သာဝတ္ထိ ပြည်သူ၊ပြည်သားမျ ားသည်လည်း ရာဇဂြို လ်၊
ဝေသာလီ စသည်တို့ကဲ့သို့ လူထဲက လူမျှ သာ။
သို့တစေလည်း အသက်ရှူ ကား အမှတ်မဲ့ရှူ ရှိုက်
နေသူနှင့်..
အမှတ်နှင့် ရှူ ရှိုက်နေသူမျ ား ဟူ၍ ကွဲထွက်သွားကြ
သည်။
ထိုစဉ် သာဝတ္ထိ ပြည်သူ၊ပြည်သားမျ ားသည် တစ်ခါယူ
နှစ်ခုတွဲပါ နည်းဖြင့် ..
အိပ်သော်မှ သတိလက်မလွတ်။ လေဝင်၊လေထွက်
မှတ်လျ က်က အိပ်ကြသည်။
နိုးလာသော် သတိ လက်မလွတ်။ လေဝင်၊လေထွက်
သတိအမှတ် မပျ က် ထကြသည်။
သည့်နောက် တစ်နေ့လုံးလုံးလည်း.....လယ်ထွန်
သူသည်..
ထွန်ရင်းကပင် သတိ အမှတ်မပျ က် ထင်ရှားရာ
မှတ်လျ က်က ထွန်ချေ ရာ.....
လယ်ထွန်ခြင်းသည်ပင် ကမ္မဋ္ဌာန်း ဖြစ်လာ၏။
ထိုထွန်မှုကြီး၌ သတိသည် တရားခံ ဖော်ထုတ်လျ က်က
ရှိ၏။
ထမင်းချ က်သူသည် ဆန်ကော်၊ ဆန်ဆေးစသည့်
ပြု လုပ်ရင်းကပင်..
အလုပ်တွင်း သတိသွင်းပေး၍ ကမ္မဋ္ဌာန်အလုပ်ပေး
နေ၏။
သည့်အတူ ရေထမ်းသွားသော သားငယ် စသည်မျ ား၊ ငရုတ်သီး ထောင်းသော သမီးငယ် စသူမျ ားသည်
လည်း ..ကိုယ်လုပ်သောအမှု ကမ္မဋ္ဌာန်းရှုသောအားဖြင့်
အလုပ်တွင် သတိစွဲ ကိုယ်နှင့် စိတ် တွဲပွဲလုပ်ပေးနေ
ကြသည်။
သို့ဖြင့် အပူလှန့်၍ လန့်ပျံ နေသောစိ်တ် အပူနည်း
နည်းသလောက် ကိုယ်ဆီ ရောက်လာကြပြီ။
တစ်ဖန် အာရုံဆွဲ၍ ဝဲပျ ံနေသောစိတ်
အာရုံတိတ်ဆိတ် စိတ်တိတ်ဆိတ်လာသဖြင့် ကိုယ်ထံ ပြန်အိပ်လာကြပြီ။
တစ်ချ က်အမှတ် တစ်ချ က် အတွေးရပ် တစ်ချ က်
အမြတ်ပေါ်လာသည်ကို သတိပြု ။
တစ်ချ က် အတွေးတိတ် တစ်ချ က်သွေးတိတ်
တစ်ချ က် စိတ်အေးသည်ကို သတိပြု ။
သို့ဖြင့် သာဝတ္ထိနေမျ ား လူချ င်းတူလျ က်က အသက်
ရှူ ချ င်း ကွဲလာကြရာ .....
အချူ ိ ့ ဓာတ်ရိုင်းကြီးမျ ား အခိုးဖြတ်တောက်ချ ရာမှ
အောက်ကိုမစုန်..
အထက် အထက်သို့သာ ခုန်တက်နိုင်သည့် ဖြူ စင်
အဆင့် ရောက်သွားကြသည်။
အချူ ိ ့ ဓာတ်ယဉ်ခိုးမျ ားကို တန့်စေရာမှ အထက်သို့
မေးတင်..
အထက်မှ အထက် တိုးဝင်သည့် ဖြူ စင်အဆင့်သို့
ရောက်သွားကြလေပြီ။
သို့တစေလည်း သူတို့လေ ဓာတ်အိမ်ငှားပေမို့
ဓာတ်သွေးမျ ားတောင်းခံသည့် ဓာတ်အားခမျ ားလည်း
သွေးဖြင့်ပေးဆပ်နေကြရပါသေးသည်။
သို့တိုင်လည်း မကင်းနိုင်သေး၍ စိတ်မျှ သာ ရှိကြ
သည်။ မူးမူးရူးရူးမျ ားကား မဟုတ်ကြ။
တစ်ဖန် ဓာတ်အိမ်အတွက် ဓာတ်ရိက္ခာမျ ားလည်း
ဆက်နေကြရဆဲပင်။
သည့်အတူ ဓာတ်မှမွေးဖွား ဓာတ်သား၊ဓာတ်သမီးမျ ား
ကိုလည်း စောင့်ရှောက်နေရဆဲပင်။
ဤသည်မှာ သာဝတ္ထိနေ သောတာပန်၊ သကဒါဂါမ်
ဓာတ်နှင့်မကင်းသဖြင့် ဓာတ်စာ ဖြည့်တင်းပေးရသော
အပိုင်း ....။ ။ ။
တစ်ဖန် သူတို့လေ .......
( မဟာဗောဓိမြို င်ဆရာတော်ဘုရားကြီး
ဝနဝါသီဉေယျ ဓမ္မသာမိထေရ် )