ဗုဒ္ဓသာသနာထွန်းကားဆုံးဖြစ်သော မြန်မာနိုင်ငံသည် သူ ့ကျွန်ဘဝ နှစ်(၁၀၀)ခန် ့ကြာမြင့်ခဲ့ပြီး သာသနာတော် လွန်စွာညှိုးနွမ်းလာခဲ့သည်။ ကျွန်ဘဝမှ လွတ်မြောက်လာသည်နှင့် သာသနာနှစ်(၂၄၉၈)နှစ်တွင် မြန်မာနိုင်ငံ၊ ရန်ကုန်မြို ့ ကမ ္ဘာအေးကုန်းမြေ မဟာပါသာဏလိုဏ်ဂူတွင် ဆဋ္ဌမအကြိမ် သင်္ဂါယနာတင်ပြီး သာသနာတော်ကို စောင့်ရှောက်ခဲ့ရသည်။
ညောင်ရမ်းဆရာတော် ၊ မဟာစည်ဆရာတော်နှင့် မင်းကွန်းဆရာတော်များ ဦးဆောင်သော ရဟန်း(၂၅၀၀)တွင် ထေရဝါဒနိုင်ငံများ ဖြစ်သော မြန်မာ၊ထိုင်း၊ လာအို၊ ကမေ ္ဘာဒီးယား ၊ သီရိလင်္ကာ နိုင်ငံ(၅)နိုင်ငံမှ ရဟန်းများပါဝင်သော သံဃာထု၊ ဖဆပလ ဦးနုအစိုးရ ဦးဆောင်သော မင်းထုနှင့် သာသနာဝင်များ ပြည်သူလူထုစသော ထု(၃)ထု ပူးပေါင်းဆောင်ရွက်ပြီး ယခင်ပိဋကတ်တော်များကို ကျောက်ပြားပေါ်မှာ ဖတ်နေရာမှ အလွယ်တကူဖတ်မှတ် လေ့လာနိုင်ရန် ပိဋကတ်တော်များကို စာအုပ်များပေါ်တွင် ကူးပြောင်းရိုက်နှိပ်ပြီး ဆဋ္ဌမအကြိမ် သင်္ဂါယနာတင်ပြီး သာသနာတော်ကို စောင့်ရှောက်ခဲ့ကြသည်။
ယခုအချိန်တွင် ဗုဒ္ဓသာသနာတော် ပိဋကတ်(၃)ပုံစလုံးသည် စာအုပ်များပေါ်တွင် ရောက်ရှိလာပြီဖြစ်သဖြင့် မည်သည့်ပုဂ္ဂိုလ်မဆို နေရာမရွေး အချိန်မရွေး အလွယ်တကူဖတ်မှတ် လေ့လာနိုင်လာပြီး သာသနာတော် သန် ့ရှင်းတည်တံ့ ပြန် ့ပွားရေးအတွက်လည်း အထူးအရေးပါလှပေသည်။
ဆဌမသင်္ဂါယနာတင်ပွဲကြီးတွင် ကျေးဇူးတော်ရှင် မဟာစည်ဆရာတော် ဘုရားကြီးနှင့် မင်းကွန်းတိပိဋကဓရ ဆရာတော်ဘုရားကြီးတို့ မေးမြန်းဖြေကြားတော်မူသော ဆဌမသင်္ဂါယနာတင် အမေးအဖြေများကို အထူးစုစည်းကာတင်ဆက်ထားပါသည်။ ဆဌမသင်္ဂါယနာတင် တရားတော်များကို ရိုသေစွာတရားနာယူခြင်းဖြင့် ကြည်ညိုသဒ္ဒါပွားနိုင်ကြပါစေ။
၁. စူဠကမ္မဝိဘင်္ဂသုတ္တန်
၂. ရှင်သာမဏေကျော် လေးပါးတရား
၃. မယ်ယှကဝတ္ထု
၄. သုဝဏ္ဏမိဂ ရွှေသမင်ဝတ္ထု
၅. ကံဏှဒီပဝတ္ထု
၆. နကုလပီသုသုတ် / ယမတသုတ်
၇. တေသတုဏဇာတ် (ပထမပိုင်း)
၈. တေသတုဏဇာတ် (ဒုတိယပိုင်း)
၉. စူဠသုဘဒ္ဒါ-ရဟန်းငါးပါး စောရဝတ္ထု
၁၀. ရေဝတသာမဏေတရား၁၁. ကုဏ္ဍကကုစ္ဆိသိန္ဓဝသုတ်
၁၂. ပါရရာသိသုတ်
၁၃. ဥဒယသုတ်မှ ကတိဘာရဒွါဇသုတ်
၁၄. အာဇိဝက-ဥပါလီ
၁၅. မဟာသတိပဋ္ဌာနမှ ခန္ဒုပမသုတ်
၁၆. မူလပရိယာယဝတ္ထု
၁၇. ရာဓမထေရ် အဿဇိပုနဗ္ဗသုတ ရဟန်းငါးရာ လက္ခဏာရေးသုံးပါး
၁၈. စေတိယဇာတ်
၁၉. ကန္ဒရကသုတ် / ပေါတတိယသုတ်
၂၀. ပုပ္ပသုတ်မှ ဂီလာနသုတ်၂၁. မရဒွါဇသုတ်
၂၂. ကောသမ္ဘီပါသီတိဿ သာမဏေပဥ္စဥပါသကာဝတ္ထု
၂၃. မိလက္ခသုတ်မှ မရဏသတိသုတ်
၂၄. ၀ိသာခါဏ ပါသိကာဝတ္ထု
၂၅. မိဠတသုတ်တော်- အဠိကသုတ်
၂၆. ကုလမကသုတ် / သဒ္ဓမ္မပဋိရူပကသုတ်
၂၇. စူဠတဏှာ သင်္ခယသုတ / မာရကစ္စဏီသသုတ်
၂၈. ကကစူပမသုတ် / နိ၀ါပသုတ်
၂၉. ခေါမဒုတသုတ်
၃၀. အဗျာကတသုတ်၃၁. ဝဂ္ဂိလသုတ်
၃၂. သုမနသုတ္တန်
၃၃. မလ္လိကာဝိမုတ္တိ ရတနာ့သုတ်
၃၄. အနိစ္စသုတ်မှ သမ္မာဒိဋ္ဌိသုတ်
၃၅. မဟာသိဟနခံသုတ်
၃၆. မဟာပဒါနသုတ် / မဟာပရိနိဗ္ဗာနသုတ်
၃၇. မဟာသိဂီတိသုတ်
၃၈. မဘရကုမာရသုတ်
၃၉. ဂါရဝသုတ် / ဘာရဒွါဇသုတ်
၄၀. ခန္ဓာယမိုက်သုတ်၄၁. ပိဏ္ဍသုတ်
၄၂. ဒုတိယပတ္တသုတ် / ဒီဂါရသုတ်
၄၃. ဗာလာပဏ္ဍိတသုတ် / ဒါရုက္ခန္ဓောပမသုတ်
၄၄. ဓါတုဝိဘင်္ဂသုတ်
၄၅. အာဠာဝကသုတ် / သုပ္ပဗုဒ္ဓသုတ်
၄၆. အမ္ဗဋသုတ်မှ ရာဟုလာသံယုတ်သုတ်
၄၇. ယမကသုတ် / မဟာစုန္ဒသုတ်
၄၈. ဓမ္မသင်္ဂဏီသုတ်
၄၉. ဘိက္ခုနီဝိဘင်း
၅၀. မဟာသတိပဋ္ဌာနသုတ် / ပါရာသိရာဇသုတ်၅၁. အတ္တိပဒေါပမသုတ် / ဒါရုက္ခန္ဓောပမသုတ်
၅၂. စူဠသစ္စကသုတ် / မဟာသစ္စကသုတ်
၅၃. စကီသုတ်
၅၄. ယမိုက်ပါဠိတော်
၅၅. မဟာပရိနိဗ္ဗာနသုတ် / မဟာပဒေသလေးပါး
၅၆. မဟာဓမ္မပါလဇာတ်
၅၇. သောနကဇာတ် (ပထမပိုင်း)
၅၈. သောနကဇာတ် (ဒုတိယပိုင်း)
၅၉. မဟာသီဟနာဒသုတ်
၆၀. အာနန္ဒသေဠိ / ပဥ္စဥပဿတာဝတ္ထု- လယ်သမားဝတ္ထု၆၁. ၀ိသာခါဝတ္ထု သမ္မဟုသိလာဒိဘိက္ခု ဝတ္ထုများ
၆၂. ကုလူပကသဒ္ဓမ္မ ပဋိရူပကသုတ်
၆၃. မဟာသီဟနာဒသုတ် / တတိယဘဒ္ဒိယသုတ် (မလ္လိကာဒေဝီ ပရိတ်များ)
၆၄. ရဟန်းငါးရာ ဝတ္ထု / ပတိပူဇိကာဝတ္ထု- ထင်းခုတ်သမားဝတ္ထု
၆၅. ဓမ္မဿဝနဝတ္ထု / တိဿသာမဏေပဥ္စဥပဿကာဝတ္ထု
၆၆. ဒုက္ကဋ်အာပါတ်ဝိနည်း (ဆံပင်)
၆၇. နိသိဂ္ဂိ၀ိနည်းတော်
၆၈. ယမကသုတ် / ရှင်နာဂီယသုတ် / ဣနသုတ် / မဟာစုန္ဒသုတ် / ဖော်သဠိယသုတ် / စူဠမာလုကျသုတ် ပရိတ်များ
၆၉. ခေါမဒုဿသုတ် / ဝဂီသုတ်(အကျဉ်း) / အနန္ဒသုတ် / ဣန္ဓကသုတ် ပရိတ်များ
၇၀. ဧကပုတ္တသုတ္တန် / ဧကသီသုသုတ် / ရာဟုလာသုတ် / အတ္တိသုတ် / ကုဠူပကသုတ် / ဩဝါဒသုတ် ပရိတ်များ၇၁. ပါတရာသိ(၀ါ) အရိယာပရိယသန စူဠအတ္တိကသောပမာသုတ္တန်
၇၂. တတိယ ဩဝါဒသုတ် / ဘဒ္ဒမပတိရူပကသုတ် / မောလိင်္ကာ ဖဂ္ဂုဏရဟန်း အနုဂတူပဟသုတ်
၇၃. ဝက်မလေးဝတ္ထုနှင့် အညတရပုရိသ ဝတ္ထု
၇၄. နကုလပီတုသုတ် / အနိစ္စလက္ခဏသုတ် / အာနိသုတ် / နဝသုတ် မိဠကသုတ် ပရိတ်များ
၇၅. ရဠဝီနိတ္တသုတ် / နိ၀ါပသုတ် / ဂန္ဒရထပုဂ္ဂလစတုတ္တုသုတ် / အဋ္ဌကနဂရသေက္ခသုတ ပရိတ်များ
ဘုရားပွင့်ရာ ကပ်ကမ္ဘာ
သတ္တဝါတစ်ဦး တစ်ယောက်သည် သံသရာကျင်လည်ရာ၌ မရေမတွက် နိုင်သော ကပ်ကမ္ဘာတို့ကို ကျော်လွှား ဖြတ်သန်းခဲ့ရသည်။ သန္တိသုခဖြစ်သော နိဗ္ဗာန်ကို မျက်မှောက်ပြုမှသာ သံသရာအလည် ပြတ်၍ ကပ်ကမ္ဘာတို့ကို ကျော်ဖြတ်ရမှုမှ ကင်းဝေးတော့၏။ ထိုသို့ ကျော်ဖြတ်ခဲ့ရသော မရေမတွက် နိုင်သော ကပ်ကမ္ဘာများအနက် ဘုရားရှင်များပွင့်ရာ ကပ်ကမ္ဘာသည် လွန်မင်းစွာ နည်းပါးပြီး ဘုရားရှင်များ မပွင့်သော သုညကပ်ကမ္ဘာများကသာ မရေမတွက် နိုင်လောက်အောင် များလှပါသည်။ ဘုရားရှင်များပွင့်သော ကမ္ဘာသည် ---
(၁) သာရကမ္ဘာ
(၂) မဏ္ဍကမ္ဘာ
(၃) ၀ရကမ္ဘာ
(၄) သာရမဏ္ဍကမ္ဘာ
(၅) ဘဒ္ဒကမ္ဘာ ဟု ငါးမျိုးရှိသည်။
ထိုငါးမျိုးသော ကပ်ကမ္ဘာတို့အနက် သာရကမ္ဘာတွင် ဘုရားရှင်တစ်ဆူသာ၊ မဏ္ဍကမ္ဘာတွင် ဘုရားရှင်နှစ်ဆူ၊ ၀ရကမ္ဘာ တွင် ဘုရားရှင်သုံးဆူ၊ သာရမဏ္ဍကမ္ဘာတွင် ဘုရားရှင်လေးဆူတို့ အသီး သီးပွင့်တော်မူခဲ့ကြပြီး ဤဘဒ္ဒကမ္ဘာတွင် ဘုရားရှင်ငါးဆူတို့ ပွင့်တော်မူကြပါမည်။ ဤဘဒ္ဒကမ္ဘာ၌ လေးဆူမြောက် ဂေါတမဘုရားရှင် ပွင့်တော်မူပြီးဖြစ်၍ ယခုအချိန်သည် ထိုဂေါတမဘုရားရှင်၏ သာသနာတော်တွင်း ကာလဖြစ်ပါသည်။
ကျွန်ုပ်တို့၏ ဂေါတမဘုရားရှင်သည် အလောင်းတော်ဘဝဖြင့် ဘုရားဖြစ်ဖို့ရန် စိတ်တော်၌ ကြံစည်ဆုတောင်းခဲ့သည့် ကာလက ခုနစ်အသချေင်္၊ နှုတ်တော်၌ ဆုတောင်းပေးခဲ့သော ကာလက ကိုးအသချေင်္၊ ကိုယ်နှုတ်စိတ်တို့ဖြင့် ဆုတောင်းခဲ့သော ကာလက လေးအသချေင်္နှင့် ကမ္ဘာတစ်သိန်း ပေါင်းအသချေင်္နှစ်ဆယ်နှင့် ကမ္ဘာတစ်သိန်းတို့ တိုင်တိုင် ဆုတောင်းခဲ့ပါသည်။ ထိုသို့ ဆုတောင်းခဲ့သော ကာလများအနက် ဘုရားဖြစ်ရန် ကျိန်းသေသော နိယတဗျာဒိတ်ခံယူ ရရှိခဲ့သည့် ကာလမှာ လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းဖြစ်၏။ ထိုလေးအသချေင်္နှင့် ကမ္ဘာတစ်သိန်း ကာလ အတွင်း နောက်ဆုံး ပွင့်တော်မူသော ကျွန်ုပ်တို့၏ ဂေါတမဘုရားရှင် အပါအဝင် ပွင့်တော်မူပြီး ဘုရားရှင်များမှာ ---
(၁) တဏှင်္ကရာ ဘုရားရှင်
(၂) မေဓင်္ကရာ ဘုရားရှင်
(၃) သရဏင်္ကရာ ဘုရားရှင်
(၄) ဒီပင်္ကရာ ဘုရားရှင်
(၅) ကောဏ္ဍည ဘုရားရှင်
(၆) မင်္ဂလ ဘုရားရှင်
(၇) သုမန ဘုရားရှင်
(၈) ရေဝတ ဘုရားရှင်
(၉) သောဘိတ ဘုရားရှင်
(၁၀) အနောမဒဿီ ဘုရားရှင်
(၁၁) ပဒုမ ဘုရားရှင်
(၁၂) နာရဒ ဘုရားရှင်
(၁၃) ပဒုမုတ္တရ ဘုရားရှင်
(၁၄) သုမေဓ ဘုရားရှင်
(၁၅) သုဇာတ ဘုရားရှင်
(၁၆) ပိယဒဿီ ဘုရားရှင်
(၁၇) အတ္ထဒဿီ ဘုရားရှင်
(၁၈) ဓမ္မဒဿီ ဘုရားရှင်
(၁၉) သိဒ္ဓတ္ထ ဘုရားရှင်
(၂၀) တိဿ ဘုရားရှင်
(၂၁) ဖုဿ ဘုရားရှင်
(၂၂) ၀ိပဿီ ဘုရားရှင်
(၂၃) သိခီ ဘုရားရှင်
(၂၄) ဝေဿဘူ ဘုရားရှင်
(၂၅) ကကုသန္ဓ ဘုရားရှင်
(၂၆) ကောဏာဂမန ဘုရားရှင်
(၂၇) ကဿပ ဘုရားရှင်
(၂၈) ဂေါတမ ဘုရားရှင် ဟူ၍နှစ်ဆယ့်ရှစ်ပါး (နှစ်ကျိပ်ရှစ်ဆူ) တို့ဖြစ်ပါသည်။
ထိုနှစ်ကျိပ်ရှစ်ဆူသော ဘုရားရှင်တို့အနက် နှစ်ဆယ့်လေးပါးသော ဘုရားရှင်တို့၏ အထံတော်တွင် ကျွန်ုပ်တို့၏ ဂေါတမဘုရားရှင်သည် နိယတဗျာဒိတ်တော်ကို ဆင်မြန်းရရှိတော်မူခဲ့သည်။ ဂေါတမဗုဒ္ဓ ေလာင်းလျာသည် ထိုသာရ မဏ္ဍကမ္ဘာ၌ ပွင့်တော်မူသော ဘုရားရှင်လေးဆူတို့အနက် နောက်ဆုံး ဖြစ်သော ဒီပင်္ကရာဘုရားရှင် ထံတော်မှောက်၌ နိယတဗျာဒိတ်ကို စတင်ခံယူခဲ့ပါသည်။ ဒီပင်္ကရာ ဘုရားရှင်နှင့် ကပ်ကမ္ဘာတူတွင် ပွင့်တော်မူကြသော ဘုရားရှင် သုံးဆူကိုပါ ထည့်သွင်း၍ ဤဗုဒ္ဓဝင်၌ ဖော်ပြထားပါသည်။