ရှေးအခါက ဗာရာဏသီပြည်၌ ဘုရားအလောင်းတော် ဃဋမင်းသည် တရားနှင့်အညီ အုပ်ချုပ်စိုးစံကာ နေ၏။ ပြစ်မှုကျူ းလွန်သဖြင့် တိုင်းပြည် မှ နှင်ထုတ်ခံရသော အမတ်တစ်ဦးသည် သာဝတ္ထိပြည့်ရှင် ဓင်္ကမင်းထံ သွားရောက်ခစားသည်။ ထီးနန်းပြိုင်ဖြစ်သော ဗာရာဏသီပြည်ကို သိမ်းပိုက်ရန် အကြံ ပြုသည်။ မည်သူ့ကိုမျှ မသေစေလိုသည့် ဃဋမင်းသည် ချီတက်လာသော ဓင်္ကမင်းအား အသာတကြည်ပင် နိုင်ငံကို ပေးအပ် လိုက်သည်။ ဃဋမင်း ထောင်သွင်းအကျဉ်းချခံရ၏။ တိုင်းရေးပြည်မှု ကိစ္စမှ အနားရကာ အေးချမ်းစွာ ဘာဝနာပွါးခွင့် ရသဖြင့် ဓင်္ကမင်းအား
ကျေးဇူးတင်ဖွယ် ဖြစ်သည်ဟု နှလုံးသွင်းလျက် မေတ္တာကမ္မဋ္ဌာန်းကို မပြတ်တမ်း ပွါးများလျက်သာ နေတော့သည်။ ဓင်္ကမင်းမှာမူ မခံရပ်နိုင်
အောင် တစ်ကိုယ်လုံး ပူလောင်ကာ အိပ်စားမရဖြင့် အလွန်ပင်ပန်း ညှိုးနွမ်းနေလေသည်။ ဃဋမင်း အခြေအနေကို သိလို၍ သွားရောက်
တွေ့ဆုံသည်။
ဓင်္ကမင်း
တစ်ပါးသော သူတွေဟာ အချုပ်အနှောင်ခံရရင် စိုးရိမ်ပူပန်မှု
ကြောင့် ခန္ဓာကိုယ် ညှိုးနွမ်းပိန်ချုံး တတ်ကြပါတယ်။ သင်က
တော့ စိုးရိမ်ကြောက်လန့်ခြင်း အလျင်းမရှိပါ။ မျက်နှာမှာလဲ
လပြည့်ဝန်းလို ကြည်လင်ဝင်းပနေပါတယ်။ ဘာကြောင့်ပါလဲ။
ဃဋမင်း
ကျွနု်ပ်ဟာ အချုပ်အနှောင် ခံနေရပေမယ့် သင့်အားဖြစ်စေ၊ အမတ်အားဖြစ်စေ၊ ဘယ်သူ့ကိုမျှ အာဃာတမထားပါ။ အေးအေးလူလူ မေတ္တာပွားခွင့် ရတဲ့အတွက် သင်တို့အား
ကျေးဇူးပင် တင်မိပါတယ်။
ဓင်္ကမင်း
ကျွနု်ပ်ကား သူတော်ကောင်းအား ပြစ်မှားမိပါပြီ။ ကာမဂုဏ် စည်းစိမ်တွေ ခံစားနေရပေမယ့် မပျော်ပိုက်ဘဲ ပူလောင်လို့ သာ နေရပါတယ်။ ကျွနု်ပ်အား မေတ္တာထားကာ ချမ်းသာစွာ
နေတတ်အောင် ညွှန်ပြပေးတဲ့အတွက် ကျေးဇူးတင်လို ့
မဆုံးပါ။ ကျူးလွန်မိသမျှကို ခွင့်လွှတ်ဖိုု ့ရှိခိုးတောင်းပန်ပါတယ်။ သင့်ရဲ ့ နိုင်ငံနဲ ့ထီးနန်းကို ဒီကနေ ့မှာပဲ ပြန်လည်အပ်နှံ
ပါရစေတော့။
ဃဋမင်းသည် ထီးနန်းကို ပြန်လည်ရရှိသော်လည်း မပျော်ပိုက်တော့ သဖြင့် မှူ းမတ်များအား တိုင်းပြည်ကို လွှဲအပ်ကာ တောထွက်တော်မူ ခဲ့၏။ ရသေ့ဝတ်ကာ ဗြဟ္မဝိဟာရတရားလေးပါးကို အစဉ်ပွားများသဖြင့် စျာန်ချမ်းသာကို ခံစားရလေသည်။ သေလွန်သော် ဗြဟ္မာပြည်သို့ လားရ၏။ ဤသည်မှာ မေတ္တာစွမ်း ပကားပင် မဟုတ်ပါလော။
စာကိုး။ ဇဝန၊ အရှင် (မေတ္တာရှင်)။ မေတ္တာအစွမ်း အံ့မခန်း။