လူ့သမိုင်းဆရာတို့၏ အဆိုအရ လူသည် ခြေသလုံးအိမ်တိုင်ဘဝမှ တဖြည်းဖြည်းချင်း
ယဉ်ကျေးလာပြီး အစုအသင်းနှင့် နေတတ်လာသူများ ဖြစ်လာသည်ဟု သိရ၏။ မည်သို့ပင်ဖြစ်စေ
လူသည် ကြောက်တတ်မှုနှင့် ရလိုမှု သဘောတရားများဖြင့် ဖွဲ့စည်းထားသော သဏ္ဍာန်တစ်ခု
သာဖြစ်ကြောင်း ထင်ရှား၏။
လူ့လောကကြီးတွင်လည်း ကြောက်စရာ အမြောက်အများရှိသည့်နည်းတူ ရယူချင်စရာ
များနှင့်လည်း ပြည့်နှက်လျက် ရှိနေပါသည်။ ဒီရေတတ်ခြင်း၊ မီးကြီးလောင်ခြင်း၊ လေမုန်းတိုင်းကျ
ခြင်း စသော သြကာသလောက၏ ဘေးအန္တရာယ်များ၊ ကျး၊ ခြင်္သေ့၊ ဆင်ရိုင်းဘေး၊ မချစ်မနှစ်
သက်သူဘေး စသော သတ္တဝါလောက၏ ရန်ပြုမှုများနှင့် ကိုယ်ပူဖျားနာ၊ ခေါင်းကိုက်၊ ခါးကိုက်၊
မကျန်းမမာ၊ အို၊ နာ၊ သေရ စသည့် ဘေးဒုက္ခများ၏ နှိပ်စက်ကလူပြုမှုကို လူသားများသည် အ
လူးအလဲ ခံနေရသည်သာ ဖြစ်၏။ ဤသို့သော ဘဝဒုက္ခ အန္တရာယ်များ၏ လှုံ့ဆော်ဖန်တီးမှု
ကြောင့် လူသားသည် ကြောက်တတ်လာ၏။ ထိုဘေးဆိုး၊ ဒုက္ခဆိုးတို့မှ ကင်းငြိမ်းမှုကို လိုလားလာ
ကြသည်။ အားကိုးရာအဖြစ် ကိုးကွယ်ရာကို ရှာဖွေလာကြသည်။
ဤအချက်နှင့်ပတ်သက်၍ “ ဗဟုံ ဝေ သရဏံ ယန္တိ၊ ပဗ္ဗတာနိ ဝနာနိ စ။
အာရာမရက္ခစေတျာနိ၊ မနုဿာ ဘယတဇ္ဇိတာ။ ” = ဘေးရန်
အန္တရယ်အမျိုးမျိုးကို စိုးရွံ့ထိတ်လန့် နေကြကုန်သော လူတို့သည် တောတို့ကိုလည်းကောင်း၊
တောင်တို့ကိုလည်းကောင်း၊ အရာမ်တို့ကိုလည်းကောင်း၊ အဓိကရသစ်ပင် စသော ကိုးကွယ်ရာတို့
ကိုလည်းကောင်း ကိုးကွယ်ကြကုန်၏ ဟု မြတ်ဗုဒ္ဓဟောကြားခဲ့၏။
ပင်လယ် သမုဒ္ဒရာတို့၌ အသက်မွေးမြူပြုကြသူတို့သည် သမုဒ္ဒရာစောင့်နတ်များကို ကိုး
ကွယ်ကြသည့်နည်းတူ တောရပ်ဒေသ၌ လုပ်ကိုင်စားသောက်ကြသူတို့သည်လည်း တောတောင်
ဥယျာဉ် စသည်တို့ကို ပူဇော်ကြသည်။ ထို့ပြင် ကောက်ပင်စိုက်ပျိုး အောင်မြင်လိုမှုအတွက် မိုးနတ်
စသည်တို့ကို ပ-သ ကြ၏။ သားဆုပန်ရန် တောစိုးသစ်ပင်ကြီးများ၌ ရှိမည်ထင်သော နတ်တို့ကို
တင်မြှောက်ကြသည်။ ဤသည်တို့မှာ ထိုစဉ်က ကမ္ဘာလူသား အားလုံးလိုလိုနှင့် သက်ဆိုင်သော
ကိုးကွယ်မှုများ ဖြစ်ပါသည်။ ကိုးကွယ်မှုအစပင် ဖြစ်ပါသည်။
{နှစ်ဖက်လှ ဦးကျော်လွင်၏ ဗုဒ္ဓဘာသာ လူထက်လူ မှ ကောက်နုတ်ရေးသားပူဇော်ပါသည်။