(”အနုပုဗ္ဗသူဌေး”အကြောင်း)
(၁)
ယနေ့ ဓမ္မ မိတ်ဆွေအပေါင်းတို့အား ကိုယ်ဆင်းရဲခြင်း မရှိအောင်၊ စိတ်ဆင်းရဲခြင်း မရှိအောင် တရား တစ်ပုဒ်ရွေးထုတ်ဟောပြပါမယ်ေ
နာ်။ အာရုံစိုက်နာယူကြပါ။
တစ်ခါတုန်းက သာဝတ္ထိမြို့က အမျိုးသားတစ်ယောက်သည် ဆရာရဟန်းထံကို ရောက်လာ၍-
အရှင်ဘုရား!
"" ဘုရားတပည့်တော်သည် ဒုက္ခမှ လွတ်ငြိမ်းလိုပါတယ်၊
ဒုက္ခလွတ်ငြိမ်းကြောင်း နည်းလမ်းကို သနားစောင့်ရှောက် ချီးမြှောက်သောအားဖြင့် ဟောမိန့်တော်မူပါဘုရား "" လို့ လျှောက်ထားပါတယ်။
“ဒါယကာ! ဒုက္ခမှ လွတ်ငြိမ်းလိုပါလျှင် မိမိရဲ့ စိတ်ကိုထိန်းပေါ့၊
စိတ်ကို ဘယ်လို ထိန်းရမှာလဲဘုရား”ဒါနဖြင့် စိတ်ကို ထိန်းပေါ့၊
မှန်လှပါဘုရား၊ တပည့်တော် အတတ်နိုင်ဆုံးကြိုးစားပြီး စိတ်ကိုထိန်းပါမည်ဘုရား။
ဒီလိုနဲ့ ဒါယကာသည် ထိုနေ့မှစ၍ မပေးချင် မလှူချင် ဝန်တိုတဲ့ မစ္ဆရိယစိတ်ကို သဒ္ဓါတရားဖြင့် ထိန်းခဲ့တယ်။ မပေးလို မလှူ လို ဝန်တိုတဲ့ စိတ်ဝင်လာရင် ပေးကမ်းစွန့်ကြဲခြင်းဖြင့် ဝန်တိုတဲ့ စိတ်အညစ်အကြေးကို ဖယ်ရှားပြီးထိန်းခဲ့ပါတယ်။
“ပင်ကိုယ်စိတ်ကို ဝန်တိုမှု ဝင်မလာအောင် ဒါနဖြင့် ထိန်းခဲ့ပါတယ်။
စာရေးတံဆွမ်းလှူဒါန်းပြီး ဒါနဖြင့် စိတ်ကို ထိန်းခဲ့တယ်။
ဆယ့်ငါးရက် တစ်ကြိမ် ဆွမ်းလှူဒါန်းပြီး ဒါနဖြင့် စိတ်ကို ထိန်းခဲ့တယ်။
ဒါနဖြင့်ထိန်းလိုက်တော့ လောဘ၊ ဒေါသ၊ မစ္ဆရိယ အညစ်အကြေး အနှောက်အယှက်တွေ မကပ်နိုင်ဘူး၊ မဝင်နိုင်ဘူးပေါ့။
ဝါဆို သင်္ကန်းလှူဒါန်းပြီး စီဝရ ဒါနဖြင့် စိတ်ကို ထိန်းခဲ့ပါတယ်။
ဒါနဖြင့် စိတ်ကိုထိန်းထားတော့ စိတ်ကလေးသည် ကြည်လို့၊ ရွင်လို့၊ နူးညံ့လို့၊သိမ်မွေ့လို့၊ ဖြူ စင်လို့ နေပါတယ်။ ပုည ကုသိုလ်စိတ်ဆိုတာ ဖြူစင်တာပါပဲ။
ကထိန်သင်္ကန်း၊ ထီး၊ ဖိနပ်အစရှိသော ပစ္စည်းတွေလှူဒါန်းပြီး စိတ်ကို ဖြူစင်အောင်ထိန်းခဲ့ပါတယ်။
ထိန်းတဲ့အတိုင်းလည်း စိတ်ကလေးသည် လောဘဖြစ်စရာအာရုံ၊ ဒေါသ ဖြစ်စရာအာရုံ
အညစ်အကြေးတွေနဲ့ မပေါင်းမိတော့ပဲ ဖြူစင်ဝင်းသစ်လို့နေပါတယ်။
(၂)
ကုသိုလ်ဖြစ်ချင်တဲ့စိတ်၊ လှူဒါန်းချင်တဲ့စိတ်တွေကသာ ခန္ဓာကိုယ်ကို ကြီးစိုးအုပ်ချုပ်လို့နေလေတော့ လောဘ၊ ဒေါသတွေ အနီးအနားတောင် မကပ်နိုင်ပါဘူး။
လောဘ၊ ဒေါသတွေမကပ်နိုင်တော့လည်း စိတ်ကလေးသည် ဆင်းရဲမှုမှ လွတ်ကင်းနေတယ်ပေါ့။
တဖြည်းဖြည်း ကုသိုလ်ပြုရင်း၊ ဒါနလုပ်ရင်းဖြင့် သဒ္ဓါတရားတွေ တစ်နေ့တခြားတက်လာတယ်။
လှူပြီးရင်း လှူချင်ရင်း၊ လှူပြီးရင်း လှူချင်ရင်း ဖြစ်နေတယ်။ မလှူ ဖူးတဲ့ သူကတော့ လှူ ရမှာ ကြောက်နေတတ်တယ်၊
ရှိတဲ့ပစ္စည်းလှူလိုက်ရင် ဆင်းရဲကုန်မှာလား၊
ဒုက္ခရောက်မှာလား ဆိုတဲ့ ဆုတ်နစ်တဲ့ သံသယစိတ်တွေ
ဆုံးဖြတ်ချက်မချနိုင်တဲ့စိတ်တွေ ဝင်ဝင်လာတတ်တယ်။
ဝင်တော့ မလှူဖြစ်ဘူး၊ မလှူဖြစ်တော့ ကုသိုလ်မရဘူး ကုသိုလ်မရတော့ အကုသိုလ်ဖြစ်စရာ လောဘ၊
ဒေါသတွေ ဝင်လာတော့တာပဲ။ စိတ်ဆိုတာ
တစ်စိတ်ပဲပေါ်ရတာ နှစ် စိတ်ပြိုင်မဖြစ်နိုင်ပါဘူး၊
ဒါကြောင့် ကုသိုလ်စိတ်မဖြစ်ရင် အကုသိုလ်စိတ်ဖြစ်နေတာပေါ့။
(၃)
သာဝတ္ထိမြို့သား ဒါယကာ ကတော့ လှူ ရင်း လှူ ရင်းနဲ့ သဒ္ဓါစိတ်တွေ ထက်သန်လာပြီး သူပိုင်ဆိုင်တဲ့ စီးပွားဥစ္စာတွေကို တစ်ပုံက စီးပွားလုပ်ကိုင်ဖို့၊ နောက်တစ်ပုံက သား မယားကျွေးမွေးဖို့၊ ကျန်တစ်ပုံက သာသနာပြုလှူဒါန်းဖို့ ဆိုပြီး သုံးပုံ သုံးစု ခွဲဝေ ပုံခဲ့ပါတယ်။
ဆောင်ပုဒ်----
တစ်ပုံ စီးပွား၊ တစ်ပုံစား၊ ကျန်ကားလှူဒါန်းမယ်။
လောကသာသနာ၊ ထိုနည်းသာ၊ ပြုတာကောင်းဖို့ကွယ်၊
တို့သူ ငါ လည်း၊ထိုနည်းပဲ၊ သုံးစွဲ ကျင့်သင့်တယ်။
လောက တာဝန်လည်းကျေ၊ သာသနာ့တာဝန်လည်းအဆင်ပြေအောင် ဆောင်ရွက်နိုင်ခဲ့တယ်ပေါ့။
တစ်ချို့ လောကတာဝန်သာကျေပြီး၊ သာသနာ့တာဝန် မကျေကြဘူး။ တစ်ချို့ နှစ်မျိုးလုံးမကျေကြဘူး။ တစ်ချို့ နှစ်မျိုးလုံးကျေကြတယ်။ လောက တာဝန် သာသနာ့တာဝန် နှစ်မျိုးလုံးကျေရင်တော့ လောက ဝတ္တရားလည်း မပျက်ကွက်သဖြင့် လောကအပြစ်ကင်းပြန်တယ်။
သာသနာ့ ဝတ္တရားလည်း မပျက်ကွက်သဖြင့် ဓမ္မ အပြစ်လည်းကင်းပြန်တယ်။
ဓမ္မအပြစ်ကင်းတော့ သံသရာခရီးအတွက် ခရီးဆက်ဖို့ရာ အင်မတန်ကောင်းတယ်။ ကုသိုလ်ရိက္ခာတွေ လုံလုံလောက်လောက်နဲ့ သွားရ လာရတာ အတော့်ကို အဆင်ပြေတယ်။
ရိက္ခာမပါရင် သိက္ခာကျမယ်၊ မျက်နှာငယ်ရမယ်။ သူတစ်ပါးစားချိန်မစားရ၊ ဝတ်ချိန်မဝတ်ရ၊ နားချိန်မနားရ၊ ဒုက္ခချာချာလည်လိမ့်မယ်။ သာသနာပြုလုပ်ငန်းတို့ဖြင့် စိတ်ကိုယဉ်ကျေးသိမ်မွေ့အောင် ထိန်းပြီး သုခ လမ်းကြောင်းပေါ်မှာ လျှောက်ခဲ့ပါတယ်။
ဆင်းရဲမှုတစတစ နည်းပါးပြီး ချမ်းသာမှုတွေ များလာပါတယ်၊ ကျင့်စဉ်မှန်လို့ပေါ့။ ဒါနမှု အမျိုးမျိုးဖြင့် စိတ်ကိုထိန်းရတာ အောင်မြင်မှုသရဖူဆောင်းနိုင်တဲ့အခါ ဒီထက်ကောင်းတဲ့ စိတ်ထိန်းကိရိယာလုပ်ငန်း ရှိပါသေးသလားဟု ဆရာရဟန်းထံ လျှောက်ထားတော့ သရဏဂုံ ဆောက်တည်ပြီး စိတ်ကို ဒုက္ခမှ လွတ်ကင်းအောင်ထိန်းပါ။
သီလ ဆောက်တည်ပြီး စိတ်ကို ဆင်းရဲမှုမှလွတ်ကင်းအောင်ထိန်းပါဟု အမိန့်ရှိပါတယ်။
(၄)
သရဏဂုံသီလတွေဖြင့် စိတ်ကိုထိန်းလိုက်တော့ ပိုပြီးအောင်မြင်လာတယ်။ ဒါနက လောဘ ကို ဖယ်ရှားနိုင်တယ်၊ သရဏဂုံက အန္တရာယ်ကို ကာကွယ်နိုင်တယ်၊ သီလ က ဒေါသကိုဖယ်ရှားနိုင်တယ်ဆိုတော့ အနှောက်အယှက် အန္တရာယ်မှ လွတ်ကင်းပြီး လောဘ အညစ်အကြေး၊ ဒေါသ အညစ်အကြေးတို့နှင့်လည်း မဆက်သွယ်မိပဲ ဖြူစင် သန့်ရှင်း အပြစ်ကင်းတဲ့စိတ်ကို ပိုင်စိုးထားနိုင်တော့ ဒုက္ခဘေးမှ လွတ်ကင်းပြီး ချမ်းသာမှု ရခဲ့တာပေါ့။
သီလအရာမှာ ငါးပါးကနေ ဆယ်ပါးထိအောင်ထိန်းပြီး
ဒုက္ခနယ်မှလွတ်အောင် ကြိုးစားခဲ့ပါတယ်။
ဒါန စွမ်းအင်ကြောင့် စီးပွားရေးတွေ တိုးတက်လာခဲ့တယ်၊
သရဏဂုံ စွမ်းအင်ကြောင့် အလုပ်အကိုင် အကြံအစည်တွေအဆင်ပြေချောမော အောင်မြင်မှုရှိလာပါတယ်၊
အနာရောဂါကင်းရှင်းပြီး ချစ်သူ ခင်သူ မိတ်ဆွေ သင်္ဂဟတွေလည်း
ပေါများလာပါတယ်။
ဘက်စုံဖွံ့ဖြိုးတိုးတက်လာပြီး မကြာခင်မှာပဲ
”အနုပုဗ္ဗသူဌေး”ရယ်လို့ နာမည်ကျော်ကြား လူသိများလာပါတယ်။
(၅)
လောက ဘက်မှာလည်း တာဝန်ကျေ သာသနာဘက်မှာလည်း လိုလေသေးမရှိရအောင် ထောက်ပံ့လှူဒါန်းပြီး ကိုယ်ကျင့်တရားနှင့်လည်းပြည့်စုံအောင် လက်တွေ့ကျင့်သုံးအကောင်အထည်ဖေါ် ဆောင်ရွက်လိုက်တဲ့အခါ စီးပွားရေးတွေ တစ်နေ့တခြားဒီရေအလားကဲ့သို့ များပြားတိုးတက် ချမ်းသာခဲ့တယ်ပေါ့။
သာမန်ပုဂ္ဂိုလ် ဘဝ ကနေ သာဝတ္ထိမြို့မှာ သူဌေးတစ်ယောက်ဖြစ်ခဲ့ပါပြီ။ သူဌေးဖြစ်တော့လည်း အာရုံတွေပြား စိတ်မများဘဲ အထက်တန်းစားအကျင့်တွေကို ကျင့်ကြံနိုင်ဖို့အတွက် သံသာရ ဝဋ္ဋ ဒုက္ခတော မောစနတ္ထာယ ပဗ္ဗဇ္ဇံ ယာစာမိ ဆင်းရဲဝဋ်မှ ကျွတ်ချင် လွတ်ချင်ရင် ရဟန်းပြုရမယ်ဟု ဆရာရဟန်းဆုံးမတဲ့အတိုင်း လူ့ဘောင်ကိုစွန့်ခွာပြီး ရဟန်းဝတ်ခဲ့ပါတယ်။
(၆)
ဇနီးမယား သမီး သား နှင့်တကွ စီးပွားဥစ္စာတွေကို စွန့်ခွာပြီး ရဟန်းပြုတယ်ဆိုတာ ဆင်းရဲဝဋ်မှ ကျွတ်ချင်တဲ့ ဆန္ဒ ပြင်းပြထက်သန်ခြင်းအကြောင်းသာဖြစ်တယ်၊ ဆရာသမားတွေကလည်း သွန်သင်ဆုံးမ နည်းလမ်းပြကြပါတယ်။
နိသျှည်းဆရာက အဘိဓမ္မာဆောင်ဆရာဆိုတော့ အဘိဓမ္မာ သဘောတွေ သင်ပေးပါတယ်။ ဒါကရုပ် ဒါကနာမ် မျက်စိနဲ့ အဆင်း ဆုံရင် မြင်စိတ်ပေါ်တယ်။
နား နဲ့ အသံ ဆုံရင် ကြားစိတ်ပေါ်တယ်။
နှာခေါင်းနဲ့ အနံ့ ဆုံရင် နံစိတ်ပေါ်တယ်။
လှျှှာ နဲ့ အရသာ ဆုံရင် စားစိတ်ပေါ်တယ်
၊ကိုယ်နဲ့ ထိစရာဆုံရင် ထိစိတ်ပေါ်တယ်။ စိတ်နဲ့အတွေးအာရုံဆုံရင် တွေးစိတ်ပေါ်တယ် စသည်ဖြင့် သင်ပြပေးတာပေါ့။
ဥပဇ္ဈာယ်ဆရာက ဝိနည်းဆောင်ဆရာဆိုတော့ ဝိနည်းသိက္ခာပုဒ်တွေ သင်ပြပေးတာပေါ့။
ကြမ်းပိုး၊ခြင် တို့သတ်ရင် ပါစိတ်အာပါတ်သင့်တယ်၊ ဒါပေမယ့်ဒေသနာကြားရင် အပြစ်ကျေတယ်။ ဆရာနှစ်ပါး တစ်ပါးတစ်မျိုးစီသင်ပေးတော့ ရဟန်းသစ်ခမျာ စိတ်တွေညစ်ညူးလာတယ်။
ဟိုဟာလုပ်ရရင်ကောင်းမလား၊
ဒီဟာလုပ်ရရင်ကောင်းမလား သံသယတွေ ဝင်လာခဲ့တယ်။ အဘိဓမ္မာနည်းအရ ခြင်ကိုသတ်ရင် အကုသိုလ်ဖြစ်တာပဲ။ ဝိနည်းအရ ခြင်ကိုသတ်ပြီးဒေသနာကြားရင် အပြစ်မရှိဘူးဆိုတော့ ဆန့်ကျင်ဘက်တွေ ဖြစ်နေတယ်။ အဘိဓမ္မာလို ကျင့်ရမှာလား ၊ ဝိနည်းလိုနေရမှာလား စိတ်ကိုမဆုံးဖြတ်နိုင်တော့ဘူး။
(၇)
လူ့ဘဝဖြင့်နေတာက ဒါန၊သီလ ဆောက်တည်ခွင့်ရသဖြင့်
တော်ပါသေးတယ်။ ရဟန်းဘဝရောက်မှ စိတ်ညစ်ညူးစရာတွေပေါ်ပေါက်ခဲ့ရပါပြီ။
စိတ်ညစ်ပြီး သာသနာ့ဘောင် မပျော်တော့ဘူး၊ လူထွက်ပြီး ဒုက္ခဝဋ်မှကျွတ်အောင် ကြိုးစားချင်စိတ်တွေ ဖြစ်လို့နေပြီ။
ကမ္မဌာန်းလည်းမစီးဖြန်း၊ စာလည်းမကျက်တော့ပဲ
တွေးတော ငေးမှိုင်နေတယ်။
စားလို့လည်းမဝင် အိပ်လို့လည်းမပျော်
စိတ်သောကရောက်ပြီး ခန္ဓာကိုယ်သေးသိမ်ပိန်ချုံးလာတယ်။
ရှင်ငယ်၊ ရဟန်းငယ်တွေက အရှင်ဘုရား
-အရှင်ဘုရား ကိုကြည့်ရတာ ခါတိုင်းလိုမဟုတ်ဘူး၊ တစ်နေ့တခြားခန္ဓာကိုယ်ပိန်လာတယ်၊ကျန်းမာရေးမ
ကောင်းလို့လား စသည်ဖြင့် မေးလျှောက်ကြပါတယ်။
တပည့်တော် သာသနာ့ဘောင်မှာမပျော်တော့ဘူးဘုရား၊
ဘာကြောင့် မပျော်တာလဲ ၊
အရှင်ဘုရားတို့ သာသနာက အဘိဓမ္မာက တစ်မျိုး ၊
ဝိနည်းက တစ်ဖုံ ဘာလုပ်လို့ ဘာလုပ်ရမှန်းနားမလည်တော့ဘူးဘုရား၊
တပည့်တော် စိတ်ရှုပ်တယ်၊ လူထွက်တော့မယ်ဘုရား၊
ရှင်ငယ်၊ ရဟန်းငယ်တွေက အကျိုး အကြောင်း ဆရာနှစ်ပါထံလျှောက်ထားကြပါတယ်။
(၇) ဘုရားရှင်နဲ့တွေ့တဲ့အခါ-
ဆရာနှစ်ပါးက သာသနာတော် မပျော်တဲ့ရဟန်းကို ဘုရားရှင်ထံခေါ်သွားပြီး အကျိုး အကြောင်း လျှောက်ထားကြပါတယ်။
ဘုရားရှင်က ချစ်သားရဟန်း သာသနာဘောင်နေတယ်ဆိုတာက
ဝိနည်းပညတ်တော်ကိုလည်း မကျော်လွန်ရဘူး၊ အဘိဓမ္မာပရမတ်ကိုလည်း မဖောက်ဖျက်ရဘူး၊ နှစ်ပါးလုံးကို ထိန်းနိုင်မှ အဆင်ပြေတယ်ဟု မိန့်တော်မူပါတယ်။
ဝိနည်းပညတ်တော်ကို ကျော်လွန်ရင် သီလပျက်တယ်၊
အဘိဓမ္မာပရမတ်ကို ဖောက်ဖျက်ရင် ပညာပျက်တယ်၊
သီလ ပျက်တော့ ခြေထောက်ကျိုးတာပဲ၊
ပညာပျက်တော့ ခေါင်းပြတ်တာပဲ။
သီလ ခြေထောက်လည်း မကျိုးစေနဲ့ ၊
ပညာ ခေါင်းလည်း မပြတ်စေနဲ့။
မကျိုးအောင် မပြတ်အောင် မထိန်းနိုင်ရင်
သူများပါးစပ် လမ်းဆုံးပြီး ဝါဂွမ်းဖြစ်ပြီ၊
ဝါဂွမ်းသည် တောင်ဘက်က ပါးစပ်နဲ့ မှုတ်လိုက်တော့ မြောက်ဘက်လွင့်၊ မြောက်ဘက်က ပါးစပ်လေနဲ့ မှုတ်လိုက်တော့ တောင်ဘက်ကိုလွင့်။
မတည်မြဲဘူး၊ ဒီအတိုင်းပဲ သူမျာပြောတာ လျောက်လုပ်နေတဲ့
ပုဂ္ဂိုလ်သည် ဝါဂွမ်း ဖြစ်နေတာပဲ။
ကိုယ်ပိုင်ဉာဏ်ဖြင့် ဆင်ခြင်ကြည့်ပါ၊၊
သူများ ဘယ်လို ပြောပြော ကိုယ်တိုင်အလုပ်သဘောနှင့်
တိုင်းတာကြည့်လျင် အဖြေမှန်ပေါ်လာလိမ့်မယ်။ လေတိုက်ရင် ဝါဂွမ်းဆိုတာ လွင့်စမြဲပဲ၊ လေဆိုတာလည်း သူ့သဘာဝအတိုင်းတိုက်မှာပဲ။
ဒီတော့ လေဘယ်လောက်တိုက်တိုက် ကိုယ့်ဝါဂွမ်းမလွင့်ဖို့ရာ အရေးကြီးတယ်။ ဝါဂွမ်းမလွင့်အောင် ကျောက်ဖိထားလိုက်ပေါ့။
(၈)
ဒီအတိုင်းပါပဲ၊ စိတ်ကလေးသည် ဝါဂွမ်းနဲ့တူတယ်၊ စိတ်ဆိုတဲ့ဝါဂွမ် းမလွင့်အောင် သတိကျောက်တုံးဖိထားလိုက်ရင် ၊ဝိနည်းပညတ်လေတိုက်တိုက် ၊အဘိဓမ္မာလေတိုက်တိုက်မလွင့်တော့ပါဘူး။
*စိတ်ကို သတိနှင့် ဖိ၊
စိတ်ကို သမာဓိနှင့် ဖိ၊
စိတ်ကို ဝီရိယ နှင့် ဖိ၊
စိတ်ကို ပညာနှင့် ဖိ၊
စိတ်ကို သဒ္ဓါ နှင့် ဖိ ထားလိုက်၊
ဘယ်အာရုံလေတွေတိုက်တိုက် မလွင့်နိုင်တော့ပါဘူး။
စိတ်တစ်ခုကို သတိဖြင့်ထိန်းထားရုံဖြင့် ဝိနည်းပညတ်တော်ကိုလည်း လိုက်နာပြီးသားဖြစ်တယ်
၊အဘိဓမ္မာပရမတ်ကိုလည်း စောင့်ရှောက်ပြီးသားဖြစ်တယ်၊
စိတ်တစ်ခုကိုထိန်းသိမ်း စောင့်ရှောက်ကာမျှဖြင့် သီလခြေထောက်လည်းကောင်း၊
ပညာ ဦးခေါင်းလည်းကောင်းပြီး၊
နိဗ္ဗာန်မြို့သို့ အရောက်သွားနိုင်မှာဖြစ်ပါတယ်။
စိတ်တစ်ခုကို ထိန်းနိုင်ရင် အားလုံးကိုထိန်းရာရောက်တယ်။ အားလုံးကို
ထိန်းရာရောက်သဖြင့် ဒုက္ခဝဋ်မှလည်း ကျွတ်လွတ်နိုင်ပါတယ်။
စိတ်ကို သတိပညာ ဦးဆောင်ပြီးထိန်းထားနိုင်ရင် ချမ်းသာမှုဆိုတာ ရမှာအမှန်ဖြစ်တယ်လို့ ဘုရားရှင်က ဟောကြားလိုက်ပါတယ်။
ရဟန်းတော်သည် သတိ ပညာ ဖြင့် စိတ်ကိုထိန်းပြီး လုပ်ငန်းခွင်ဝင်လိုက်တဲ့အခါ စိတ်ကလေးငြိမ်ဝပ်ပြီးသွားတယ်။ စိတ်ပေါ်တိုင်း သိတယ်၊
စိတ်ရဲ့ဖြစ် ပျက်ကို မြင်ပါများတော့ စိတ်ကိုမုန်းလာတယ်၊
မုန်းတော့ ဆုံးပြီး ဒိဋ္ဌိ နှင့် ဝိစိကိစ္ဆာကွာတော့ သောတာပန်တည်ခဲ့ပါတယ်။
စိတ်ကိုထိန်းလိုက်တော့ အပါယ်ဒုက္ခမှ လွတ်ငြိမ်းသွားတာပေါ့။
စိတ်ကိုထိန်းဖို့ရာ အင်မတန်အရေးကြီးပါတယ်။
သတိ ပညာ မရှိပဲ မထိန်းနိုင်ပါဘူး။ စိတ်ပေါ်တိုင်း သတိထားပါ။
စိတ်ပေါ်တိုင်း ပညာဖြင့်သိပါ။
စိတ်ကို ထိန်းနိုင်ရင် ဒုက္ခငြိမ်းမှာ ဖြစ်ပါတယ်။
ဒုက္ခငြိမ်းအောင် စိတ်ကို ထိန်းနိုင်ကြပါစေဟု
ဆုတောင်းမေတ္တာပို့ပြီး တရားသိမ်းကြရအောင်…(သာဓု ၃)