မိဘ သားသမီး ၊ ညီ အစ်ကို ၊ မောင် နှမ စသည်တို့ တစ်ဦးနှင့်တစ်ဦး ချစ်ခင်မှုကို " ၅၂၈ အချစ် " ဟု လူသိများသည် ။
ယင်းအချစ်ကို " သံယောဇဉ် အချစ် " ဟူ၍ ခေါ်ဆိုနိုင်သည် ။ သံယောဇဉ် ဧ။် အနက်မှာ ဖွဲ့ချည်တတ်သော ၊ အနှောင် အဖွဲ့ ဟု အဓိပ္ပာယ်ရသည် ။
သို့အတွက် ထိုအချစ်သည် မလွတ်လပ် ၊ စိုးရိမ်ကြောင့်ကြမှု , တွေးတောပူပန်ရမှု တို့ဖြင့် ချစ်ရသောကြောင့် မွန်မြတ်ပြည့်စုံသော အချစ်စစ်ဟု မဆိုနိုင်ပေ ။
ယေက်ျား မိန်းမတို့ တစ်ဦးနဲ့တစ်ဦး ချစ်ခင်မှုကို " ၁၅၀၀ အချစ် " ဟု လူသိများသည် ။ ယင်းအချစ်ကို " ကာမ ရာဂ အချစ် " ဟူ၍ ခေါ်ဆိုနိုင်သည် ။
ကာမရာဂမှာ တပ်မက်ခြင်း , စွဲလန်းခြင်း ဖြစ်သည့်အတွက် မရရင် မနေနိုင်၊ မရှိရင်မဖြစ်၊ မတွေ့ရရင် စိတ်ဆင်းရဲခြင်း ဟူသည့် ပြင်းပြစွာသော ပူလောင်မှုကို
ခံစားစေသောကြောင့် မွန်မြတ်ပြည့်စုံသော အချစ်စစ်ဟု မဆိုနိုင်ပေ ။
ခန္ဓာ ကို, မိမိဧ။်ကိုယ်အဖြစ် စွဲသောအယူ (အတ္တ ဒိဋ္ဌိ) ကြောင့် မိမိကိုယ် ကို မိမိ ချစ်ခင်နှစ်သက်ခြင်း (အတ္တသိနေဟ) ဟူသော အချစ်ကိုတော့ သာမန်လူအများ
ပြောဆိုခြင်း , သတိထားမိခြင်း မဖြစ်ကြပေ ။ ဤအချစ်သည် အရေအတွက်ဖြင့်ဖေါ်ပြရပါက အခြားသော အချစ်များထက် အဆပေါင်း သိန်းသန်း မက ရှိသည်။
၅၂၈ နှင့် ၁၅၀၀ အချစ်တို့သည် ယင်း မိမိကိုယ် ကို မိမိ ချစ်ခင်နှစ်သက်ခြင်းမှ ပေါက်ဖွားလာရခြင်းဖြစ်သည် ။ ၅၂၈ အချစ်၌ မိမိနှင့် သက်ဆိုင်သူများ အတွက်သာ
စိုးရိမ် ပူပန် ကြောင့်ကြ ခြင်းဖြင့် ချစ်ကြသည် ။ ၁၅၀၀ အချစ်၌ မိမိဧ။် အလို (ကာမရာဂ) ကို ဖြည့်ဆည်းပေးနိုင်သူကိုသာ စွဲလန်းနှစ်သက်ခြင်းဖြင့် ချစ်ကြသည် ။
ဤသို့လျှင် စိုးရိမ်ပူပန်ရသော(၅၂၈)အချစ် ၊ စွဲလန်းတပ်မက်ရသော (၁၅၀၀) အချစ် တို့သည် မိမိကိုယ် ကို မိမိ ချစ်ခင်နှစ်သက်ခြင်းကြောင့်သာ ဖြစ်ပေါ်လာရဧ။် ။
ထို့ကြောင့် မိမိကိုယ် ကို မိမိ ချစ်ခင်နှစ်သက်ခြင်းသည် အပြစ်အကြီးဆုံးသော အချစ် ဟူ၍ မြတ်ဘုရား မိန့်ကြားခဲ့ခြင်း ဖြစ်သည် ။
{ မိမိကိုယ် ကို မိမိ ချစ်သောအချစ်ကို ပယ်ခွာပပျောက်နိုင်ရန် ဗုဒ္ဓလမ်းစဉ်မှတစ်ပါး အခြားနည်းလမ်းမရှိပေ(စကားချပ်)} ။
မေတ္တာအချစ်ကို အေးမြသော အချစ်ဟု လူသိများသည် ။ သို့ရာတွင် မေတ္တာအယောင်ဖြင့် တဏှာအချစ်ကို လွဲမှားမြင်တတ်သဖြင့် ပြီးပြည့်စုံမှု မဖြစ်သေးဟု ဆိုရသည် ။
ဗြဟ္မစိုရ်တရား နှင့် အညီ ချစ်နိုင်မှသာ မွန်မြတ်ပြည့်စုံသော အချစ်စစ် ဟူ၍ ခေါ်ဆိုရပေမည် ။ ဗြဟ္မစိုရ် တရားတွင် လေးပါးရှိသည် ။ ယင်းတို့မှာ :--
မေ တ္တာ ၊ က ရု ဏာ ၊ မု ဒိ တာ ၊ ဥ ပေ က္ခာ ၊ တို့ဖြစ်ကြသည် ။
မေတ္တာ အချစ်သည် သူ့အကျိုးကို လိုလားသော အချစ် ။
ကရုဏာ အချစ်သည် သူ့အကျိုး ပျက်စီးခြင်းကို စာနာ ထောက်ထားသော အချစ် ။
မုဒိတာ အချစ်သည် သူ့အကျိုး ဖြစ်ထွန်းခြင်းကို ချီးမြှောက်ထောက်ပံ့သော အချစ် ။
ဥပေက္ခာ အချစ်သည် - - -
မေတ္တာအချစ်နည်းတူ သူ့အကျိုးကိုလိုလားသည် ၊ သည့်အပြင် မိမိ အကျိုးကိုလည်း အနစ်နာ ခံနိုင်သည် ။
ကရုဏာအချစ်နည်းတူ သူ့အကျိုးပျက်စီးခြင်းကို စာနာထောက်ထားသည် ၊ သို့သော် ဝမ်းနည်းကြေကွဲ စိတ်ဆင်းရဲခြင်း မဖြစ် ။
မုဒိတာအချစ်နည်းတူ သူ့အကျိုးဖြစ်ထွန်းခြင်းကို ချီးမြှောက်ထောက်ပံ့သည် ၊ သို့သော် ဝမ်းမြောက်ပျော်ရွှင် အားရနှစ်သိမ့်ခြင်း မဖြစ် ။
ဥပေက္ခာအချစ်သည် သနားကြင်နာ , ဝမ်းနည်းကြေကွဲ , ပျော်ရွှင်တက်ကြွ , စွဲလန်းတပ်မက်မှုမရှိဘဲ ဖြစ်သင့် ဖြစ်ထိုက်သည်ကို နားလည်
လက်ခံပြီး ခံစားမှု အလျင်းကင်းကာ သူ့အကျိုးအတွက် အစစ ရည်ရွယ်သော ချစ်ခြင်းဖြင့် ချစ်ခင်ခြင်းကို ခေါ်ရသည် ။
ဥပေက္ခာ အချစ်ဖြင့် ချစ်တတ်သောသူအတွက် မည်သည့်ပုဂ္ဂိုလ် ၊ မည်သည့်အကြောင်းအရာ ၊ မည်သည့်ကိစ္စ ဟူသမျှတို့ ဖြစ်ပေါ်ခဲ့သော်လည်း
တုန်လှုပ်ခြောက်ခြားမှုမဖြစ် ၊ တည်ငြိမ်အေးချမ်းစွာဖြင့် သတ္တဝါတိုင်းကို ညီတူညီမျှ ချစ်ခင်မြတ်နိုးနိုင်ပေသည် ။
ထို့ကြောင့် ဗြဟ္မစိုရ် တရားလေးပါးနှင့် အညီ ချစ်တတ်မှသာ မွန်မြတ်ပြည့်စုံသော အချစ်စစ် ဖြင့် ချစ်သည်ဟု ဆိုနိုင်မည်ဖြစ်သည် ။