အရှင်ရာဟုလာ ။ ။ မြတ်စွာဘုရား တပည့်တော်အား
တရားတိုတို ဟောတော်မူပါ ထိုတရားကို နာယူ၍
တပည့်တော် လိုက်နာ ကျင့်သုံးပါရစေဘုရား
မြတ်စွာဘုရား ။ ။ ရာဟုလာ
မျက်စိ စက္ခုပသာဒသည် မြဲသလား? မမြဲသလား?
အရှင်ရာဟုလာ ။ ။ မမြဲပါ မြတ်စွာဘုရား
မြတ်စွာဘုရား ။ ။ မမြဲသော မျက်စိ စက္ခုပသာဒသည်
ဆင်းရဲသလား? ချမ်းသာသလား?
အရှင်ရာဟုလာ ။ ။ မြတ်စွာဘုရား မမြဲသော စက္ခုပသာဒသည် ဆင်းရဲပါတယ်ဘုရား
မြတ်စွာဘုရား ။ ။ ရာဟုလာ မမြဲသော ဆင်းရဲ၍
ဖောက်ပြန်တက်သော ဤ မျက်စိ စက္ခုပသာဒကို
ငါပိုင်ဖြစ်၏ ငါအတ္တဖြစ်၏ မှတ်သားခြင်း ရှုမြင်ခြင်းငှါး
သင့်လျော်ပါမည်လား?
အရှင်ရာဟုလာ ။ ။ မြတ်စွာဘုရား မမြဲသော
ဖောက်ပြန်ပျက်စတက်သော မျက်စိ စက္ခုပသာဒစသည်ကို
ငါပိုင် ငါအတ္တဟု ရှုမြင်ခြင်းငှါး မသင့်လျော်ပါဘုရား
မြတ်စွာဘုရား ။ ။ ရာဟုလာ ဤကဲ့သို့ ရုပ်နာမ်တို့အပေါ်၌
မှန်ကန်စွာ ရှုမြင်သောသူသည် တပ်မက်ခြင်း စွဲလန်းခြင်းကင်း၏ တပ်မက်ခြင်း ကင်းသည်ရှိသော
ပူလောင်စေတက် ဆင်းရဲစေတက်သော ကိလေသာမှ
လွတ်မြောက်၏
#နိဒါနဝဂ္ဂသံယုတ် ရာဟုလသံယုတ် ပဌမဝဂ် စက္ခုသုတ်
ဝိပဿနာအားထုပ်သူတွေအတွက် တကယ့်ကောင်းတဲ့ တရား