တစ်ရံခါသော် မြတ်စွာဘုရားသည် စာတုမာရွာ သျှစ်သျှားတော၌ သီ တင်းသုံးနေတော်မူသည်။
အရှင်သာရိပုတ္တရာနှင့် အရှင်မဟာမောဂ္ဂ
လ္လာန်တို့ ဦးဆောင်သည့် ဘုရားဖူးရဟန်းတော် ငါးရာအဖွဲ ့ရပ်ဝေးမှ
ရောက်ရှိလာကြသည်။ ဆူဆူညံညံအသံများ ပြုမှုကြောင့် ဘုရားရှင်က ခရီးရောက်မဆိုက်ပင် ကျောင်းတိုက်မှ နှင်ထုတ်လိုက်သည်။ ဒေသ
အကြီးအကဲများနှင့် သဟမ္ပတိဗြဟ္မာ၏ တောင်းပန်လျှောက်ထားမှု
ကြောင့် ပြန်လည်လက်ခံတော်မူအပြီးတွင် အရှင်သာရိပုတ္တရာနှင့် အရှင်မဟာမောဂ္ဂလ္လာန်တို့၏ ထိုစဉ်ကဖြစ်ပေါ်ခဲ့သော စိတ်ဓါတ်ကို
မေးမြန်းတော်မူ၏။

ဘုရား

သင်တို့အား ငါဘုရား နှင်ထုတ်လိုက်ချိန်မှာ ဘယ်လိုစိတ်များ
ဖြစ်ပေါ်ခဲ့ကြလေသလဲ။

သာရိပုတ္တရာ

အခုအချိန်မှာ မြတ်စွာဘုရားဟာ ကိစ္စအလုံးစုံကို လျစ်လျူ ရှု ပြီး
ဖလသမာပတ် ချမ်းသာနဲ ့အေးချမ်းစွာ နေတော်မူတော့မယ်။ မိမိသည်လည်း တခြားသော ကိစ္စများမှာ ကြောင့်ကြ မစိုက်
တော့ဘဲ ဖလသမာပတ်ချမ်းသာနဲ့ပဲ အေးအေးဆေးဆေး
နေတော့မယ်ဆိုတဲ့စိတ် ဖြစ်မိပါတယ်ဘုရား။

ဘုရား

ခဏလောက်နေပါဦး၊ သာရိပုတ္တရာ၊ ဖလသမာပတ် ချမ်းသာနဲ ့
တစ်ကိုယ်တော် အေးအေးဆေးဆေးနေလိုစိတ်ကို ဆိုင်းငံ့ထား လိုက်ပေဦးတော့။

မောဂ္ဂလ္လာန်

မြတ်စွာဘုရားဟာ ရဟန်းတော်တွေကို နှင်ထုတ်လိုက်ပြီ
ဖြစ်တယ်။ အခုအခါမှာ မြတ်စွာဘုရားဟာ တခြားကိစ္စတွေ
အားလုံးကို လျစ်လျူ ရှုကာ ဖလသမာပတ်နဲ့ပဲ အေးချမ်းစွာ
နေတော်မူတော့မယ်။

ဒါကြောင့် ဒီလိုအချိန်မျိုးမှာ ရဟန်း တော်
တွေကို မိမိနဲ့ အရှင်သာရိပုတ္တရာတို့နှစ်ပါး အတူပူးတွဲကာ ဦးဆောင်ရမှာဖြစ်တယ်။ ရဟန်းတော်များရဲ့ကိစ္စအဝဝကို
မိမိနဲ့ အရှင်သာရိပုတ္တရာတို့ကသာ ကြောင့်ကြစိုက်ရတော့မှာ
ဖြစ်တယ်ဆိုတဲ့စိတ် ဖြစ်မိပါတယ်ဘုရား။

ဘုရား

ကောင်းလိုက်လေစွ၊ ကောင်းလေစွ၊ ရဟန်းတော်များကို ငါ
ဘုရားက ဖြစ်စေ၊ သာရိပုတ္တရာနဲ ့မောဂ္ဂလ္လာန်တို့က ဖြစ်စေ
ကြောင့်ကြစိုက်ရမှာ အမှန်ပင်ဖြစ်ပေတယ်။

ဤသို့လျှင်
မြတ်စွာဘုရားရှင်သည် တစ်ဦးတစ်ယောက်ကောင်းစိတ်ကို တားမြစ်လျက် အများအတွက် တာဝန်ယူလိုသော ပရဟိတ စိတ်ဓါတ်ကို နှစ်သက် ချီးကျူးတော်မူခဲ့ လေသည်။

စာကိုး။ ဆန္ဒာဓိက၊ အရှင် (ရွှေပါရမီတောရ)။ နှလုံးသားမိတ္တူ