``ကိုယ့်စိတ် ကိုယ်စစ်´´
``ဝေဒနာ ဖြစ်ပေါ်လာခြင်း´´
နှာသီးဖျားအသားဆိုင်လေးကို လေတိုးထိ့တိုင်း အသိကပ်ပြီး ရှူနေရာကနေ အချိန်အတော်လေးကြာ
လာရင် ခန္ဓာကိုယ်မှာ ပူ, အေး, ညောင်းညာ, ထုံကျင်, ကိုက်ခဲဆိုတဲ့ ရုပ်တရားကြီးရဲ့ ဖေါက်ပြန်မှုတွေဟာ သူ့
သဘောအတိုင်း သူပေါ်လာပါလိမ့်မယ်။အဲဒီ့အခါမှာ
တော့ ပထမ နှာသီးဖျားမှာထားတဲ့စိတ်ဟာ နှာသီးဖျား
မှာ မနေတော့ဘဲ သူ့သဘောနဲ့သူ ဖေါက်ပြန် ဖြစ်ပျက်
တဲ့ ဝေဒနာအပေါ် ပြောင်းသွားပါလိမ့်မယ်။အဲဒီလို ပြောင်းသွားတဲ့ စိတ်ကလေးက `ဝေဒနာ´ရဲ့ အစ, အလယ်, အဆုံးတိုင်အောင် လိုက်ပါ။(ဥပမာ- ဝရမ်းပြေးတစ်ယောက်ကို စုံထောက်က နောက်ကနေ မျက်ခြေမပြတ် လိုက်နေသလိုပေါ့၊ မျက်ခြေပြတ်သွား
ရင် ဝရမ်းပြေးလွတ်သွားလိမ့်မယ် မဟုတ်လား) အဲဒီ
ဥပမာလိုဘဲ ဝေဒနာကို မျက်ခြေမပြတ်စေဘဲ အစ, အလယ်. အဆုံးထိအောင် ဆုံးအောင်လိုက်ပါ။အချိန်
မပိုင်းပါနဲ့။ဝေဒနာမဆုံးဘဲနဲ့ မတော်ပါနဲ့။တစ်နည်း
ပြောရရင် ဖြစ်ပျက်မဆုံးဘဲနဲ့ မတော်ပါနဲ့။ဒီတော့မှ ရုပ်နာမ် နှစ်ပါးတို့ဟာ တစ်ပြိုင်ထဲဖြစ် တစ်ပြိုင်တည်း
ချုပ်တဲ့ သဘောကို သိနိုင်ပါလိမ့်မယ်။
ဒီလိုသိနိုင်အောင်လဲ ဝေဒနာနဲ့ သမာဓိဟာ ချိန်ခွင်လျှာလိုဘောင်ကိုက်သွားဖို့အရေးကြီးပါတယ်။
ရှူနေတာက သမာဓိ၊ ရုပ်ဖေါက်ပြန်မှုကို သိပြီး ခံစားနေတာက ဝေဒနာ ပညာ၊ ဥပမာ-ဝေဒနာ တစ်
ကျပ်သားဆိုရင် သမာဓိကလည်း တစ်ကျပ်သားရှိပါစေ။ဝေဒနာ နှစ်ကျပ်သားဆိုရင် သမာဓိလည်း နှစ်ကျပ်သားရှိပါစေ။ဝေဒနာ ငါးမူးသား
ဆိုရင် သမာဓိလည်း ငါးမူးသားရှိပါစေ။ဝေဒနာနဲ့ သမာဓိဟာ ချိန်ခွင်လျှာလို ဘောင်ကိုက်သွားပါစေ။
သမာဓိအားနည်းနေလျှင်လည်း ဝိပဿနာဉာဏ် အ
မြင်မသန်ဘဲ ရှိပါလိမ့်မယ်။သတိထားပါ။
ဗျိုင်းတစ်ကောင်ဟာ ဘေးကပေါ်သွားတဲ့အစာ၊ အဝေးက ပေါ်သွားတဲ့အစာအပေါ်မှာ အာရုံမရောက်
ဘဲ ကိုယ့်ရှေ့တည့်တည့်က ပေါ်လာမယ့် အစာကိုသာ အာရုံစူးစိုက်ကြည့်နေသလို ဓမ္မမိတ်ဆွေ သူတော်ကောင်းအပေါင်းတို့သည်လည်း အာရုံနှစ်ပါး စိတ်မသွားဘဲ ပစ္စုပ္ပန်တဲ့တဲ့သာ အာရုံစိုက်၍ ဝိပဿနာဉာဏ်စဉ် ရင့်သန်အောင် ကျင့်ကြံပွါးများ အားထုတ်နိုင်ကြပါစေ။ကောင်းမှု့အပေါင်းနှင့် ပြည့်စုံကြရ၍ လက်တွေ့ကျင့်ကြံနိုင်ကြပါစေ။
။အရှင်ဥတ္တမ သာရ။
သာသနာဒီပ သဲအင်းဂူဝိပဿနာရိပ်သာကျောင်း
သာသနာပြုနိုင်ကြပါစေ