ဆရာတော်ဘုရား၊ အချို့က ပြောကြပါသည်၊ ဇနီးမောင်နှံများတွင် ဇနီးဖြစ်သူက ကုသိုလ်လုပ်လျှင် ခင်ပွန်းဖြစ်သူက အလိုအလျောက် ကုသိုလ်ရ၍၊
ခင်ပွန်းဖြစ်သူက ကုသိုလ်လုပ်လျှင် ဇနီးဖြစ်သူမှာ အမျှဝေ၍ သာဓုခေါ်နိုင်မှ ကုသိုလ်ရသည်သည်-ဟု ဆိုပါသည်၊ ၄င်းမှာ အရပ်စကားလား၊ တကယ်လား ဆိုတာ သိလိုပါသည် ဖြေကြားတော်မူပါဘုရား။
( မစန်းစန်းဝင်း-ပဲခူးမြို့ )
( ဖြေ )
ဇနီးလှူ၍ ခင်ပွန်းရသည်မှာ စေတနာသဒ္ဓါ တူမှသာ ရနိုင်ပါသည်။
ခင်ပွန်းက စေတနာသဒ္ဓါတရား မရှိလျှင် မရနိုင်ပါ။
ခင်ပွန်းလှူ၍ ဇနီးရရန်မှာလည်း ထို့အတူပင် ဖြစ်ပါသည်။
အင်္ဂုတ္တရ စတုက္ကနိပါတ၌
မိန်းမ ယောက်ျား နှစ်ဦးစလုံး ယုတ်ညံ့သော လူသေယောက်ျား လူသေမိန်းမ အတွဲ။
မိန်းမ သီလရှိ, ယောက်ျား ယုတ်ညံ့သော နတ်သမီးနှင့် လူသေ အတွဲ။
ယောက်ျား သီလရှိ, မိန်းမ ယုတ်ညံ့သော နတ်သားနှင့် လူသေ အတွဲ။
ယောက်ျား မိန်းမ နှစ်ဦးလုံး သီလရှိသော နတ်သား နတ်သမီး အတွဲ-ဟူ၍ လေးမျိုးရှိသည်။
လှူဒါန်းပေးကမ်း ကုသိုလ်လုပ်ရာ၌ နတ်သား နတ်သမီးအတွဲမျိုးသာ ကုသိုလ်တူရနိုင်၍ ကျန်အတွဲများ၌
လူသေ ဥပမာ-ယောက်ျား မိန်းမ တို့မှာ ကုသိုလ်တရား မဖြစ်ထွန်းနိုင်။
တနည်းအားဖြင့် လင်နှင့်မယား ကုသိုလ်တူရ၍ ဘ၀ဆက်တိုင်း လက်တွဲနိုင်ရန် ဘုရားဟောသည်မှာ-
သမသဒ္ဓါ-တူမျှသော သဒ္ဓါတရား ရှိခြင်း။
သမသီလ-တူမျှသော အကျင့်သီလ ရှိခြင်း။
သမစာဂ-တူမျှသော လှူဒါန်းစွန့်ကြဲမှု ရှိရခြင်းနှင့်
သမပညာ-တူမျှသော ( ကမ္မဿကတဉာဏ်ပညာ) ကံ ကံ၏အကျိုးကို ယုံကြည်မှုဉာဏ်ပညာ ရှိကြရမည် ဖြစ်ပါသည်။