားချက်ကတော့..ခန္ဓာကိုယ်ထဲမှာဖြစ်ပေါ် လာတဲ့ ဝေဒနာလို့ ခေါ်တဲ့ စိတ်ရဲ့ခံစားမှု လေးတွေကို ရှင်းရှင်းကြီးသိတာ ဖြစ်ပါတယ်။
{၁၃၇၄ ခုနှစ် ကဆုန်လပြည့်နေ့၊ ၅-၅-၂၀၁၂ စနေနေ့၊ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင် မြို့နယ်၌ ဒေါက်တာအရှင် နန္ဒမာလာဘိဝံသ ဟောကြားတော်မူသော “ အံ့ဖွယ်လူသား မြတ် ဘုရား ” တရားတော်မှ ကောက်နုတ်ရေးသားပူဇော်ပါသည်။}