“ယောနိသော မနသိကာရ”
••••••••••••••••••••••••••••••••••
ဒေါသထွက်တယ်ဆိုရင် ဒီဒေါသ ဘာလို့ဖြစ်တာလဲ၊
ဘယ်က ပေါ်လာတာတုံးနော်။ ဘာကို အကြောင်း
ပြုပြီးတော့ ဘာဖြစ်တာတုံးဆိုတာကို
အကြောင်းရင်းကို လိုက်ရှာကြည့်။
အကြောင်းရင်းကို လိုက်ရှာကြည့်လိုက်ရင်
တွေ့လိမ့်မယ်။
ကိုယ်မကြိုက်တဲ့ အာရုံတစ်ခုရယ်၊
မကြိုက်တဲ့ အာရုံပေါ်မှာ ကိုယ်နှလုံးသွင်းတာ
မမှန်တာရယ်၊ဒီ နှစ်ခု အကြောင်းပြုပြီးတော့ ဖြစ်တာ။
ကိုယ့်စိတ်က နဂိုထဲက ဒါမကြိုက်ဘူးဆိုတာ
သတ်မှတ်ထားတယ်။ အဲဒီ မကြိုက်တာကို လုပ်ရမလား၊
ဒီမကြိုက်တာကြီး ဖြစ်ရမလားဆိုတဲ့ အတွေးပေါ်မှာ
ဒီဟာ ဒေါသက ဖြစ်တာပဲ။ အဲတော့ မကြိုက်တဲ့
အာရုံဆိုတာ ပြင်လို့တော့ မရဘူး။
မကြိုက်တဲ့၊ မကြိုက်စရာကောင်းတဲ့ အာရုံပဲ
ရှိနေမှာပဲ။ သူ့ဟာသာသူနော်။
အာရုံဆိုတာ နှစ်မျိုးရှိတယ်။
desirable object နဲ့ undesirable object ။
နှစ်သက်စရာ အာရုံဆိုတာလည်း လောကမှာ ရှိနေမှာပဲ။
မနှစ်မြို့စရာ အာရုံဆိုတာလည်း လောကမှာ ရှိနေမှာပဲ။
သူ့ကို ပြင်ဖို့ မလိုဘူး။
ပြင်ရမှာ ဘာတုံးဆိုရင် ကိုယ့်ရဲ့ attention ကို
ပြင်ရမှာ။
မနှစ်သက်စရာ အာရုံပေါ်မှာ ကိုယ်ဘယ်လို စဉ်းစားမလဲ။
နှစ်သက်စရာ အာရုံကျတော့ ဘယ်လို စဉ်းစားသလဲ။
အဲဒီ စဉ်းစားမှုလေးကို ပြင်ခိုင်းတာ။
မစဉ်းစားခဲ့ရင် နှစ်သက်စရာ အာရုံဆိုရင်
ဟာ. .. လိုချင်လိုက်မယ်။ ဒါသဘာဝလို ဖြစ်နေတယ်။
မနှစ်သက်စရာ အာရုံဆိုရင် မုန်းတီးတဲ့ စိတ်
ဖြစ်လာတယ်။ အဲဒီဟာကို လမ်းကြောင်းပြောင်းပစ်ရမယ်။
အဲဒါကို စာပေလို ပြောတော့ “ယောနိသော မနသိကာရ”
လို့ ခေါ်တယ်။
“ယောနိသော မနသိကာရ”ဆိုတာကို ဒီကနေ့
အင်္ဂလိပ်လို ဘာသာပြန်တဲ့ စာအုပ်တွေထဲမှာ
wise attention လို့ ပြန်ကြတယ်။ စာပေအတိုင်း
ပြန်မယ်ဆိုရင် proper attention လို့ ပြန်ရမယ်။
“သင့်လျော်အောင် စဉ်းစားတတ်တာ”။
သည်းခံခြင်း၊ ခွင့်လွှတ်ခြင်း၊ မကြိုက်တာတွေ့လို့ရှိရင်
သည်းခံခြင်း၊ ခွင့်လွှတ်ခြင်း ဆိုတာလည်း စဉ်းစားလို့
ရှိရင် မလာဘူး “ဒေါသ။”
အဲဒီလို ဥပမာမယ်.... လူတစ်ယောက်ဟာ
တစ်ခုခု မှားမှားယွင်းယွင်း လုပ်လို့ရှိရင် ကိုယ်က
ဒီလောက်တောင် မိုက်မဲရမလားဆိုပြီး “ဒေါသ”
ဖြစ်တယ်။ အဲဒါ inproper attention,
unwise attention လို့ ခေါ်တယ်။
wise attention ဖြစ်အောင် ဘယ်လို လုပ်မလဲ။
ဪ... သူ မသိလို့ လုပ်တာပဲ။
သိအောင်လုပ်ရမယ်...ဒီဟာကို။
ဪ....အသိဉာဏ်ဆိုတာ အင်မတန်
အရေးကြီးတာပါလား ဆိုတာကို စဉ်းစားလိုက်ရင်
“ဒေါသ” မဖြစ်တော့ဘူး။ ။
-【စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist Association】
-【ပါမောက္ခချုပ်ဆရာတော်ဒေါက်တာ
အရှင်နန္ဒမာလာဘိဝံသ】