..ဘုရားရှင်လက်ထက်““ဧတဒဂ်””ရ၊
ရဟန္တာ(၄၁)ပါး၊ရဟန်းမိန်းမ(၁၃)ပါး၊ လူယောကျင်္ား(၁၀)ယောက်၊
လူမိန်းမ(၁၀)ယောက်၊ကိုမသိသေးသူများသိရှိနိုင်ရန်ဖေါ်ပြပေး
လိုက်ပါသည်။
““ဧတဒဂ်””ရ၊ရဟန္တာ(၄၁)ပါး””
(၁) အရှင်ကောဏ္ဍည ။ ။ နေ့၊ညဉ့်အပိုင်းအခြားကိုသိတတ်သောအရာ
တွင်ဧတဒဂ်ရသည်။
(၂) အရှင်သာရိပုတ္တရာ ။ ။ ပညာကြီးသောအရာတွင်ဧတဒဂ်ရသည်။
(၃) အရှင်မောဂ္ဂလာန် ။ ။ တန်ခိုးအရာတွင်ဧတဒဂ်ရသည်။
(၄) အရှင်မဟာကဿပ ။ ။ ဓူတင်အရာတွင်ဧတဒဂ်ရသည်။
(၅) အရှင်အနုရုဒ္ဒါ ။ ။ ဒိဗ္ဗစက္ခုဉာဏ်အရာတွင်ဧတဒဂ်ရသည်။
(၆) အရှင်ဘဒ္ဒိယ ။ ။ အမျိုးမြတ်သောအရာတွင်ဧတဒဂ်ရသည်။
(၇) အရှင်ဏ္ဍလဘဒ္ဒိယ ။ ။ အသံသာသောအရာတွင်ဧတဒဂ်ရသည်။
(၈) အရှင်ပိဏ္ဍေလဘာရဒွါဇ ။ ။ မကြောက်မရွံ့၊ခြင်္သေ့သံကဲ့သို့ဆိုတတ်သော
အရာ တွင်ဧတဒဂ်ရသည်။
(၉) အရှင်ပုဏ္ဏ ။ ။ တရားဟောသောအရာတွင်ဧတဒဂ်ရသည်။
(၁၀)အရှင်မဟာကစ္စည်း ။ ။ အကျဉ်းဟောသည်ကိုအကျယ်ဖွင့်တတ်သောအရာ
တွင်ဧတဒဂ်ရသည်။
(၁၁)အရှင်စူဠပန် ။ ။ နှလုံးဖြင့်ပြီးသောကိုယ်ကိုဖန်ဆင်းသောအရာတွင်
ဧတဒဂ်ရသည်။
(၁၂)အရှင်မဟာပန်။ ။ ပညာဝိဝဋ္ဋအရာတွင်ဧတဒဂ်ရသည်။(ဝါ)ရူပါယစရစျာန
တွင်အထူးလိမ္မာသောအရာတွင်ဧတဒဂ်ရသည်။
(၁၃)အရှင်သုဘူတိမထေရ်။ ။ကိလေသာကင်းနေသောအရာ၊မြတ်သောအလှူခံ
ပုဂ္ဂိုလ်အရာ၊ထိုနှစ်ချက်လိမ္မာ သောအရာတွင်ဧတ
ဒဂ်ရသည်။
(၁၄)အရှင်ရေဝတ ။ ။ အာရညကင်သောအရာတွင်ဧတဒဂ်ရသည်။
(၁၅)အရှင်ကင်္ခ ါရေဝတ ။ ။ စျာန်ဝင်စားသောအရာတွင်ဧတဒဂ်ရသည်။
(၁၆)အရှင်ကောဋိဝိသသောဏ။ ။ လုံ့လအားထုတ်သောအရာတွင်ဧတဒဂ်ရသည်။
(၁၇)အရှင်ကုဋိကဏ္ဏသောဏ ။ ။ သာယာနာပျော်ဖွယ်ရွတ်ဖတ်သောအရာတွင်ဧ
တဒဂ်ရသည်။
(၁၈)ရှင်သီဝလိ ။ ။ လာဘ်များသောအရာတွင်ဧတဒဂ်ရသည်။
(၁၉)ရှင်ဝက္ကလိ ။ ။ သဒ္ဒါအားကြီးသောအရာတွင်ဧတဒဂ်ရသည်။
(၂၀)ရှင်ရာဟုလာ ။ ။ သိက္ခာသုံးပါးကိုအလိုရှိသောအရာတွင်ဧတဒဂ်
ရသည်။
(၂၁)ရှင်ရဌပါလ ။ ။ သဒ္ဒါ၍ရဟန်းပြုသောအရာတွင်ဧတဒဂ်ရသည်။
(၂၂)ရှင်ကောဏ္ဍဓာန ။ ။ ရှေးဦးစွာစာရေးတံယူသောအရာတွင်ဧတဒဂ်
ရသည်။
(၂၃)ရှင်ဝင်္ဂီသ ။ ။ ကဗျာ၊ဂါထာအကုံးအသီပညာလျင်သောအရာ
တွင်ဧတဒဂ်ရသည်။
(၂၄) ရှင်ဥပသေန ။ ။ ထက်ဝန်းကျင်ကြည်ညိုဖွယ်ရှိသောအရာတွင်ဧ
တဒဂ်ရသည်။
(၂၅)ရှင်ဒဗ္ဗ ။ ။ အိပ်ရာနေရာခင်းတတ်သောအရာတွင်ဧတဒဂ်
ရသည်။
(၂၆)ရှင်ပိလိန္ဒဝစ္ဆ ။ ။ နတ်တို့ချစ်မြတ်နိုးအပ်သောအရာတွင်ဧတဒဂ်ရ
သည်။
(၂၇)ရှင်ဒါရုစီရိယာ ။ ။ တရားလျင်မြန်စွာသိတတ်သောအရာတွင်ဧတဒဂ်
ရသည်။
(၂၈)ရှင်ကုမာရကဿပ ။ ။ ဆန်းကြယ်သောစကားဆိုတတ်သောအရာတွင်ဧ
တဒဂ်ရသည်။
(၂၉)ရှင်မဟာကောဌိက ။ ။ ပဋိသမ္ဘီဒါဉာဏ်အရာတွင်ဧတဒဂ်ရသည်။
(၃၀)ရှင်အာနန္ဒာ ။ ။ တရားကျမ်းဂန်အကြားအမြင်များသော၊သတိမြဲ
သော၊ပညာလျင်သော၊ လုံ့လရှိသော၊အလုပ်အ
ကျွေးကောင်းသော၊ထို(၅) ချက်တွင်ဧတဒဂ်ရသည်။
(၃၁)ရှင်ဥရုဝေဠကဿပ ။ ။ အခြံအရံများသောအရာတွင်ဧတဒဂ်ရသည်။
(၃၂)ရှင်ကာဠုဒါယီ ။ ။ အမျိုးကိုကြည်ညိုစေတတ်သောအရာတွင်ဧတဒဂ်
ရသည်။
(၃၃)ရှင်ဗာကုလ ။ ။ အနာကင်းသောအရာတွင်ဧတဒဂ်ရသည်။
(၃၄)ရှင်သောဘိတ ။ ။ ပုဗ္ဗေနိဝါသဉာဏ်အရာတွင်ဧတဒဂ်ရသည်။
(၃၅)ရှင်ဥပလိ ။ ။ ဝိနည်းဆောင်သောအရာတွင်ဧတဒဂ်ရသည်။
(၃၆)ရှင်နန္နက ။ ။ ရဟန်းမိန်းမတို့ကိုဆုံးမတတ်သောအရာတွင်ဧတ
ဒဂ်ရသည်။
(၃၇)ညီတော်ရှင်နန် ။ ။ ဣန္ဒြေစောင့်စည်းသောအရာတွင်ဧတဒဂ်ရသည်။
(၃၈)ရှင်မဟာကပ္ပိ ။ ။ ရဟန်းယောကျာင်္းတို့ကိုဆုံးမသောအရာတွင်ဧတ
ဒဂ်ရသည်။
(၃၉)ရှင်သာဂတ ။ ။ တေဇောကသိုဏ်းဝင်စားသောအရာတွင်ဧတဒဂ်
ရသည်။
(၄၀)ရှင်ရာဓ ။ ။ ဒေသနာသစ်ထင်တတ်သောအရာတွင်ဧတဒဂ်ရ
သည်။
(၄၁)ရှင်မောဃရာဇာ ။ ။ ညစ်ညွမ်းခေါင်းပါးသောသင်္ကန်းကိုဆောင်ရာတွင်
ဧတဒဂ်ရသည်။
““ဧတဒဂ်””ရ၊ရဟန်းမိန်းမ(၁၃)ပါး””
(၁)မိထွေးတော်မဟာပဇာပတိဂေါတမီ ။ ။နေ့၊ညဉ့်အပိုင်းအခြားကိုသိတတ်သော
အရာတွင်ဧတဒဂ်ရသည်။
(၂) ခေမာ ။ ။ ပညာကြီးသောအရာတွင်ဧတဒဂ်ရသည်။
(၃) ဥပ္ပလဝဏ် ။ ။ တန်ခိုးအရာတွင်ဧတဒဂ်ရသည်။
(၄) ပဋာစာရီ ။ ။ ဝိနည်းဆောင်သောအရာတွင်ဧတဒဂ်ရသည်။
(၅) ဓမ္မဒိန္န ။ ။ တရားဟောသောအရာတွင်ဧတဒဂ်ရသည်။
(၆) နန္နာ ။ ။ စျာန်ဝင်စားသောအရာတွင်ဧတဒဂ်ရသည်။
(၇) သောဏာ ။ ။ လုံ့လအားထုတ်သောအရာတွင်ဧတဒဂ်ရသည်။
(၈) သကုလ ။ ။ ဒိဗ္ဗစက္ခုဉာဏ်အရာတွင်ဧတဒဂ်ရသည်။
(၉) ဘဒ္ဒါကုဏ္ဍလကေသာ။ ။ လျင်စွာတရားကိုသိတတ်သောအရာတွင်ဧတဒဂ်ရ
သည်။
(၁၀) ဘဒ္ဒါကာပိလာနီ ။ ။ ပုဗ္ဗေနိဝါသဉာဏ်အရာတွင်ဧတဒဂ်ရသည်။
(၁၁) ဘဒ္ဒကစ္နာနာ ။ ။ ဉာဏ်အမြင်ကြီးသောအရာတွင်ဧတဒဂ်ရသည်။
(၁၂) ကိသာဂေါတမီ ။ ။ ညစ်ညွမ်းခေါင်းပါးသောသင်္ကန်းကိုဆောင်ရာတွင်ဧ
တဒဂ်ရသည်။
(၁၃) သိင်္ဂ ါလမာတာ ။ ။ သဒ္ဒါအားကြီးသောအရာတွင်ဧတဒဂ်ရသည်။
.......................................................................................................
... ““ဧတဒဂ်””ရလူယောကျင်္ား(၁၀)ယောက် ...
(၁)တပုဿနှင့်ဘလ္လိကာ။ ။ညီနောင်နှစ်ဦးသည်ရှေ့ဦးစွာသရဏဂုံဆောက်တည်သော
အရာတွင်ဧတဒင်္ဂရသည်။
(၂) အနာထပိဏ်သူဌေး ။ ။ ပေးလှူတတ်သောအရာတွင်ဧတဒင်္ဂရသည်။
(၃) စိတ္တသူကြွယ် ။ ။ တရားဟောသောအရာတွင်ဧတဒင်္ဂရသည်။
(၄)ဟတ္တကာဠဝက ။ ။သင်္ဂဟဝတ္ထုလေးပါးတို့နှင့်သင်္ဂြိလ်တတ်သောအရာတွင်
ဧတဧတဒင်္ဂရသည်။
(၅)မဟာနာမ်သာကီဝင် ။ ။အခါမပြတ်၊အမြတ်အကောင်းပေးလှူတတ်သောအရာ
တွင်ဧတဒင်္ဂရသည်။
(၆) ဝေသာလီမြို့နေဥဂ္ဂသူကြွယ်။ ။ နှစ်သက်ရာအမြတ်ကိုပေးလှူတတ်သောအရာ
တွင်ဧတဒင်္ဂရသည်။
(၇) ပတ္ထိဂါမရွာနေဥဂ္ဂတသူကြွယ်။ ။ သံဃာကိုလုပ်ကျွေးတတ်သောအရာတွင်ဧတဒ
င်္ဂရသည်။
(၈) သူရဗန် ။ ။ မတုန်မလှုပ်ကြည်ညိုသောအရာတွင်ဧတဒင်္ဂရသည်။
(၉) ဇီဝက ။ ။ ပုဂ္ဂိုလ်ကိုကြည်ညိုတတ်သောအရာတွင်ဧတဒင်္ဂရသည်။
(၁၀) နကုလပိတာ ။ ။ အကျွမ်းဝင်သောအရာတွင်ဧတဒင်္ဂရသည်။
““ဧတဒဂ်””ရလူမိန်းမ(၁၀)ယောက်””
(၁)သေနိယသူဌေးသမီးသုဇာတာ ။ ။ ရှေ့ဦးစွာသရဏဂုံဆောက်တည်သောအရာ
တွင်ဧတဒင်္ဂရသည်။
(၂)ဝိသာခါ ။ ။ ပေးလှူတတ်သောအရာတွင်ဧတဒင်္ဂရသည်။
(၃)ခုဇ္ဇုတ္တရာ ။ ။ အကြားအမြင်များသောအရာတွင်ဧတဒင်္ဂရသည်။
(၄)သာမာဝတီ ။ ။ မေတ္တာဖြင့်နေသောအရာတွင်ဧတဒင်္ဂရသည်။
(၅)နန္ဒမာတာဥတ္တရာ ။ ။ စျာန်ဝင်စားသောအရာတွင်ဧတဒင်္ဂရသည်။
(၆)ကောလိယမင်းသမီးသုပ္ပဝါသာ။ ။အကောင်း၊အမြတ်ပေးလှူတတ်သောအရာတွင်
ဧတဒင်္ဂရသည်။
(၇)သုပ္ပိယာ ။ ။ သူနာကိုလုပ်ကျွေးတတ်သောအရာတွင်ဧတဒင်္ဂရသည်။
(၈)ကာတိယာနီ ။ ။ မတုန်မလှုပ်ကြည်ညိုသောအရာတွင်ဧတဒင်္ဂရသည်။
(၉)နကုလမာတာ ။ ။ အကျွမ်းဝင်သောအရာတွင်ဧတဒင်္ဂရသည်။
(၁၀)ကာဠိဒါယိကာမ ။ ။ တစ်ဆင့်ကြား၍ကြည်ညိုသောအကျွမ်းဝင်သောအရာတွင်
ဧတဒင်္ဂရသည်။
မှတ်ချက် ။ ။ရွှေမင်းဝန်ဦးဘုန်းမြင့်ရေးသော(တောင်တွင်းဆရာတော်ခင်ကြီးပျော် ၏လောကီ၊လောကုတ္တရာ)အမေးအဖြေကျမ်းမှကိုးကားသည်။