၁။ ငယ်စဉ်အခါက ပစ္စည်းဥစ္စာမရှာခဲ့၍ အိုမင်းရင့်ရော် နောင်သောအခါမှ မရှိဆင်းရဲ မွဲပြာကျသောကြောင့် နောင်တကြီးစွာရခြင်း။

၂။ ငယ်ရွယ်စဉ်က ပညာသင်ရန် အခွင့်ရေးရပါလျှက် ဆိုးပေတေကာ ကျောင်းပြေးလုပ်၍ နောင်အခါ အသက်မွေးမှု မပြည့်စုံခြင်းကြောင့် နောင်တကြီးစွာရခြင်း။

၃။ ကောက်ကျစ်စဉ်းလဲ ကုန်းချောစကားဖြင့် ရန်တိုက်ပေးခဲ့မိသောကြောင့် သေရာညောင်စောင်း လဲလျောင်းမိသောအခါ ငါပြုခဲ့မိတာ မှားလေခြင်းဟု နောင်တကြီးစွာ ရခြင်း ။

၄။ သတ္တဝါများအား သနားမဖက် ရက်စက်စွာ သတ်ခဲ့မိခြင်းကြောင့် သက်ရွယ်ကြီးရင့်လာသောအခါ ယူကြုံးမရဖြစ်ကာ နောင်တကြီးစွာ ရခြင်း။

၅။ မသွားလာအပ်သော သူမယားနှင့် သမီးများကို သွားလာပေါင်းသင်း ဖျတ်ဆီးမိခြင့်ကြောင့် မိမိသားသမီးရလာသောခါ နောင်တ တဖန် ပူပန်ရခြင်း။

၆။ များစွာသော ပစ္စည်းဥစ္စာ ဂုဏ်အင်္ဂါနှင့် ပြည့်စုံပါလျက် ဒါနမှုများ ပြုရမည်ကို သတိမရဘဲ မွဲပြာကျကာမှ ငါမလှူခဲ့မိတာ မှားလေခြင်းဟု နောင်တကြီးစွာ ရခြင်း။

၇။ မိအို/ဖအိုများကို ကျွေးနိုင်မွေးနိုင် ဥစ္စာအင်အားရှိပါလျက် အသက်ထင်ရှားရှိစဉ်၌ ကျွေးမွေးရန်သတိမရဘဲ သေလွန်ပါမှ ငါမကျွေးခဲ့မိတာ မှားလေခြင်းဟု နောင်တကြီးစွာ ရခြင်း။

၈။ မွေးသည့်မိခင် ကျွေးဖခင် ကျေးဇူးရှင်တို့်အား မထေမဲ့မြင့်ပြုခဲ့မိသောကြောင့် နောင်သောအခါမှ ရင်ထုမနာ ဖြစ်ရခြင်း။

၉။ သီလ, သမာဓိ, ပညာနှင့် ပြည့်စုံသော ရဟန်းကောင်း ရဟန်းမြတ် လူပုဂ္ဂိုလ်များ ရှိပါလျက် မဆည်းကပ် မကိုးကွယ်မိခြင်းကြောင့် နောင်တကြီးစွာ ရခြင်း။

၁၀။ ငြိမ်သက်သောအကျင့် ခြိုးခြံသောအကျင့်သည် ကောင်း၏ဟု သူတော်ကောင်းများ ဟောကြားခဲ့ပါလျက် တွေဝေသည့် အတွက် မကျင့်ကြံမိသောကြောင့် အခါနှောင်းမှ နောင်တကြီးစွာ ရခြင်း။

(မဟာဇနကဇာတ်)