အလှူအတန်းတွေလှူပြီးရင် နိဗ္ဗာန်မရခင်စပ်ကြား လူ့ဘဝ နတ်ဘဝရရပါလို၏ လို့ဆုတောင်းကြတယ်။ အဲဒီလို ဆုတောင်းတဲ့အခါမှာ နတ်ဘဝရရင် နတ်ချမ်းသာအမှန်ဖြစ်မယ်ထင်ကြတယ်။ နတ်တိုင်းချမ်းသာ တယ်ထင်နေသလား။ နတ်ပြည်မှာ ငှက်ပျောပင်ဆိုတာမရှိဘူး။ သကြာမင်းကြီး တနေရာသွားတော့မယ်ဆိုရင် နတ်ဆင်းရဲလေးတွေက သူတို့ကိုသူတို့ မြင်းအဖြစ်ဖန်ဆင်းပေးတယ်။ ဆင်ကြီးအဖြစ် ဖန်ဆင်းပေးရတယ်။ အဲဒီအပေါ် သကြားမင်းကြီးက တက်စီးသွားတာ။ အဲဒီတော့ နတ်ဖြစ်တိုင်း ကောင်းရောတဲ့လား။ ချမ်းသာရောလားဗျာ။
နတ်ပြည်မှာ သိန္ဓောမြင်းတို့ ဧရာဝဏ်ဆင်ကြီးတွေဆိုတာကြားဖူးတယ်မဟုတ်လား။ အဲဒါ နတ်မွဲလေးတွေက သကြားမင်းကြီးတွေ စီးဘို့ဖန်ဆင်းပေးရတာ။
အလှူလုပ်တယ်။ လောက်မှ လောက်ပါ့မလား။ နည်းနေမလား။ လူတွေအများကြီးလာရဲ့လား။ ချက်တဲ့လူတွေကကော အဆင်ပြေရဲ့လား။ ဧည့်ခံတာအဆင်ပြေရဲ့လားလို့ လုပ်နေရင် ကိုယ်လှူတဲ့ အလှူက သန့်ပါ့မလား။ မသန့်တော့ဘူး။ သဲကျတဲ့အလှူဖြစ်နေပြီ။ အညာတွေမှာ မုန့်ထဲ သဲပါနေရင် စားလို့ရလား။ စားလို့ မဖြစ်တော့သလိုဘဲ ကိုယ်လှူတဲ့အလှူဟာလည်း သောကတွေအပြည့်နဲ့ သဲကျတဲ့အလှူဖြစ်နေပြီ။
စိတ်ကလေးကို သတိနဲ့နေလိုက်ရင် ဒီပူပင်မှုတွေ ပကာသနစိတ်တွေ လာပါ့မလား။ လောက်လား မလောက်ဘူးလား တွေးနေပါ့မလား။ အဲဒီလိုလှူမှ မွန်မြတ်တဲ့ဒါနအလှူဖြစ်ပါလိမ့်မယ်။
မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး၏ ေဥယျဓမ်ကျောင်းလွတ်ပွဲ (၁၃၇၅ ခု၊ ၀ါဆိုလဆန်း ၁၀ ရက်) တရားတော်မှ ကောက်နှုတ်ချက်