အလှူကို မတားမြစ်နှင့်
•••••••••••••••••
သူများအလှူကို ကန့်ကွက်အနှောက်အယှက်ပြုရင် အပါယ်ကျ
တတ်ပါတယ် ၊ လူဖြစ်ရင်လည်း ဝတ်စရာမရှိ ၊ စားစရာမရှိ ၊ပျော်
စရာမရှိ ၊ ရှားပါးတဲ့မျိုးရိုး ၊ ဆင်းရဲမွဲတေတဲ့မျိုးရိုးမှာ ဖြစ်ရတတ်ပါ
တယ် ၊ သူတစ်ပါးထံမှ ပစ္စည်းတစုံတရာရရှိဖို့ မျောှ်လင့်ပေမယ့်
လည်း မျှော်တိုင်းမရဖြစ်တတ်ပါတယ် ၊ အလွန်ကြောက်စရာ
ကောင်းပါတယ် ၊ ဒါကြောင့် ကြောက်တတ်ရင် အထူးဆင်ခြင်ပါ။

နောက်ပြီးအလှူဒါနကို တားမြစ်သူဟာ ( ၁ ) အလှူရှင်ရဲ့ကောင်း
မှု အန္တရာယ်ကို ပြုရာရောက်တယ် ( ၂ ) အလှူခံပုဂ္ဂိုလ်ရဲ့ လာဘ်
လာဘ အန္တရာယ်ကိုပြုရာရောက်တယ် ( ၃ ) မိမိကိုယ်ကိုလည်း
ဖျက်ဆီးရာရောက်တယ် ၊ မိမိနှင့်တကွ သုံးဦးသားရဲ့ အန္တရာယ်
ကို ပြုရာရောက်တယ်လို့ ဟောတော်မူပါတယ် ။

လူဖြစ်တာချင်းတူပါလျှက်နဲ့ ချမ်းသာဆင်းရဲ အကွဲကြီးကွဲအောင်
ဘယ်သူကစီမံလိုက်တာလည်း ၊ ချမ်းသာအောင်ဘယ်သူက မ, စ
လိုက်တာလည်း ၊ ဆင်းရဲအောင်ကော ဘယ်သူကနှိပ်စက်လိုက်
တာလည်း ။

လောကမှာ တစ်ချို့လူတွေဟာ ဆင်းရဲမွဲတေသွားမှာကိုကြောက်
လို့ မပေးရက် မလှူရက် နှမျောတွန့်တိုကြတယ် ၊ အဲဒီလူတွေ
ဟာ ခုဘဝမှာကော နောက်ဘဝမှာမှာပါ ဆင်းရဲမွဲတေတဲ့ဘေး
ငတ်တဲ့ဘေးတွေနဲ့ ရင်ဆိုင်ရတတ်ပါတယ် ၊ ငတ်မှာကြောက်ပြီး
မလှူရဲတဲ့သူဟာ သူကြောက်တဲ့အတိုင်း ငတ်ဘေးသင့်ခံရပါ
တယ် ၊ဒေဝတာသံယုတ် ၊ မစ္စရိယသုတ်မှာ ဟောတော်မူပါတယ်
ဒါကြောင့် ဓမ္မဘေရီဆရာတော်ရဲ့ စကားအတိုင်း ကြောက်တတ်
ရင် ရှေ့တိုးပါတဲ့ ။
အရှင်အာစာရ ( ကံယုံ )