ထိုသာရဏီယဓမ္မသည် ၆-ပါး ရှိသည် -
(၁) မေတ္တာကာယကမ္မ - အတူနေသူတို့အပေါ် မျက်မှောက်မျက်ကွယ်၌ မေတ္တာကာယကံရှိခြင်း၊
(၂) မေတ္တာဝစီကမ္မ - အတူနေသူတို့အပေါ် မျက်မှောက်မျက်ကွယ်၌ မေတ္တာဝစီကံရှိခြင်း၊
(၃) မေတ္တာမနောကမ္မ - အတူနေသူတို့အပေါ် မျက်မှောက်မျက်ကွယ်၌ မေတ္တာမနောကံရှိခြင်း၊
(၄) သာဓာရဏဘောဂီ - တရားသဖြင့်ရလာသော ပစ္စည်းတို့ကို အတူနေထိုင်သူတို့နှင့် သာတူညီမျှ ခွဲဝေသုံးဆောင်ခြင်း၊
(၅) သီလသာမည - ဖြူစင်သော အကျင့်သီလတူမျှခြင်း၊
(၆) ဒိဋ္ဌိသာမည - မှန်ကန်သော အယူတူမျှခြင်းတို့ ဖြစ်ကြသည်။