“နေ့စဉ်အလုပ်၊ နေစဉ်လုပ်၊ အဟုတ် ၀ိပဿနာ ဖြစ်တော့တယ်”။ (၁)။ မနက်တိုင်း၊ နေ့
လယ်တိုင်း၊ ညဉ့်တိုင်းလို့ အချိန်ကို သတ်မှတ်ပြီးတော့ လုပ်ကိုင်လေ့ရှိတဲ့ တရားအားထုတ်ချိန်
သတ်မှတ်ပြီး အားထုတ်တဲ့ နေ့စဉ်အလုပ်နဲ့ (၂)။ သွားနေစဉ်၊ လာနေစဉ်၊ ထိုင်နေစဉ်၊ လမ်း

လျှောက်နေစဉ်၊ စားနေစဉ်၊ လှုပ်နေစဉ်၊ ငြိမ်နေစဉ်၊ ကြည့်နေစဉ် စတဲ့ အချိန်တိုင်း အချိန်တိုင်း
မှာ တရားအားထုတ်မှု အလုပ်ဖြစ်အောင် လုပ်ရတဲ့ နေစဉ်အလုပ်လို့ဆိုပြီး တရားအားထုတ်နည်း
နှစ်မျိုး ရှိပါတယ်။
၀ိပဿနာအလုပ်ဖြစ်ဖို့အတွက် နေစဉ်အလုပ်က ပိုပြီးအရေးကြီးပါတယ်။ နေ့စဉ် နံနက်၊
ည တရားထိုင်ချိန်ကို အချိန်ပေးပြီး လုပ်နိုင့်ိုင်နိုင်လို့ နေ့စဉ် တရားအလုပ် အားထုတ်ရင်လည်း
ကောင်းပါတယ်။ ခါတိုင်း ခါတိုင်းက (၁) နေ့စဉ်အလုပ် လုပ်မိနေတာလား၊ (၂) နေစဉ်အလုပ်
လုပ်နေမိတာလားဆိုတာ ခွဲခြားပြီးသိဖို့ လိုပါတယ်။
(၁) စားလိုက်၊ သောက်လိုက်၊ အိပ်လိုက်၊ ရေချိုးလိုက်ဆိုတဲ့ ပုံမှန်အလုပ်လုပ်တဲ့ နေ့စဉ်
အလုပ်မျိုးကို လုပ်နေကြတာ များပါတယ်။ (၂) သွားနေစဉ်၊ လာနေစဉ်၊ ရုံးတက်နေစဉ်၊ စျေး
ရောင်းနေစဉ် သတိဉာဏ်နဲ့ လုပ်ရတဲ့ နေစဉ်အလုပ် လုပ်ကြတာက နည်းပါးကြပါတယ်။
နေ့စဉ်အလုပ်တွေကို ကြည့်လိုက်ရင် ထိုင်တယ်၊ ရပ်တယ်၊ သွားတယ်၊ လျောင်းတယ်
(အိပ်တယ်) စတဲ့ ပြုနေကျ အမူအရာ ဆိုတာတွေကို တွေ့နိုင်ပါတယ်။ အဲဒီအလုပ်တွေက နေ
စဉ်အလုပ် မဟုတ်ပါ။ နေ့စဉ်အလုပ်တွေသာ ဖြစ်ပါတယ်။
တရားအားထုတ်နေကြသူတွေလည်း နေ့စဉ်အလုပ်တွေလုပ်နေကြတယ်။ တရားအားမ
ထုတ်တဲ့ လူတွေကလည်း နေ့စဉ်အလုပ်တွေ လုပ်နေကြပါတယ်။ ၀ိပဿနာ တရားသမားနဲ့
သူလို ကိုယ်လို လူတွေဆိုတာ ကွာခြားမှုရှိပါတယ်။
၀ိပဿနာ တရားသမားက နေ့စဉ်အလုပ် လုပ်တဲ့အချိန်မှာပဲ နေစဉ်အလုပ်ဖြစ်အောင်
သတိဉာဏ်ရှိရှိနဲ့ အလုပ်ကို လုပ်ပါတယ်။ ၀ိပဿနာအသိ ဉာဏ်ဦးဆောင်ပြီး သတိတရားနဲ့
ကုသိုလ်မျိုးစုံကို လုပ်ဖြစ်နေပါတယ်။
နေ့စဉ်နေ့တိုင်းမှာ လူတွေဟာ များေ
သာအားဖြင့် စားရုံ၊ သွားရုံ၊ လာရုံ၊ ပျော်ရုံ၊ ပါးရုံ၊
နိစ္စဓူဝ ဘာအလုပ်တွေ လုပ်နေကြသလဲဆိုတော့ နေ့စဉ်အလုပ်တွေပဲ လုပ်ဖြစ်နေကြပါတယ်။
လူတိုင်း လူတိုင်း နေ့စဉ်အလုပ်တွေ လုပ်တတ်ကြပါတယ်။ လုပ်လည်းလုပ်ခဲ့ကြပါတယ်။ လုပ်
လည်း လုပ်နေကြပါတယ်။ များသောအားဖြင့်ကတော့ သတိဉာဏ်မပါဘဲ နေ့စဉ်အလုပ်တွေသာ
လုပ်နေကြတာပါ။
အမှန်ကတော့ တရားထိုင်တယ်၊ တရားအလုပ် လုပ်တယ်ဆိုတာ သာမန်နေ့စဉ် အလုပ်
လုပ်တာ မဟုတ်ပါဘူး။ သာမန်နေ့စဉ် လုပ်နေတဲ့ အလုပ်ထဲမှာ အသိဉာဏ်နဲ့ နေစဉ်အလုပ်
လုပ်တာသာ ဖြစ်ပါတယ်။
မိမိတို့ ကြည့်စရာလေးတွေ တွေ့ရင် ကြည့်ကြတယ်။ နေ့စဉ် အလုပ်လား၊ နေစဉ် အ
လုပ်လား ဆိုတော့ နေ့စဉ်အလုပ် ဖြစ်နေပါတယ်။ နားနဲ့ကြားသမျှ နားထောင်တယ်။ နှာခေါင်း
နဲ့ နံသမျှ အနံ့ခံတယ်။ ဒီလုပ်ဆောင်ချက်တွေကလည်း နေ့စဉ်အလုပ်သာ ဖြစ်ပါတယ်။ ဒီလို
နေ့စဉ်အလုပ်မှာ သတိဉာဏ် မပါဘဲ လုပ်နေတာဟာ ၀ိပဿနာ အားထုတ်မှုနဲ့ သက်ဆိုင်မှုမရှိ
ပါဘူး။
၀ိပဿနာတရား အားထုတ်တာဟာ နေ့စဉ်အလုပ်တွေ လုပ်နေရင်းနဲ့ သတိဉာဏ်နဲ့
နေစဉ်အလုပ် အားထုတ်ရမှာ ဖြစ်ပါတယ်။ ၀ိပဿနာတရားကို “မနက် တစ်နာရီ တရားအားမ
ထုတ်ဘဲ မနေနိုင်ဘူး၊ ညတစ်နာရီ တရားအားမထုတ်ဘဲ မနေနိုင်ဘူး။” ဆိုတဲ့ယောဂီတွေ ရှိကြ
ပါတယ်။ မနက် ည အချိန်သတ်မှတ်ပြီး အားထုတ်ကြတာလည်း ကောင်းပါတယ်။
ဒါပေမဲ့.. ကျေးဇူးရှင် ရွှေဥမင်ဆရာတော်ကြီးက အမိန့်ရှိတယ်။ “အချိန်တိုင်း သတိထား
ဖို့ကောင်းတာ။ သတိလေးသာ ထားလိုက်၊ တရားအလုပ် စအားထုတိပြီ၊ တရားအလုပ် လုပ်ဖြစ်
တော့တာပဲ”။
အချိန်တိုင်း သတိထားဖို့လိုပါတယ်။ တချို့က မနက် တရားထိုင်တယ်။ ည တရားထိုင်
တယ်။ ကြားထဲကျတော့ သတိမရှိပါဘူး။ သတိတရားကို လက်ကိုင်မထားပါဘူး။ အဲဒီလို ဆိုရင်
တရားအားထုတ်မှုဟာ သိပ်ပြီး အဆင်မပြေနိုင်ပါဘူး။
မနက် တရားထိုင်တာကို အပြစ်မပြောပါ။ ည တရားထိုင်တာကို အပြစ်မပြောပါ။ စွမ်းနိုင်
သလို မိမိနဲ့သင့်သလို ကျင့်ကြတာ၊ ကျင့်ပါ။ ကောင်းပါတယ်။ အဲဒါက နေ့စဉ်အလုပ်လား၊ နေစဉ်
အလုပ်လား ဆိုတော့ “နေ့စဉ်အလုပ် တရားအားထုတ်တာ ဖြစ်တယ်” လို့ခေါ်ပါတယ်။
ဒါပေမဲ့ တရားအားထုတ်ရင် နေ့စဉ် အလုပ်အတွင်းမှာ အချိန်မရွေး၊ သတိဉာဏ်ရှိပြီး
နေစဉ်အလုပ် အားထုတ်ဖြစ်ရပါမယ်။
ထိုင်တာက နှစ်မျိုးရှိပါတယ်။ နေ့တိုင်း ထိုင်နေကျမို့ ထိုင်တာက နေ့စဉ်ထိုင်နည်းတစ်မျိုး
ထိုင်နေစဉ်ကတမျိုး။ အခု ထိုင်နေကျမို့လို့ ထိုင်တဲ့ နေ့စဉ် လုပ်တဲ့အလုပ် ထိုင်တာမျိုးလည်း
ထိုင်နေနိုင်ပါတယ်။
အဲဒီ ထိုင်နေတဲ့အခါမှာ ထိုင်နေစဉ်လေး ဖြစ်နေတဲ့ သဘောကို သတိဉာဏ်လေးနဲ့ သိ
အောင်ကြိုးစားပြီး တရားအားထုတ်ရမှာပါ။ ထိုင်နေစဉ် သဘောကိုသိပါ။ သေချာ သိအောင်လုပ်
ပါ။ ထိုင်တာနဲ့ ပတ်သက်ပြီးတော့လည်း ထိုင်တဲ့ပုံစံ အနေအထားက အမျိုးမျိုးရှိတယ်။
တင်ပျဉ်ခွေ ထိုင်ချင်ထိုင်မယ်။ ကျုံ့ကျုံ့ ထိုင်ချင်ထိုင်မယ်။ လက်ထောက် ထိုင်ချင် ထိုင်
မယ်။မိန်းမထိုင် ထိုင်ချင်ထိုင်မယ်၊ မိမိ အဆင်ပြေသလို ထိုင်ပါ၊ ကြိုက်သလို ထိုင်ပါ။ ထိုင်လို့ရ
ပါတယ်။ “သ၊ိ သေချာသိရင်” ၀ိပဿနာ ဖြစ်ပါတယ်။ “မသိဘူးဆိုရင် ၀ိပဿနာ အားထုတ်မှု
မဖြစ်ပါ။ တရားထိုင်တဲ့အခါ ထိုင်တဲ့အမူအရာနဲ့ တရားအားထုတ်တဲ့အခါ “ငြိမ်ရမယ်၊ လှုပ်ရ မယ်”
စတဲ့ ၀ါဒတွေ ကွဲနေမယ့်အစား မိမိ အဆင်ပြေသလို အားထုတ်ပါ။
ဒါကြောင့်မို့ မိမိတို့တတွေလည်း နေစဉ်အလုပ် ၀ိပဿနာ အားထုတ်မှုကြောင့် တစ်ဆင့်
ပြီး တစ်ဆင့် ရရောက်နိုင်တဲ့ မဂ်ဉာဏ်ဖိုလ်ဉာဏ် နိဗ္ဗာန်ကို မျက်မှောက်ပြု ခံစားနိုင်ကြတဲ့၊ စံစား
နိုင်ကြတဲ့ သူတော်ကောင်းတွေ ဖြစ်ကြပါစေ ကုန်သတည်း။
{ ဓမ္မဒူတ ဒေါက်တာအရှင်ဆေကိန္ဒ ဟောကြားတော်မူသော နေ့စဉ်အလုပ် နေစဉ်လုပ်တရား
တော်မှ ကောက်နုတ် ရေးသားပူဇော်ပါသည်။ }
(မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)