သူဌေးဖြစ်စေတဲ့ ဆင်းရဲသားအလှူ”
•••••••••••••••••••••••••••••••••••••••
သပိတ်ဆေးရာအချိန်မှာ ဂန္ဓမာဒနတောင်က ပစ္စေက
ဗုဒ္ဓါတစ်ပါးဟာ ၇ ရက်မြောက်မှာ သမာပတ်မှထပြီး
“ဒီနေ့ ငါဟာ ဘယ်ကို ဆွမ်းခံသွားရပါ့မလဲ”
လို့ စူးစမ်းတဲ့အခါ ထမင်းအတွက် အခစား
အလုပ်လုပ်တဲ့လူကို မြင်တယ်။
အဲဒီအခါ အဲဒီပစ္စေကဗုဒ္ဓါက “ဒီလူဟာ သုံးနှစ်ပတ်လုံး
အခစားအလုပ်ကို လုပ်ပြီး ထမင်းခွက်ကို ရတယ်။
အဲဒီလူမှာ သဒ္ဓါ ရှိသလား၊ မရှိဘူးလား”
လို့ စူးစမ်းတဲ့အခါ“ရှိတယ်”လို့ သိတယ်။
“သဒ္ဓါ ရှိပေမယ့်လည်း တချို့က မချီးမြှောက်နိုင်ကြ။
သူဟာငါ့အား ချီးမြှောက်နိုင်လေမလား”
လို့ စဉ်းစားပြီး “သူဟာ ချီးလည်း ချီးမြှောက်နိုင်
လိမ့်မယ်။ ငါ့အား ချီးမြှောက်မှုကို အမှီပြုပြီး
ကြီးကျယ်တဲ့ စည်းစိမ်ကိုလည်း ရလိမ့်မယ်”
လို့ သိတယ်။ သင်္ကန်းရုံပြီး သပိတ်ကို ယူကာ
ကောင်းကင် ကို ပျံတက်တယ်။ ပရိသတ်ကြားက
သွားပြီး အဲဒီလူရဲ့ရှေ့မှာ ရပ်ရင်းပဲ ကိုယ်
ထင်ရှားပြတယ်။
အဲဒီလူက ပစ္စေကဗုဒ္ဓါကို မြင်ပြီး ကြံစည်တယ်။
“ငါဟာ ရှေးဘဝက မလှူခဲ့လို့၊
ထမင်းတစ်ခွက်အတွက် ၃နှစ် ပတ်လုံး သူတစ်ပါး
အိမ်မှာ အခစားအလုပ်ကို လုပ်ခဲ့ရတယ်။
အခုငါရဲ့ ဒီထမင်းက တစ်ည၊ တစ်နေ့ပတ်လုံး
စောင့်ရှောက်နိုင်မယ်။ ငါဟာ ဒီထမင်းကို
အရှင်မြတ်အား လှူခဲ့ရင် အလှူက ကမ္ဘာ
ကုဋေထောင်ပေါင်း များစွာလည်း စောင့်ရှောက်လိမ့်မယ်။
ဒီထမင်းကို အရှင်မြတ်အားပဲ လှူမယ်။”
အဲဒီလူဟာ ၃ နှစ်ပတ်လုံး အခစားအလုပ်ကို လုပ်ပြီး၊
ရထားတဲ့ ထမင်းခွက်ထဲက ထမင်းတစ်ခဲကိုတောင်မှ
ပါးစပ်ထဲ မထည့်သေးဘဲ စားလိုတဲ့တဏှာကို
ပယ်ဖျောက်ကာ ကိုယ်တိုင်ပဲ ခွက်ကို မြှောက်ချီပြီး၊
ပစ္စေကဗုဒ္ဓါထံ သွားတယ်။ ခွက်ကို အခြားသူရဲ့
လက်မှာပေးပြီး တည်ခြင်း ငါးပါးနဲ့ ရှိခိုးတယ်။
ခွက်ကို လက်ဝဲလက်နဲ့ ယူပြီး လက်ယာလက်နဲ့
ပစ္စေကဗုဒ္ဓါရဲ့ သပိတ်ထဲ ဆွမ်းကိုလောင်းထည့်လိုက်တယ်။
ပစ္စေက ဗုဒ္ဓါက ဆွမ်းတစ်ဝက်ကျန်နေတဲ့အခါမှာ
သပိတ်ကို လက်နဲ့ ပိတ်လိုက်တယ်။ အဲဒီအခါ
အဲဒီလူက ပစ္စေကဗုဒ္ဓါကို လျှောက်တယ်။
“အရှင်ဘုရား၊ တစ်ယောက်စာသာကို နှစ်ဖို့ခွဲဖို့
မတတ်နိုင်ပါ။ တပည့်တော်ကို ဒီဘဝနဲ့ မချီးမြှောက်ပါနဲ့။
တမလွန်ဘဝနဲ့ ချီးမြှောက်မှုကိုသာ ပြုတော်မူပါ။
ချန်မထားဘဲ အကုန်လုံးကိုပဲ လှူပါမယ်”
မှန်တယ်။ မိမိအတွက် အနည်းငယ်ကိုတောင်
မချန်ဘဲ၊လှူတာဟာ အကြွင်းမရှိ အလှူမည်တယ်။
အဲဒီအလှူက အကျိုးကြီးတယ်။
အဲဒီလူက အဲဒီအတိုင်း ပြုလုပ်တဲ့အခါ အကုန်လုံးကို
ပေးပြီး တစ်ဖန် ရှိခိုးကာ “အရှင်ဘုရား၊
ထမင်းတစ်ခွက်ကို အမှီပြုပြီး ၃နှစ်ပတ်လုံး
တပည့်တော်မှာ သူတစ်ပါးအိမ်မှာ အခစားအလုပ်လုပ်ကာ
ဆင်းရဲကို ခံစားခဲ့ရပါတယ်။ အခု တပည့်တော်
ဖြစ်လေရာနေရာမှာ ချမ်းချမ်းသာသာ ဖြစ်ပါစေ။
အရှင်ဘုရားတို့ သိမြင်ထားတဲ့ တရားထူး၊
တရားမြတ်ကို ရရပါလို၏”လျှောက်တယ်။
ပစ္စေကဗုဒ္ဓါက “အဲဒီအတိုင်း ဖြစ်ပါစေ။
သင့်ရဲ့ စိတ်အကြံတွေဟာလိုတာမှန်သမျှ ပေးနိုင်တဲ့
စိန္တာမဏိပတ္တမြား လို၊ လပြည့်ဝန်းလို ပြည့်ဝပါစေ”
လို့ အနုမောဒနာပြုလိုလို့ အောက်ပါဂါထာစကား
နှစ်ရပ်ကို မိန့်ပါတယ်။
“သင့်ရဲ့ အလိုမှန်သမျှ၊ တောင့်တတာ မှန်သမျှပဲ
ပြီးစီးပြည့်စုံပါစေ။ အကြံအစည်ဟူသမျှဟာ
လပြည့်ဝန်းလို ပြည့်ဝကြပါစေ”
“သင့်ရဲ့လိုလားတောင့်တမှုတွေဟာ လျင်မြန်စွာပဲ
ပြီးစီးပြည့်စုံကြပါစေ။ ဇောတိရသ ပတ္တမြားပမာ
အကြံအစည်အားလုံး ပြည့်ဝကြပါစေ။”
အဲဒီလိုမိန့်ပြီး “ဒီလူအများဟာ ဂန္ဓမာဒနတောင်သို့
ရောက်သွား သည့်တိုင်အောင် ငါ့ကိုကြည့်ရင်း
ရပ်တည်နေပါစေ” လို့ အဓိဋ္ဌာန်ပြီး ကောင်းကင်ခရီးနဲ့
ဂန္ဓမာဒနတောင်ကို ကြွတယ်။ လူအများကလည်း
ပစ္စေကဗုဒ္ဓါကို ကြည့်ရင်းပဲ ရပ်တည်နေတယ်။
အဲဒီပစ္စေကဗုဒ္ဓါက အဲဒီတောင်ကိုသွားပြီး ပစ္စေက
ဗုဒ္ဓါငါးရာအား ခွဲဝေပြီးပေးတယ်။ အားလုံးက
တိတိလောက်ငရုံ ယူကြတယ်။ “ဆွမ်းအနည်းငယ်က
ဘယ်လိုလုပ် လောက်ငမှာလဲ” လို့ မကြံစည်ထိုက်။
မှန်တယ်။ မကြံစည်ကောင်းတဲ့ အရာ ၄ မျိုးကို
ဘုရားရှင်ဟောထားတယ်။ အဲဒီ ၄ မျိုးထဲက
ဒီနေရာ က ပစ္စေကဗုဒ္ဓါတွေရဲ့ အရာပဲ။
လူအများဟာပစ္စေကဗုဒ္ဓါတွေအား ဆွမ်းကို ခွဲဝေပြီး
ပေးနေတာ ကို မြင်ရပြီး ကောင်းချီးပေါင်း
တစ်ထောင်ကို ဖြစ်စေပါတယ်။ မိုးကြိုးတစ်ရာကျတဲ့
အသံလိုဖြစ်သွားတယ်။ အဲဒီအသံကိုကြားရပြီး၊
ဂန္ဓသူဌေး က “ထမင်းအတွက် အခစား
လုပ်သူဟာ ငါပေးတဲ့ စည်းစိမ်ကိုဆောင်ခြင်းငှာ
မစွမ်းနိုင်ဘူးထင်တယ်။ ဒါကြောင့် ဒီလူအများဟာ
ပြက်ရယ်မှု ပြုလိုလို့ စုဝေးကာ အော်ဟစ်နေတယ်”
လို့ တွေးတယ်။
ဂန္ဓသူဌေးဟာ အဲဒီဖြစ်ပုံကို သိဖို့ရာ လူတွေကို စေလွှတ်
လိုက်တယ်။ အဲဒီလူတွေက လာပြီး“အို အရှင်၊
စည်းစိမ်ကို ဆောင်ထားနိုင်သူတွေဆိုတာ
အဲဒီလို ဖြစ်ကြပါစေ” လို့ ပြောကာ
အဲဒီဖြစ်ပုံကို ပြောပြကြတယ်။
သူဌေးက ကြားရတယ်ဆိုရင်ပဲ ပီတိငါးမျိုး
တစ်ကိုယ်လုံး ဖုံးလွှမ်းခံရတယ်။
“ဪ၊ ဒီအခစားအလုပ်သမားဟာ လုပ်နိုင်ခဲတဲ့
အလုပ်ကို လုပ်ပါပေတယ်။ ငါဟာ ဒီလောက်
ကာလပတ်လုံး ဒီလိုစည်းစိမ်မှာတည်ပြီး ဘာကိုမှ
မပေးနိုင်ခဲ့” လို့ တွေးပြီး အဲဒီ အခစား အလုပ်သမားကို
အခေါ်ခိုင်းတယ်။ “သင်ဟာ ဒီမည်တဲ့အမှုကို
ပြုလုပ်တယ်ဆိုတာ မှန်ပါသလား”
“အရှင်သူဌေး၊ မှန်ပါပေတယ်။”
“အခု အသပြာတစ်ထောင်ကိုယူပြီး သင်ရဲ့
အလှူမှာ ငါ့အားလည်း အမျှပေးဝေပါ။”
အဲဒီအခစားအလုပ်သမားဟာ သူ့အရှင်သူဌေး
ပြောတဲ့အတိုင်း ပြုလုပ်ပါတယ်။ သူဌေးကလည်း
သူ့အား သူ့စည်းစိမ်အားလုံးကို အလယ်က ခွဲပြီး
ပေးပါတယ်။
▬▬▬▬▬▬▬▬▬▬▬▬▬▬
“သမ္ပဒါ ပြည့်စုံမှု ၄ မျိုး”
▬▬▬▬▬▬▬▬▬▬▬▬▬▬
“သမ္ပဒါ ပြည့်စုံမှု ၄ မျိုး” ရှိတယ်။
(၁)။ ဝတ္ထုသမ္ပဒါ (ဝတ္ထုရဲ့ပြည့်စုံမှု)ဆိုတာ နိရောဓသမာပတ်
ဝင်စားရာမှထလာတဲ့ ရဟန္တာ သို့မဟုတ် အနာဂါမ်ဆိုတဲ့
အလှူခံ ပုဂ္ဂိုလ်မြတ်ပဲ။
(၂)။ ပစ္စယသမ္ပဒါ (ပစ္စည်းရဲ့ ပြည့်စုံမှု)ဆိုတာပစ္စည်းတွေရဲ့
တရားနဲ့အညီ ဖြစ်ပေါ်မှု။
(၃)။ စေတနာသမ္ပဒါ (စေတနာရဲ့ ပြည့်စုံမှု)ဆိုတာ
မလှူမီ၊ လှူဆဲ၊ လှူပြီး ကာလသုံးပါးမှာ စေတနာမှာ
ရွှင်လန်းမှု ပါရတယ်။ အသိဉာဏ် ပါရတယ်။
(၄)။ ဂုဏာတိရေကသမ္ပဒါ (လွန်ကဲတဲ့ဂုဏ်နဲ့ ပြည့်စုံမှု)
ဆိုတာ အလှူခံပုဂ္ဂိုလ်ရဲ့ သမာပတ်မှ ထမှုပါပဲ။
❖ဒီအခစားအလုပ်သမားရဲ့ အလှူခံပုဂ္ဂိုလ်က
အာသဝေါကုန်ခန်းထားတဲ့ပစ္စေကဗုဒ္ဓါ ဖြစ်နေပါတယ်။
❖လှူဖွယ်ပစ္စည်းက အခစား အလုပ်ကိုလုပ်ပြီး
ရထားလို့၊တရားနဲ့အညီ ဖြစ်ပါတယ်။
❖ကာလသုံးပါးမှာ စေတနာက ထက်ဝန်းကျင်
ဖြူစင်ပါတယ်။
❖အလှူခံပစ္စေကဗုဒ္ဓါကလည်း သမာပတ်မှ
ထပြီးစ ဖြစ်ပါတယ်။
သမ္ပဒါ ၄ ပါးလုံး ပြည့်စုံနေပါတယ်။
အဲဒီသမ္ပဒါ ၄ ပါးတို့ရဲ့ အစွမ်းကြောင့် ဒီဘဝမှာပဲ
ကြီးကျယ်တဲ့စည်းစိမ်ကို ရရှိကြပါတယ်။ ဒါကြောင့်
အဲဒီအခစားအလုပ်သမားဟာ သူဌေးထံက
စည်းစိမ်ကို ရပါတယ်။ နောင်အခါမှာ
မင်းကလည်း အခစား အလုပ် သမားလုပ်ထားတဲ့
ကုသိုလ်ကံကို ကြားရပြီး သူ့ကိုအခေါ်ခိုင်းကာ အသပြာ
တစ်ထောင်ပေးပြီး ကုသိုလ်ဝေစုကိုယူကာ ကျေနပ်
အားရစွာ ကြီးကျယ်တဲ့စည်းစိမ်အစုကိုပေးပြီး
သူဌေးရာထူးကို ပေးလိုက်ပါတယ်။
ဘတ္တဘတိကသူဌေး (ထမင်းအတွက် အခစားလုပ်တဲ့
သူဌေး)လို့ အမည်တွင်ပါတယ်။ ဘတ္တဘာတိကသူဌေးက
ဂန္ဓသူဌေးနဲ့ သူငယ်ချင်းဖြစ်ပြီး အတူစား၊အတူသောက်ကာ
အသက်ထက်ဆုံး နေသွားပါတယ်။ အဲဒီဘဝက သေပြီး၊
နတ်ပြည်မှာ ဖြစ်ပါတယ်။ ဘုရားရှင်နှစ်ဆူတို့ရဲ့ အကြား
ကာလပတ်လုံး နတ်စည်းစိမ်ကို ခံစားပါတယ်။
ဒီဂေါတမဘုရားရှင် ပွင့်တော်မူတဲ့အခါ သာဝတ္ထိမြို့က
အရှင်သာရိပုတ္တရာရဲ့ ဆွမ်းခံအိမ်တစ်အိမ်မှာ ပဋိသန္ဓေ
ယူပါတယ်။ ၇ နှစ်အရွယ်မှာ ရဟန္တာဖြစ်သွားတဲ့
“သုခသာမဏေလေး” ဖြစ်ပါတယ်။
-【ဓမ္မပဒ၊ဋ္ဌ၊ဒု၊၅၇】
ဒီဘဝမှာပဲ သူဌေးဖြစ်သွားစေနိုင်တဲ့ ကုသိုလ်အဟုန်ဟာ
ကြီးမားလှပါတယ်။ အလှူခံပုဂ္ဂိုလ်ရော၊ လှူဖွယ်
ပစ္စည်းရော၊ ကိုယ့်စေတနာရော ကောင်းမွန်ပြည့်စုံရင်
ညောင်စေ့လောက် အလှူက ညောင်ပင်ကြီးလောက်
ကြီးကျယ်တဲ့ အကျိုးတွေကို ရစေနိုင်ပါတယ်။
❖အလှူဒါနပြုကြကရာမှာ အလှူခံပုဂ္ဂိုလ်ကောင်းကို
ရွေးချယ်တတ်ရပါမယ်။
❖ကိုယ့်စေတနာ သုံးတန်ကလည်း ရွှင်လန်းဝမ်းမြောက်မှု
အသိဉာဏ်တွေနဲ့ ယှဉ်တွဲနေရပါတယ်။
❖လှူဖွယ်ပစ္စည်းကလည်း တရားသဖြင့် ရတဲ့ပစ္စည်း
ဖြစ်စေရပါမယ်။
အဲဒီလိုဆိုရင် ထူးခြားတဲ့ အကျိုးတွေကို ရရှိမှာ
သေချာပါတယ်။ဘတ္တဘာတိက ရတဲ့အကျိုးလောက်
မကြီးကျယ်တောင် သူ့အတိုင်းအတာနဲ့သူ
ကြီးကျယ်ပါလိမ့်မယ်။ ။
-【စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist Association】

“