မြန်မာ ၁၃၁၁ ခုနှစ် ကဆုန်လပြည့်ေန့တွင် ဝေဘူဆရာတော်ကြီးမှာ တိလောကသဗ္ဗညု စေတီတော် ထီးတော်တင်နိုင်ရေးအတွက် လူသိများကျော်ကြားစအချိန်ဖြစ်သလို ပုပ္ပါးတွင်လည်း ဘိုးမင်းခေါင် သည် ကျော်ကြားလျှက်ရှိပြီ ဖြစ်လေသည်။
ထိုအချိန်မှာပင် မန္တလေးမြို့ အသောကာရုံတိုက်ထန်းတစ်ပင်ကျောင်းတွင် ဦးအာဒိစ္စနှင့် ဦးပဥ္ဇင်းနှစ်ပါးမှာလည်း စာသင်ကြားလျှက်ရှိပြီး တစ်နေ့တွင် ဦးအာဒိစ္စက ဘိုးမင်းခေါင်ဆိုသောပုဂ္ဂိုလ်ကြီးသည် ပုပ္ပါး၌ထင်ရှားကျော်ကြားနေသဖြင့် သွားရောက်လေ့လာရန်ခေါ်သဖြင့် ဦးစန္ဒိမာလည်းလိုက်သွားခဲ့လေသည်။
ဦးစန္ဒိမာနှင့် သိကြွမ်းရင်းနှီးသောအခါ အင်ကြင်းပင်စေတီတော်ကြီး ထီးတော်တင်ရန်ရှိ၍ ဘိုးမင်းခေါင်မှထီးလျှူချင်ကြောင်းလျှောက်ထားရာ ဦးစန္ဒိမာကိုယ်တိုင် ခင်ဦးမြို့နယ် အင်ကြင်းပင်ရွာသို့ကြွသွှားပြီး ဝေဘူဆရာတော်ကြီးအား ဘိုးမင်းခေါင်လျှောက်ထားသည်ကိုလျှောက်တင်လေသည်။ဝေဘူဆရာတော်ကြီးမှ ကောင်းပါ့ဗျာကောင်းပါ့ဗျာ ဟုမိန့်တော်မူလေသည်။
ဦးစန္ဒိမာသည် အင်ကြင်းပင်သို့ရောက်ရှိခိုက် ဝေဘူဆရာတော်ကြီး၏နိဿယ ကိုခံယူ၍ တရားအားထုပ်သေးသည်။တစ်ညတွင် တရားအားထုပ်ရင်းမိမိရင်ဘတ်ပေါ်မှ ဝေဘူဆရာတော်စျာန်ဖြင့်ကြွသွားကြောင်းဖူးတွေ့လိုက်ရသဖြင့် ချက်ချင်းပင် ဆရာတော်၏ ထန်းရွက်တဲအတွင်းဝင်သွားပြီး ဆရာတော်ကြီးအား ဝတ်ဖြည့်လေလျှင် ရန်ကုန်လက်မှတ်ယူထားပြီး ဘာကြောင့် လမ်းဘူတာဆင်းရတာလည်းဟု ဆီးမေးလေသဖြင့် တပည့်တော်သဘောပေါက်ပါပြီဘုရား ဟု ပြန်လည်လျှောက်တင်သောအခါ ဆရာတော်ကြီးမှ ဒုတတ္တာ ကျာက်ချဉ် ပင်လယ်ရေမြှှုပ်ဗျ မိန့်ကြားတော်မူလေသည်။
ဝေဘူဆရာတော်ကြီး မိန့်ကြားချက်ကို ယနေ့တိုင် အဓိပ္ပါယ် ဖေါ်မရဟုဆိုလေသည်။ထီးတော်တင်ခွင့်ပြုကြောင်း ဘိုးမင်းခေါင်အား ဦးစန္ဒိမာပြန်ပြောသောအခါ ထီးတော်ကိစ္စ၌ မိုးညှင်းဆရာတော်ကြီးဆန္ဒအရ အလုံမြို့့ပွဲစားကြီး ဦးစိုးပေ ဒေါ်တင်တင်မိသားစုတို့မှ ကျပ်ငွေ ၄၀၀၀ ဘိုး မင်းခေါင်အလျှူခံပုးံများမှ ၁၄၀၀ စုစုပေါင်း ၅၄၀၀ ကျပ်ဖြင့် ထီးတော်တင်လျှူကြလေသည်။
ဒုတိယအကြိမ် ဘိုးမင်းခေါင်နှင့် ဝေဘူဆရာတော်ကြီးတို့ တွေ့ဆုံဆက်သွယ်မှု ့တွင်လည်း ဦးစန္ဒိမာကပင် ဆောင်ရွက်ပေးလေသည်။ဘိုးမင်းခေါင်သည် ကမ္ဘာလုးံတံဆိပ်သင်းပိုင် ဗန္ဓုလတံဆိပ်ဧကသီကို ဝေဘူဆရာတော် ဦးကုမာရကို ပေးလျူရန် စေလွှတ်ပြန်လေသည်။
ဘိုးမင်းခေါင်သည် မိမိဦးခေါင်းကို လက်ဖြငိ့သပ်လိုက်ရာ ဆံပင်တစ်ချောင်းပါလာပြီး ၎င်းဆံပင်တစ်ချောင်းကိုပါ ဝေဘူဆရာတော်အားလျုခဲ့ပါ ဟု လျှောက်လိုက်လေသည်။ထိုအချိန်က ဝေဘူဆရာတော်သီတင်းသုးံနေသော ရွှေဘိုအောင်မြေသ ို့ ဦးစန္ဒိမာလိုက်သွားရာ နေဝင်စအချိန်ရောက်ရှိသွားလေသည်။
ဆရာတော်ကြီးအား ဘိုးမင်းခေါင်ဆက်ကပ်လိုက်သော ဆံပင်ကိုကပ်လျူရာ လက်ခံတော်မူပြီး ခေါင်းအုးံကြား ထည့်ထားလိုက်လေသည်။သင်္ကန်းမှာအချိန်မရသဖြင့် နံနက်တွင် ကပ်လျူလေသည်။
ဆွမ်းခံကြွကာနီးအချိန်တွင် ဆက်ကပ်ရာ အခု ဆုချီးမြှင့်ရမည်လားဟု မိန့်သဖြင့် ချီးမြှင့်ပါဘုရားဟု လျှောက်လျှင် ချက်ချင်းပင်သင်္ကန်းကို လဲဝတ်တော်မူသဖြင့် သင်္ကန်းအဟောင်းကို ဦးသုမနက သိမ်းယူသောအခါ ခြေဖြင့်ဖိထားပြီး ဦးစန္ဒိမာယူမှ ကြွပေးတော်မူသည်။
ဦးစန္ဒိမာက သင်္ကန်းဟောင်းကို ပေါင်ပေါ်တင်၍ ကိစ္စပြီးခဲ့ကြောင်းပြောရာ ဘိုးမင်းခေါင်ကသင်္ကန်းကိုယူပြီး လက်ဖြင့်ပိုက်၍ သာသနာတော်ကြီးရောက်လာပြီ သာသနာတော်ကြီးရောက်လာပြီဟု အားရဝမ်းသာ ရှိတော်မူလေသည်။ ထို့နောက်ခေါင်းဖြငိ့ရွက်၍ အရှင်ဥပဂုတ္တ မြသပိတ်ပေါ် တင်ထားလိုက်လေတော့သည်။
ဘိုးမင်းခေါင် ကပ်လျှူလိုက်သော သင်္ကန်းမှာ မန္တလေးမြို့ ၂၈လမ်းမှ အမေရင်.ဖွားဖွားရင်.ဧ၊် ကောင်းမှု့ဖြစ်လေသည်။
ဦးစန္ဒိမာကိုယ်တော်မှာ ဟင်္သာတနယ် ဓမ္ဘီဇာတိဖြစ်၍ ယခုအခါ ဝေဘူဆရာတော်ကြီး စျာပန ဗဟိုကော်မတီ ဥက္ကဋ္ဌဖြစ်ပြီး စစ်ကိုင်းမြို့ ဆွမ်းဦးပုညရှင် စေတီတော်ကို ထိမ်းသိမ်းစောင့်ရှောက်ကာဓနုဖြူချောင်တွင် သီတင်းသုးံလျှက်ရှိလေသည်။
မြန်မာ၁၃၁၁ ခုနှစ်တွင် ဆရာတော်သည် ရွှေဘိုမှ ကြွသည်တွင် နိဗ္ဗာန်ဆော် ဦးတင်အောင်နှင့် ဦးချစ်မောင်တို့ လိုက်ပါသွားခဲ့လေသည်။ရန်ကုန်မြို့ တက္ကသိုလ်ဓမ္မာရုံ၌ သီတင်းသုးံတော်မူပြီး တရားဟောတော်မူရာ သမ္မတဟောင်စဝ်ရွှေသိုက် ကိုယ်တိုင် ဆရာတော်အားလာရောက်၍ ဝေယျာဝစ္စဆောင်ရွက်လုပ်ကိုင်ပေးလေသည်။
ဆရာကြီးဦးဘခင် ပင့်ဖိတ်ချက်အရ ရန်ကုန်မြို့ အင်းလျားမြိုင်လမ်း ဓမ္မရောင်ခြည်တည်ရာသို့ ပထမဆုးံ ကြွရောက်တော်မူဖူးလေသည်။
တက္ကသိုလ် ဓမ္မာရုံ၌ ဆရာတော် သီတင်းသုးံနေတော်မူစဉ် တွံတေးဆရာတော် ရန်ကုန်မှ ကျားကူးဆရာတော်တို့လာရောက်တွေ့ဆုံပြီးလျှင် ဆဋ္ဌသင်္ဃာယနာပွဲနီးပြီဖြစ်၍ ဆရာတော်တက်ရောက်စေိုကြောင်း ပရိယတ်မှာပြာ့်စုံသော်လည်း ပဋိပတ်တွင် ဆရာတော်ပါမှ ပြည့်စုံမည်ဖြစ်ကြောင်းလျှောက်ထားတော်မူကြလေသည်။
ရန်ကုန်မြို့တွင် ရှိနေစဉ်အတွင်း ရက်ကွက်အလိုက်ဆွမ်းခံကြွတော်မူရာ သမ္မတဟောင်းစဝ်ရွှေသိုက် ကိုယ်တို်င် သပိတ်ပိုက်၍ လိုက်ပါလေသည်။ ဆရာတော်ကြွရာလမ်းတစ်လျှောက် ယဉ်အသွားအလာကို ယဉ်ထိမ်းရဲများကထိမ်းသိမ်းပေးကြလေသည်ဖူးမြော်ကြည်ညိုသူလူအပေါင်းတိုး၍မပေါက်အောင် စည်ကားသည်။
အလျှူခံရသောပစ္စည်းမျာကို အလျှူခံခဲ့သည့်ရပ်ကွက်များရှိ ကျောင်းပေါင်း၂ဝအားအညီအမျှ ပြန်လည် ခွဲဝေ လျှူဒါန်းတော်မူလေသည်။
လျှူဖွယ်ပစ္စည်းများကို တပည့်ရင်း ဦးသုမနမှ သွားရောက်လျှူဒါန်းပေးရာ ပစ္စည်းများ များပြားလွန်းသဖြင့် ရန်ကုန်မိုးညင်းဆရာတော်ကြီးက ငါတန်ခိုးကြီးလှပြီ အောက်မေ့တာ မောင်ဝေဘူရဲ့ မီးဖိုချောင်လောက်ရှိ ပါသေးလား ဟု ရယ်မောကာပြောဆိုသည်ကို ဦးသုမနနှင့် အတူပါသူ ဦးထင်အောင်တို့်ကိုယ်တိုင် ကြားခဲ့ရသည်ဟု ဆိုလေသည်။
ဆဋ္ဌသင်္ဃာရနာပွဲ ကြွရောက်ရန် ဖိတ်ကြားခြင်းခံတော်မူရသော ဝေဘူဆရာတော်ကြီးသည် ပထမနေ့တွင် အထူးဧည့်သည်တော်အခန်း၌ နေတော်မူသည်
ဒုတိယနေ့တွင် မစိုးရိမ်ဆရာတော်နှင့်အတူ အလယ်ထပ်၌သီတင်းသုးံတော်မူသည်။တတိယနေ့တွင် ညောင်ရမ်းဆရာတော်နှင့် အမြင့်ဆုးံသောနေရာပေးခြင်း ခံယူတော်မူပြီးနောက်ညောင်ရမ်းဆရာတော်ကြီးသည် ဝေဘူဆရာတော်အား လျှိုင်ဂူပေါက်အထိ လိုက်ပါပို့ဆောင်ကာ ပရိသတ်အပေါင်းတို့အားဝေဘူဆရာတော်ဟဲ့ ဖူးကြဖူးကြ ဟုမိန့်တော်မူလေသည်။
သင်္ဃာရနာတင်ပွဲ ပြီးပြီးခြင်း ပြန်ကြွတော်မူရာ ထိုအချိန်ကရန်ကုန်ဘူတာကြီးကို အသစ်တည်ဆောက်ပြီးဖြစ်၍ မီးရထားမင်းကြီး ဦးသိန်းညွန့်ကိုအကြောင်:ပြုပြီး ရန်ကုန်ဘူတာကြီးအားဝေဘူဆရာတော်ကြီးမှ ပရိတ်ရွတ်ကာ ဖွင့်လှစ်ပေးခဲ့သည်။သံဃာအပါး၂ဝဖြင့်မေတ္တာသုတ်ရွတ်ကာ ဘူတာရုံကြီးကိုဖွင့်လှစ်ပေးတော်မူခဲ့လေသည်။