သားမြတ်သမီးမြတ်ရတနာဖြစ်ဖွယ်ရာ
+++++++++++++++++++++++
လူ့ဘောင်လူ့လောက၌ နေထိုင်ကြသော ပုဂ္ဂိုလ် တို့သည် မိဘနှင့်သားသမီးဟူ၍ နှစ်မျိုးရှိကြပေ ၏။ သားသမီးများကလည်း မိကောင်းဖကောင်း များနှင့်သာ အတူတကွ နေထိုင်လိုကြပေသည်။ မိဘများကလည်း သားမြတ်သမီးမြတ်ရတနာ လေးများနှင့်ပင် အတူတကွ နေထိုင်လိုကြပေ သည်။
မိဘများကလည်း သားသမီးများကို ငယ်ရွယ် စဉ်ခါမှစ၍ သားမြတ်သမီးမြတ်ရတနာများ ဖြစ်ရလေအောင် အမျိုးမျိုးပြုစုစောင့်ရှောက် သွန်သင်ဆုံးမကြပေသည်။ သားသမီးများ ကလည်း သားမိုက် သမီးမိုက်၊ သားဆိုး၊ သမီးဆိုးများ မဖြစ်လိုကြပေ။ သားမြတ် သမီးမြတ် ရတနာများသာဖြစ်လိုကြပေ သည်။ ဤကဲ့သို့သားမြတ်သမီးမြတ်ရတနာ များ ဖြစ်ဖို့ရာမှာ သားမြတ်သမီးမြတ်ဖြစ် ကြောင်း အင်္ဂါငါးပါးနှင့် ပြည့်စုံကြရမည် ဟု ရှေးပညာရှိများက ဖွင့်ပြကြပေသည်။
သားမြတ်သမီးမြတ်ရတနာဖြစ်ကြောင်း အင်္ဂါငါးပါးမှာ သားငယ်သမီးငယ်တို့ သည် ငယ်ရွယ်စဉ်ကပင်
၁။ အလှူဒါနပြုခြင်း၌ ၀ါသနာပါခြင်း။
၂။ တရားဓမ္မကျင့်ခြင်း၌ ၀ါသနာပါခြင်း။
၃။ ဟုတ်မှန်ရာဘက်၌ ရဲရင့်သောစိတ် ဓါတ်ရှိခြင်း။
၄။ အတတ်ပညာသင်ယူရာ၌ စွဲမြဲ သော စိတ်ဓါတ်ရှိခြင်း။
၅။ စီးပွားဥစ္စာရှာရာ၌ စွဲမြဲသောစိတ် ဓါတ်ရှိခြငး်ဟူ၍ ငါးပါးဖြစ်ကြပေသည်။
၁။ အလှူဒါနပြုခြင်း၌ဝါသနာကြီးခြင်း ဟူသည် အကြင်သားငယ်သမီးငယ်တို့သည် ကျောင်းသူကျောင်းသားအရွယ် ငယ်ရွယ် စဉ်ကပင် မိမိအတွက်ရရှိသော စားသောက် ဖွယ်ရာများကို သူငယ်ချင်းမိတ်ဆွေများ အား ပေးလှူလေ့ရှိ၏။ အလှူခံများနှင့် ကြုံတွေ့ရသောအခါ မိမိမုန့်ဖိုးထဲက နည်းများမဟူ ပေးလှူတတ်ကြပေ သည်။ ထိုသားငယ်သမီးငယ်တို့သည် သားမြတ်သမီးမြတ်ဖြစ်ကြောင်းအင်္ဂါ တစ်ပါးနှင့်ပြည့်စုံနေကြခြင်းပင်ဖြစ် သည်။
ထိုကဲ့သို့မဟုတ်ပါဘဲ အကြင်သားငယ် သမီးငယ်တို့သည် အလှူဒါနပြုလုပ် ခြင်း၌ ၀ါသနာမရှိခဲ့သော် မိဘဘိုးဘွား ကြီးကဲသူများက အလှူဒါနပြုဖို့ရာ ပြောဆိုညွှန်ကြားတိုက်တွန်းပေးကြ ရပေသည်။ သားငယ်သမီးငယ်တို့ အလှူဒါနကိုနည်းများမဟူ ပြုကြ ရပေသည်။ အလှူဒါနပြုမှနောင်ဘဝ များ၌ စီးပွားဥစ္စာပေါများကြွယ်ဝ၍ ဒါန၊ သီလ၊ ဘာဝနာ ကောင်းမှု ကုသိုလ်များကို ပြုလုပ်နိုင်ကြသ ဖြင့် နိဗ္ဗာန်ချမ်းသာရောက်သည့် ဘဝတိုင်အောင် ချမ်းသာသုခများ ရရှိနိုင်ကြပေသည်စသဖြင့်ပြောဆို ညွှန်ကြားတိုက်တွန်းပေးကြရပေ သည်။
၂။ တရားဓမ္မကျင့်ခြင်း၌ ၀ါသနာရှိခြင်း ဟူသည် အကြင်သားငယ် သမီးငယ်တို့သည် ကျောင်းသူကျောင်းသားအရွယ်ငယ်စဉ် ကပင် သီလစောင့်ထိန်းခြင်း၊ ပုတီးစိပ် ခြင်း၊ ၀ိပဿနာတရားအားထုတ်ခြင်း တို့၌ ၀ါသနာရှိကြပေသည်။ မိဘ ဘိုးဘွား ကြီးကဲသူများနှင့် အတူတကွ ကျောင်းကန်ဘုရားများသို့ လိုက်၍ တရားဓမ္မတို့ကိုလေ့ကျင့်ပေးကြပေ သည်။ ထိုသားငယ်သမီးငယ်တို့ သည် သားမြတ် သမီးမြတ်ဖြစ် ကြောင်း အင်္ဂါတစ်ပါးနှင့်ပြည့်စုံနေခြင်း ပင်ဖြစ်သည်။
ထိုကဲ့သို့မဟုတ်ပါဘဲ အကြင်သား ငယ် သမီးငယ်တို့သည် သီလ ဆောက်တည်ခြင်းစသောတရားဓမ္မ ကျင့်ခြင်း၌ ၀ါသနာမရှိခဲ့သော် မိဘ ဘိုးဘွား ကြီးကဲသူများက အကျင့် သီလတရားဓမ္မတို့ကိုကျင့်ဖို့ရာ ပြောဆိုညွှန်ကြား တိုက်တွန်းပေးကြ ရပေသည်။ သားငယ်သမီးငယ်တို့ အကျင့်သီလတရားဓမ္မရှိမှသာ အရာရာမှာ တင့်တယ်ကြပေသည်။ ပစ္စည်းဥစ္စာရလွယ်ခြင်း၊ ဂုဏ်သတင်း ကောင်းခြင်း၊ သူတစ်ပါးတို့ချစ်ခင် ကြည်ညိုခြင်းစသော အကျိုးနှင့် နောက်နောင်ဘဝများတွင်ကောင်း မြတ်သော ဘုံဘဝများသို့ရောက် ရှိရခြင်း၊ နိဗ္ဗာန်ချမ်းသာသို့ရောက်ရှိ ရခြင်းအကျိုးတို့ကို ရရှိနိုင်ကြပေ သည် စသည်ဖြင့် ပြောဆိုညွှန်ကြား တိုက်တွန်းပေးကြရပေသည်။
၃။ ဟုတ်မှန်သောဘက်၌ ရဲရင့်သော စိတ်ဓါတ်ရှိခြင်းဟူသည် အကြင်သားငယ်သမီးငယ်တို့သည် ကျောင်းသူကျောင်းသားအရွယ်ငယ် စဉ်ကပင် ကြောက်ရွံ့သောစိတ်မရှိ ကြပေ။ ရဲရင့်သောစိတ်ဓါတ်ရှိကြပေ သည်။ အရာရာတွင် မကြောက်ရွံ့ တတ်၊ မှန်ကန်သည့်ဘက်ကရပ် တည်၍ ပြောဆိုတတ်ကြပေသည်။ ထိုသားငယ်သမီးငယ်တို့သည် သားမြတ်သမီးမြတ်ဖြစ်ကြောင်း အင်္ဂါတစ်ပါးနှင့်ပြည့်စုံနေခြင်းပင် ဖြစ်ပေသည်။
ထိုကဲ့သို့မဟုတ်ပါဘဲ အကြင်သား ငယ် သမီးငယ်တို့သည်အရာရာ တွင် ကြောက်လန့်နေခဲ့သောမိဘ ဘိုးဘွား ကြီးကဲသူများက သား ငယ်သမီးငယ်တို့ လူဆိုတာရဲရင့် ရသည်။ မှန်ကန်သည့်ဘက်က ရပ်တည်၍ ပြောဆိုတတ်ကြရပေ သည်။ မကြောက်သင့်သောအရာ များကိုကြောက်နေပါက လူ့ဘဝ၌ မတိုးတက်နိုင်ပေ။ ဆုတ်ယုတ် သွားတတ်ကြပေသည်ဟု ပြောဆို ညွှန်ကြားတိုက်တွန်းပေးကြရပေ သည်။
၄။ အတတ်ပညာသင်ယူရာ၌ စွဲမြဲ သော စိတ်ဓါတ်ရှိခြင်းဟူသည် အကြင်သားငယ် သမီးငယ်တို့သည် ကျောင်းသူကျောင်းသားအရွယ် ငယ်စဉ်ကပင် အတတ်ပညာကို သင်ယူရာ၌ စွဲစွဲမြဲမြဲမတတ်မနေ တတ်မြောက်အောင် သင်ယူတတ် ကြပေသည်။ စာမှန်မှန်ကျက်၍ ကျောင်းမှန်မှန်တက်ကြပေသည်။ ထိုသားငယ်သမီးငယ်တို့သည် သားမြတ်သမီးမြတ်ဖြစ်ကြောင်း အင်္ဂါတစ်ပါးနှင့်ပြည့်စုံနေခြင်းပင် ဖြစ်ပေသည်။
ထိုကဲ့သို့မဟုတ်ပါဘဲ အကြင်သား ငယ် သမီးငယ်တို့သည်အတတ် ပညာကို သင်ယူရာ၌ စွဲစွဲမြဲမြဲမရှိ ကြချေ။ ပျင်းရိနေတတ်ကြပေ သည်။ ထိုသားငယ်သမီးငယ်တို့ ကို မိဘ ဘိုးဘွား ကြီးကဲသူများ က သားငယ်သမီးငယ်တို့လူဆို တာ ပညာတတ်မှ သူတစ်ပါး အကျိုးတို့ကိုဖြစ်မြောက်အောင် ဆောင်ရွက်နိုင်ပေသည်။ ပညာ မတတ်ပါက အခိုင်းအစေဖြစ် တတ်ကြပေသည်။ ပညာဆိုတာ အမြတ်ဆုံးဥစ္စာဖြစ်ပေသည်။ ပညာရွှေအိုးလူမခိုးဟု ဆိုရိုးပြုကြ သည် စသည်ဖြင့် ပြောဆိုညွှန်ကြား တိုက်တွန်းပေးကြရပေသည်။ ၅။ စီးပွားဥစ္စာရှာရာ၌စွဲမြဲသောစိတ်ဓါတ် ဟူသည် အကြင်သားငယ်သမီးငယ်တို့သည် ပညာတတ်မြောက်၍ စီးပွားရှာသော အရွယ်သို့ရောက်သောအခါ စီးပွား ဥစ္စာရှာဖွေရာတွင် (ဓမ္မိယလဒ္ဓ) တရားသဖြင့် စီးပွားဥစ္စာကိုမရမနေ ရအောင်ကြိုးစား၍ရှာဖွေတတ်ကြ ပေသည်။ ထိုသားငယ်သမီးငယ် တို့သည် သားမြတ်သမီးမြတ်ဖြစ် ကြောင်း အင်္ဂါတစ်ပါးနှင့်ပြည့်စုံနေ ခြင်းပင်ဖြစ်ပေသည်။
ထိုကဲ့သို့မဟုတ်ပါဘဲ အကြင်သား ငယ်သမီးငယ်တို့သည် ပညာတတ် မြောက်၍ စီးပွားဥစ္စာရှာဖွေသည့် အရွယ်သို့ရောက်သောအခါစီးပွား ဥစ္စာကိုစွဲစွဲမြဲမြဲရှာလေ့မရှိကြပေ။ ရှာချည်တစ်လှည့်၊ မရှာချည်တစ် လှည့်ဖြစ်နေတတ်ကြပေသည်။ ထိုသားငယ်သမီးငယ်တို့ကို မိဘ ဘိုးဘွား ကြီးကဲသူများက သားငယ် သမီးငယ်တို့ လူဆိုတာ စီးပွားဥစ္စာ ကို တရားသဖြင့် ရအောင်ကြိုးစား ၍ ရှာဖွေရသည်။ စီးပွားဥစ္စာရှိမှ ဒါနလည်းပြုလုပ်နိုင်သည်။ သီလ လည်းဆောက်တည်နိုင်သည်။ သမထ ၀ိပဿနာတရားတို့ကို လည်း (အချိန်ယူ၍) ပွားများအား ထုတ်နိုင်ကြပေသည်။ ဒါန၊ သီလ၊ ဘာဝနာကုသိုလ်များရှိမှ ဤဘဝ၊ နောင်ဘဝတို့၌ ချမ်းသာစွာနေ ထိုင်ရပြီး နိဗ္ဗာန်ချမ်းသာတိုင်အောင် ရောက်ရှိသွားနိုင်ပေသည်စသည် ဖြင့် ပြောဆိုညွှတ်ကြားတိုက်တွန်း အားပေးကြရပေသည်။
ဤသို့ဖော်ပြအပ်ခဲ့ပြီးသော အင်္ဂါငါးပါး တို့နှင့်ပြည့်စုံကြသောသားသမီးတို့ သည် သားမြတ်ရတနာ၊ သမီးမြတ် ရတနာများဖြစ်ကြ၍ မိမိအတွက်၊ မိဘဆွေမျိုးများအတွက်၊ လူမျိုး ဘာသာ သာသနာအတွက်အကျိုး များအောင် ဆောင်ရွက်နိုင်ကြမည် ဖြစ်ပေသည်။
သဒ္ဓမ္မရံသီရိပ်သာဆရာတော်