ရွှေဆံနွယ်ဓမ္မဓရ ကုသိုလ်ဖြစ်ဆေးရုံ သည် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း ယင်းမာပင်မြို့နယ်၊ ဆင်တဲကျေးရွာတွင် တည်ဆောက်ထားခြင်းဖြစ်ပြီး နေ့စဉ်အထွေထွေရောဂါလူနာပေါင်း များစွာကိုကြည့်ရှုကုသပေးလျက်ရှိသည်။

အဆိုပါရွှေဆံနွယ်ဓမ္မဓရ ကုသိုလ်ဖြစ်ဆေးရုံကို မန္တလေးမြို့၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် ပိဋကတ်ဆိုင်ရာမြန်မာစာပေဌာန(နည်းပြ)၊ သာသနတက္ကသီလ ဓမ္မာစရိယ၊ သာသနတက္ကသီလ မဟာဓမ္မာစရိယ၊ B.A(Hons;), M.A(Buddhism), Ph.D(Research) ရွှေဆံနွယ်ဆရာတော် ဓမ္မဓရ အရှင်ဝါယမာနန္ဒ ဦဆောင်လမ်းညွှန်မှုဖြင့် တည်ဆောက်ထားတာဖြစ်ပြီး မြို့ပြနှင့်ဝေးလံလှသော မန္တလေးမြို့မှ မိုင်းပေါင်း ၁၃၀ ခန့်အကွာ၊ မုံရွာမြို့မှ အနောက်ဘက် မိုင်ပေါင်း ၃၅မိုင်ခန့်ကွာဝေးသော၊ အလောင်းတော်ကသပဘုရားသို့သွားရာလမ်း အနီး စစ်ကိုင်းတိုင်းဒေသကြီး၊ အထက်ပိုင်း ဆင်တဲကျေးရွာတွင် တည်ဆောက်ထားခြင်းဖြစ်ပါသည်။

အဆိုပါဒေသရှိပြည်သူများမှာ ဆေးရုံဆေးခန်းနှင့်ဝေးလံလှသောကြောင့် အခက်အခဲများစွာနှင့်ရင်ဆိုင်ခဲ့ကြရပါဖြင့် ရွှေဆံနွယ်ဆရာတော်က ဒေသခံပြည်သူတို့ရဲ့ကျန်းမာရေးကို ရှေးရှုပြိး ရွှေဆံနွယ်ဓမ္မဓရ ကုသိုလ်ဖြစ်ဆေးရုံကို ၂၀၀၉-ခုနှစ် ဒီဇင်ဘာလ ၂၇-ရက်နေ့က ပန္နက်တင်မင်္ဂလာအခမ်းအနား ကျင်းပပြီးစတင်တည်ဆောက်ကာ ၂၀၁၂-ခုနှစ် ဒီဇင်ဘာလ ၂၇-ရက်နေ့တွင် စတင်ဖွင်လှစ်ပြီး နေ့စဉ်လူနာပေါင်း ၈၀-ခန့်ကို ကြည့်ရှုကုသပေးနေပါသည်။

ကုသိုလ်ဖြစ်ဆေးဝါးအလှူတော်အတွက် နေ့စဉ် နှစ်သိန်းခွဲ သုံးသိန်းခန်းသုံးစွဲရပြီ တစ်လလျှင် ဖျမ်းမျှအလှူတော်ငွေ သိန်းတစ်ရာခန့် သုံးစွဲနေရပါသည်။

အဆိုပါ ရွှေဆံနွယ်ဓမ္မဓရ ကုသိုလ်ဖြစ်ဆေးရုံတွင် ဓါတ်ခွဲခန်း၊သားဖွားခန်း၊ ဓါတ်မှန်စက်၊ မျက်စိစမ်းသပ်ဆက်၊ အောက်ဆီဂျင်စက်များ၊ ဓါတ်ခွဲခန်းသုံးပစ္စည်းများ၊ ရေခဲသေတ္တာများနှင့် ဆေးဝါးနှင့် အခြားသောဆေးရုံသုံး လျှပ်စစ်ပစ္စည်းမျိုးစုံကို အသုံးပြုနေရသော်လည်း ကျေးလက်ဒေသဖြစ်သောကြောင့် လျှပ်စစ်မီးအသုံးပြုရန်လုံးဝမဖြစ်နိုင်ပါသဖြင့် Diesel Generator များကိုသာ အားကိုးအားထားအသုံးပြုနေရပါသည်။

တစ်ရက်လျှင် ဒီဆယ် သုံးဂါလံ သုံးစွဲရပါသည်။ နေ့ပိုင်းမှာ Diesel Generator အသုံးမပြုနိုင်ပါသဖြင့် ဓာတ်ခွဲခန်းများကို အသုံးမပြုနိုင်ပါ  အလင်းရောင်ရရှိရေး အတွက် Diesel Generator သုံးသော  ညမှသာ အသုံးပြုနေရပါသည်။ လူနာများအတွက် အချိန်နှင့် တပြေးညီ ကုသမှုပေးနိုင်ရန် ခက်ခဲနေပါသည်။

ထိုသို့ ဆေးရုံသုံးပစ္စည်းများ နေ့စဉ်သုံးဆေးဝါးများးမှာ လုံလောက်သော ဓါတ်အားမရရှိ သောကြောင့် အခက်အခဲနှင့်တွေ့ကြုံနေရပါသဖြင့် လျှပ်စစ်ဓါတ်အားလုံလောက်စွာအသုံးပြုနိုင်ရန် 15kW SOLAR SYSTEM ဖြင့်အသုံးပြုနိုင်ရေးအတွက် 15kW SOLAR SYSTEM နှင့်ဆက်ဆပ်ပစ္စည်းများ တပ်ဆင်နိုင်ရန် အလှူတော်ငွေများ အမြန်လိုအပ်လျက်ရှိပါသည်။

ခန်.မှန်းချေ သိန်း(၃၅၀)ခန့် ကုန်ကျမည်ဖြစ်ပါသည်။ သဒ္ဓါကြည်လင် ပါဝင်လှူဒါန်းကုသိုလ်ယူလိုကြသော စေတနာရှင် များအတွက် တကယ်ခက်ခဲ လိုအပ်လျှက်ရှိသော လှူစရာနေရာလေးအား ကုသိုလ်ရေးမို့ မိတ်ဆက်ပေးလိုက်ပါတယ်။
ဆက်သွယ်ရန်
၁။ ရွှေဆံနွယ်ဆရာတော် (Myanmar) phone: 09-2035 154, 09-7325 7033 email: This email address is being protected from spambots. You need JavaScript enabled to view it.
၂။ ကိုမျိုးဟန် (Australia) phone: +614 12 239 938 email: This email address is being protected from spambots. You need JavaScript enabled to view it.

ဆရာတော်ရဲ့ မွန်မြတ်သော ဆေးဝါးကုသမှု အာစိဏ္ဏကံ စေတနာဟာ တခဏအတွင်းပန်းသတင်း လေညှင်းဆောင်သကဲ့သို့ ကျေးရွာများသို့ သတင်းပြန့်သွား ပါတော့တယ်။ ရပ်ဝေးရပ်နီးမှ အလှူရှင်များကလည်း လိုအပ်သောဆေးဝါးများ ဆေးရုံဆေးခန်းသုံး ပစ္စည်းများကို တဖွဲဖွဲလာရောက် လှူဒါန်းကြပါတယ်။ ဆရာတော်၏ ရွှေဆံနွယ်နယ်လှည့် အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုအသင်းဟာ အထက်မြန်မာပြည်မှာ ဆေးရုံဆောက်ရင်း ဆေးကုရင်း တဖြည်းဖြည်း အသက်ဝင် လာပါတော့တယ်။ ပထမအကြိမ် ပြီးတော့ဆက်လက်ကာ

ဒုတိယအကြိမ်(Jan 10) ကျေးရွာပေါင်း၄၀ကျော် လူနာဦးရေ ၅၀၀အထက်

တတိယအကြိမ်(Mar 10) ကျေးရွာ ၄၅ရွာ လူနာဦးရေ ၉၂၈ဦး

စတုတ္ထအကြိမ်(May 10) ကျေးရွာ ၆၄ရွာ လူနာဦးရေ ၁၈၇၇ဦး

ပဉ္စမအကြိမ်(Jul 10) ကျေးရွာ ၆၄ရွာ လူနာဦးရေ ၉၀၀ဆဋ္ဌမအကြိမ်(Dec 10) ကျေးရွာပေါင်း ၈၀ လူနာဦးရေ ၂၅၀၀

သတ္တမအကြိမ် (Mar 2011) ကျေးရွာပေါင်း ၇၉ လူနာဦးရေ ၁၆၀၀

Jul 2011 မှာ မြို့မရိပ်မွန်၂ အမျိုးသမီးပရဟိကျောင်း/မုံရွာမြို့ သလ္လာလူငယ်ဖွံ့ဖြိုးရေး ပရဟိတကျောင်းနှင့် ရောင်ခြည်သစ်မျက်မမြင်ကျောင်း တနေ့တာအခမဲ့ဆေးကုသခြင်း

Sep 2011 ပခုက္ကူမြို့ မဟာဝိသုတာရာမကျောင်းတိုက်/မဟာဝိဇယာရာမကျောင်းတိုက်နှင့် သာသနဝိပုလာရာမကျောင်းတိုက် သံဃာတော်များအား တနေ့တာ အခမဲ့ဆေးကုသခြင်း

Nov 2011 သဘာဝရေဘေးအန္တာရယ် ခံစားရင်ဆိုင်ရတဲ့ ပခုက္ကူ ဆိတ်ဖြူ ပေါက်နယ်ဒေသတွေကို ဆရာတော်ကိုယ်တိုင် ဦးစီးပြီး ဆေးဝါးကုသမှု အစားအသောက် အဝတ်အထည် ဆန်ဆီဆား အစရှိသည်တို့ကို နှစ်ကြိမ်တိုင် သွားရောက် ကုသိုလ်ပြု လှူဒါန်းပါတေယ်

။နဝမအကြိမ် (Dec 2011) မှာတော့ ဆရာတော့်မွေးနေ့နှင့်အတူ ရေမတွက်နိုင်တဲ့ ဆေးဝါးအခမဲ့ကုသမှုအပြင် ရှင်သာမဏေ ဝတ်ပေးခြင်း အခြားသောကောင်းမှု ကုသိုလ်တွေကိုပြုခဲ့ကြပါတယ်။အဲဒီနောက် အကျိုးတော်ဆောင်များ၏ တက်ညီလက်ညီ ပါဝင်မှုဖြင့် မရေတွက်နိုင်သော အကြိမ်ပေါင်းများစွာ ကျန်းမာရေးစောင့်ရှောက်မှုများကို ရွှေဆံနွယ်ဆရာတော်၏ဦးဆောင်မှုဖြင့် ဆေးဝါးကုသခြင်း အခြားသော ပရဟိတလုပ်ငန်းများ စတဲ့ကုသိုလ်တွေကို ပြုလုပ်ခဲ့ကြပါတယ်။

ရွှေဆံနွယ်ဆရာတော် ဓမ္မဓရအရှင်ဝါယမာနန္ဒ