မြတ်စွာဘုရားသည် ဣသိပတနတွင် ဓမ္မစကြာတရား ဟောကြားအပြီး ဗုဒ္ဓဂယာဘက်သိုု ့ပြန်ကြွလာ တော်မူသည်။ လမ်းခရီး၌ တောအုပ်တစ် အုုပ်တွင်းမှ သစ်ပင်တစ်ပင်ရင်းတွင် ခေတ္တအနားယူနေစဉ် လူတစ်အုပ်
ရောက်ရှိလာသည်။

မဟာကောသလမင်းကြီး၏ သားတော်မင်းသား သုံးဆယ်ပါဝင်သည့် ဘဒ္ဒဝဂ္ဂိယ အုပ်စုတိုု ့ဖြစ်သည်။
မင်းသားများ
အရှင်ဘုရား၊ အမျိုးသမီး တစ်ယောက်ကို တွေ့လိုက်ပါသလား။

ဘုရား
အသင်တို့က အမျိုးသမီးကို ဘာဖြစ်လို ့လိုက်ရှာနေကြတာ တုန်း၊ အသင်တို့ရဲ ့ပြဿ နာက ဘာများလဲ၊ ပြောပါဦး။
မင်းသားများ
အဲဒီအမျိုးသမီးကို ဇနီးမရှိတဲ့ မင်းသားအတွက် ငှါးရမ်းလာ
ခဲ့ပြီး တောထဲကို မင်းသားများနဲ ့ ဇနီးများ ပျော်ပွဲစား ထွက်ခဲ့
ကြပါတယ်။

သူဟာ လက်ဝတ်ရတနာတွေကို ယူပြေးသွား
တဲ့အတွက် လိုက် ရှာနေကြတာ ဖြစ်ပါတယ် ဘုရား။

ဘုရား
သင်မင်းသားတို့၊ အမျိုးသမီးကို လိုက်ရှာတာရယ်၊ ကိုယ့် ကိုယ် ကို ရှာတာရယ်၊ ဒီနှစ်ခုမှာ ဘယ်ဟာက ကောင်းမြတ် သလဲ။
မင်းသားများ
အရှင်ဘုရား၊ သူများကို ရှာတာထက် ကိုယ့်ကိုယ်ကို ရှာတာက ပိုကောင်းမြတ်ပါတယ်ဘုရား။

ဘုရား
အေး၊ အဲဒါဆိုရင် ထိုင်ကြ၊ ငါတရားဟောမယ်။
မြတ်စွာဘုရားသည် မင်းသားများ၏ စိတ်ဓါတ်များ ဖြူစင်သွားစေရန် မှတ်လွယ်သော တရားများကို ဦးစွာ ဟောကြားတော်မူသည်။

စိတ်
များ ကြံ့ခိုင်လာပြီဆိုမှ သစ္စာလေးပါး အမြင့်တရားကို ဆက်လက်
ဟောကြားတော့သည်။ မင်းသားများသည် ရဟန်းအဖြစ်ကို တောင်း
ဆိုကြလေရာ မြတ်စွာဘုရားက ရဟန်းခံ ပေးတော်မူလိုက်သည်။

နောင်အခါတွင် ထိုရဟန်းများ သာဝတ္ထိပြည်ရှိ မြတ်စွာဘုရားထံ လာရောက်ကြလေရာ အနမတဂ္ဂ ဒေသနာဖြင့် သံသရာဟူသည်
ငြီးငွေ့သင့်ပြီဖြစ်ကြောင်း ဟောကြားတော်မူသည်။

တရားတော် အဆုံးတွင် အားလုံးသော ရဟန်းသုံးဆယ်သည် ရဟန္တာများဖြစ်
သွားကြလေ၏။

စာကိုး။ နန္ဒမာလာဘိဝံသ၊ ဒေါက်တာဘဒ္ဒန္တ (ပါ-ချုပ်)။ ရှာဖွေခြင်းနှင့် ရရှိခြင်း တရားတော်