လူသားတို့အား ဆင်းရဲဒုက္ခကြီးစွာခံစားရာ အပါယ်ငရဲသို့ကျရာက်စေကြောင်း မကောင်းမှုကံတို့ကို ကျူးလွန်ပြုလုပ်အောင် အတွင်းမှနေ၍ လှုံ့ဆော်-တိုက်တွန်း-တွန်းအားပေးကြသည့် အခြေခံ အတွင်းဓာတ်ခံ တရားဆိုးများအကြောင်းကိုရှင်းလင်းပြဆိုပါမည်။

(၁) မောဟ = အဝိဇ္ဇာဟူသောတရားဆိုးသည် အမှားနှင့်အမှန်၊ အကောင်းနှင့််
အဆိုး၊ အကြောင်းနှင့်အကျိုး ကံနှင့်ကံ၏ံအကျိုးကို ခွဲခြား၍သိနိုင်သော၊ အမှန်ကိုအမှားဟု၎င်း ၊ အမှားကိုအမှန်ဟု၎င်း၊ တလွဲသိမြင်သော ကံနှင့်ကံ၏အကျိုးကို၎င်း (အကြောင်းကံကြောင့် အကျိုးတရားဖြစ်လာရသည်ကို၎င်း) မသိမြင်နိုင်
သောတရားမျိုးဖြစ်၏။ ယင်း အမှန်ကိုမသိမှု တရားဆိုးများကြောင့် (ပညာမျက်စိကန်းနေမှုကြောင့်) လူမိုက်တို့သည် မပြုသင့်သည့်မကောင်းမှုကံတွေကို ပြုမိ
၍၊ ပြုသင့်သည့် ကောင်းမှုကံတို့ကိုမူကား မပြုကြသဖြင့်၊ အပါယ်ငရဲသို့သာ ကျရောက်၍ နတ်ပြည်သို့ မရောက်နိုင်ကြကုန်။

(၂) အဟိရိကဟူသောတရားဆိုးသည် မပြုသင့်သည့်မကောင်းမှုတွေကို (ယင်းတို့၏ဆိုးကျိုးများကို မသိမှုကြောင့်) ကျူးလွန်ပြုလုပ်ရမှာ လုံးဝမရှက်စေတတ်-အရှက်မရှိစေတတ်သည့် တရားမျိုး ဖြစ၏။ ယင်းတရားဆိုးကြောင့် လူမိုက်တို့သည် မကောင်းမှုကံတွေကို ပြုလုပ်ရမှာ အနည်းငယ်မျှ မရှက်ကြသဖြင့် အပါယ်ငရဲသို့ ကျရောက်ရကုန်၏။

(၃) အနောတ္တပ္ပဟူသောတရားဆိုးသည် မပြုသင့်သည့် မကောင်းမှုကံတွေကို
(ယင်းတို့၏ ဆိုးကျိုးများကို မသိမှုကြောင့်) ကျူးလွန်ပြုလုပ်ရမှာ လုံးဝမ
ကြောက်စေတတ်သည့် တရားမျိုးဖြစ်၏။ ယင်းတရားဆိုးကြောင့် လူမိုက်တို့
သည် (မီးရောင်ကို ရွှေထင်ပြီး မီးကိုတိုးဝှေ့၍ တစ်ကောင်ပြီးတစ်ကောင် သေသွားကြသည့်ပိုးဖလံများကဲ့သို့ လူသတ်ခြင်း၊ နွားသတ်ခြင်း စသည့် မကောင်းမှုများကိုပင် မကြောက်မရွံ့ရဲရဲကြီးပြုလုပ်သဖြင့် အပါယ်ငရဲသို့ ကျရောက်ရကုန်၏။

(၄) လောဘ=တဏှာဟူသောတရားဆိုးသည် မိမိကိုယ်ကို၎င်း၊ မိမိ၏သားမ
ယား ပစ္စည်းဥစ္စာ ရာထူးဌာနန္တရ၊ ဂုဏ်သိရ်တို့ကို၎င်း လွန်စွာမက်မော-တပ်မက်စွဲလမ်းစေတတ်သည့်၊ သူတပါးကို စည်းစိမ်ဥစ္စာကို ရယူချင်သည့်တရားမျိုးဖြစ်၏။ ယငး်တရားဆိုးကြောင့် လူမိုက်တို့သည် သူတပါး၏မယား၊ သမီးများကို အတင်းအဓမ္မပြုကျင့်သိမ်းယူခြင်း စသည့် မကောင်းမှုကြီးတွေကိုပင် ကျူးလွန်ကြသဖြင့် အပါယ်ငရဲသို့ ကျရောက်ကြရကုန်၏။

(၅) မိစ္ဆာဒိဋ္ဌိ=အယူမှားခြင်းဟူသော တရားဆိုးသည်ကား ဆိုးကျိုးများစွာကို ဖြစ်စေသည့်မကောင်းမှုဟှုသမျှကိုကျူးလွန်ဘို့ရန် ဝန်မလေးအောင် တိုက်တွန်းလှုံ့ဆော်ပေးသဖြင့် တရားအားလုံးတို့တွင် ကြောက်မက်ဖွယ် အကောင်းဆုံးတရားဆိုး ဖြစ်၏။

မိစ္ဆာဒိဋ္ဌိအမျိုးမျိုးရှိရာတွင် အချုပ်အားဖြင့်-

၁-ပေးကမ်းလှူဒါန်းခြင်း၊ အကျင့်သီလစောင့်ထိန်းခြင်း၊ ကမ္မဋ္ဌာန်းဘာဝနာအားထုတ်ခြငး် စသည့် ကောင်းမှုကံတွေကို မည်သည့်ကောင်းကျိုးကိုမှမပေးဟု မှားယွင်းစွာယုံကြညြ်ခင်း ၊

၂-လူကျွဲနွားတိရစ္ဆာန်သတ္တဝါကို သတ်ဖြတ်ခြင်းစသည့် မကောင်းမှုတွေသည်
မည်သည့်အကျိုးကိုမှမပေးဟု မှားယွင်းစွာယူခြင်း ၊

၃-ဤမျက်မှောက်ဘဝ၌ တြေ့ွကုခံစားရသည့် ချမး်သာသုခ ၊ ဆင်းရဲဒုက္ခဟူသမျှသည်(ပစ္စုပ္ပန်ဘဝ)အတိတ်ဘဝများက ပြုခဲ့သည့် ကောင်းမှုကံ၊ မကောင်းမှုကံ
တွေကြောင့် ဖြစ်ရသည်မဟုတ်၊ အကြောင်းတိုက်ဆိုင်မှုကြောင့်(၀ါ)အကြောင်း
မြဲ့ဖစ်လာရသည်ဟု မှားယွင်းစွာယူခြင်း၊

၄-ဤဘဝမှ သေသွားပြီးနောက် နောင်ဘဝတွေဆက်မဖြစ်တော့ဟု (နောင်ဘဝကို ပစ်ပယ်၍) မှားယွင်းစွာယူခြင်း၊

၅-လူတို့၏ပကတိမျက်စိဖြင့် မမြင်ရသည့်ငရဲ၊ ပြိတ္တာ၊ နတ်၊ ဗြဟ္မာကဲ့သို့သော
သတ္တဝါမျိုးတို့သည်၎င်း၊ ထိုသတ္တဝါ ဖြစ်ရာနေထိုင်ရာ ငရဲပြည်၊ ပြိတ္တာဘုံ၊ နတ်
ပြည၊် ဗြဟ္မာပြည်ကဲ့သို့သော ဘုံဌာနများသည်၎င်း လုံးဝမရှိဟု မှားယွင်းစွာယူခြင်း ၊၆-ကမ္မဋ္ဌာန်းဘာဝနာအကျင့်မြတ်ကို ကျင့်ကြံအားထုတ်၍ ၊ အဘိညာဉ်တန်ခိုး ၊ သစ္စာဉာဏ၊် ဗောဓိဉာဏ်များကို ရရှိကြသည့် ဘုရား၊ ပစ္စေကဗုဒ္ဓါ၊ ရဟန္တာ၊ အရိယာသူတော်စင်ပုဂ္ဂိုလ်မြတ်တို့ဟူသည် လောက၌လုံးဝမရှိဟု မှားယွင်းစွာယူခြင်း
တို့ဖြစ်သည်။ [ယင်းအယူမှား=မိစ္ဆာဒိဋ္ဌိအားလုံးသည် ကံနှင့်ကံ၏အကျိုး(၀ါ)အ
ကြောင်းနှင့်အကျိုးကို ပစ်ပယ်သည့် အဆိုးဆုံးတရားမျိုးချည်းဖြစ်သည်။]

(၆) မာန=မာန်ထောင်လွှားခြင်းဟူသော တရားဆိုးသည် မိမိ၏ဥစ္စာစည်းစိမ်၊ ရာထူး၊ အာဏာ၊ ဂုဏ်သိရ်စသည်တို့ကြောင့်၊ မိမိကိုယ်ကို အထင်ကြီး၍ သူတပါးတို့ကို အထင်သေးစေတတ်သည့် တရားမျိုးဖြစ်၏။ ယင်းတရားဆိုးကြောင့် လူမိုက်တို့သည် ရိုသေလေးစားအပ်သော ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာသမား၊ လူကြီးသူမ၊ ကျေးဇူးရှင်၊ သူတော်စင်များကိုပင်၊ မရိုမသေမလေးမစား-စော်ကားပြော
ဆိုမှုပြုကြ၍၎င်း၊ မိစ္ဆာဒိဋ္ဌိအယူမှားတို့သည် ငါဘုရားမှတပါး မည်သူ့ကိုမှ အရိုအသေမပြုရဟူသော ထိုအတ္တစိတ်ကြီးမားဘုရားဆိုသူူက ပြောသည့်အတိုင်း မှတ်ယူကျင့်ကြံ ပြုမူကြ၍၎င်း၊ အပါယ်ငရဲသို့ ရောက်ကြရသဖြင့် ထိုမိစ္ဆာဒိဋ္ဌိနှင့်ဘုရား
ဆိုးကြီးတို့ကြောင့် ဆိုးကျိုးကြီးကို ခံကြရသည်မှာ အလွန်ပင်သနားဖွယ်ကောင်း
လှ၏။ထို့ပြင် ဘုရားဆိုးကြီးက တခြားဘာသာတွေကို သတ်ဖြတ်လေလေ ငါဘုရားကကောင်းချီးပြုလေလေဟူ၍(နဂိုကသူတော်ကောင်းစိတ်ရှိသူတို့ကိုပင်)
မိုက်ဇာတ်သွင်းပြီး၊ ငရဲသို့ပို့ပေးပြန်သဖြင့် အလွန်ကြောက်ဖွယ်ကောင်းလှ၏။

(၇) ဒေါသ=အမျက်ဒေါသဟူသော တရားဆိုးသည်ခက်ထန်- ကြမ်းတမ်းသည့်စိတ်မျိုး၊ ကို်ယ်ချင်းစာစိတ်ကင်းမဲ့သောစိတ်မျိုး၊ သူတပါးတို့အား သေစေလိုပျက်
စီးစေလိုသည့် စိတ်ယုတ်မာမျိုးဖြစ်သည်။ ယင်း တရားဆိုးကြောင့် လူတို့သည်
လူ-ကျွဲနွားတိရစ္ဆာန်သတ္တဝါတွေကို ရက်စက်စွာ သတ်ဖြတ်-ညှဉ်းပန်းနှိပ်စက်-နိုင်ထက်ကလူပြုမူကြသည်မက မိမိတို့မုန်းသူတို့၏ ပစ္စည်းဥစ္စာများကို မီးရှို့ဖျက်ဆီးကြသဖြင့် အပါယ်ငရဲသို့ မနှေးအမြန် ကျရောက်ရကုန်၏။

(၈) ဣဿာ=မနာလိုခြင်းဟူသော တရားဆိုးသည် မိမိထက်သာလွန်သည့် သူတပါးတို့၏ ကြီးပွားချမ်းသာ-ရာထူးဂုဏ်သိရ်ကျော်စောမှုစသည်တို့နှင့် ပြည့်စုံခြင်းကို မနာလို-ငြူစူသောအောက်တန်းကျ-စိတ်ယုတ်မာမျိုး ဖြစ်၏။ ယငး်တရားဆိုးကြောင့် လူမိုက်တို့သည် ထိုသို့ မိမိထက်သာလွန်နေသော ပုဂ္ဂိုလ်တွေအား ပျက်စီးရာပျက်စီးကြောင်းကို နည်းမျိုးစုံသုံး၍ အကောက်ဉာဏ်နှင့်လုပ်ဆောင်ကြသ
ဖြင့် အပါယ်ငရဲသို့ ကျရောက်ရကုန်၏။

(၉) မစ္ဆရိယ=နှမြောတွန့်တိုမှုဟူသော တရားဆိုးသည် မိမိ၏စည်းစိမ်-ဥစ္စာ
ကို လွန်စွာတပ်မက်၍ တရားဓမ္မကို လေ့လာအားထုတ်နေကြသည့် ရဟန်းသံ
ဃာတော်များနှင့်မရှိဆင်းရဲသားတို့အား မိမိ၏စည်းစိမ်ဥစ္စာ အနည်းငယ်ကိုပင်
မျှဝေ-ပေးကမ်း-လှူဒါန်းလိုစိတ်မရှိသည့် တရားမျိုး ဖြစ်၏။ ထိုတရားဆိုးကြောင့် လူချမ်းသာမိုက်တို့သည် သေသည့်အခါ မိမိတို့၏ စည်းစိမ်ဥစ္စာတို့ကို ထားရစ်ခဲ့
ရပြီး ဒါနဟူသော ဘဝခရီးရိက္ခာမပါရှိသဖြင့် အပါယ်ငရဲသို့သာကျရောက်ရကုန်၏။

(၁၀) ဝစိကိစ္ဆာ=တရားမှန်ကို ဝေခွဲမသိ- ယုံမှားမှုဟူသောတရားဆိုးသည် ဘုရားစစ် ဘုရားမှန်၊ တရားစစ် တရားမှန်၊ သံဃာစစ် သံဃာမှန် (ရတနာအစစ် ၃-ပါး)

တို့၏ တန်ဘိုးမှန်ကို ဧကန်မသိ- ဒွိဟဖြစ်စေသော လူမိုက်တို့သည် ယင်းတို့ကိုမကိုးကွယ်မိပဲ သူတပါးတို့က ဆရာမှားတို့က ပြောသမျှကို အကန်းယုံမိ၍ မကောင်းမှုကံတွေကို ပြုမြိကသဖြင့် သေသည့်အခါ အပါယ်ငရဲသို့ ကျရောက်ရကုန်၏။

ဦးမြင့်ဆွေ
(ကျောင်းအုပ်၊ ဗုဒ္ဓတက္ကသိုလ်-မန္တလေး)