စရိုက်ခြောက်ပါးနှင့် ကမ္မဋ္ဌာန်း
•••••••••••••••••••••••
ရာဂစရိုက် ၊ ဒေါသစရိုက် ၊ မောဟစရိုက် ၊ သဒ္ဓါစရိုက် ၊ ဗုဒ္ဓိစရိုက်
ဝိတက်စရိုက်ဟူ၍ ခြောက်မျိုးရှိသည် ။

စရိုက်ဟူသည် ပုဂ္ဂိုလ်၏ လွန်ကဲသော အကျင့်အလေ့အမူဖြစ်
သည် ၊ ရာဂစရိုက်ရှိသူ၌ လှပမှုကိုမြတ်နိုးခြင်း ၊ ရှာမှီးခြင်း ၊ ပိုင်
ဆိုင်လိုခြင်း စသောအမူအကျင့်များ ၊ ဒေါသစရိုက်ရှိသူ၌ ကြမ်း
တမ်းခြင်း ၊ ခက်ထန်ခြင်း ၊ မောဟစရိုက်ရှိသူ၌ ထိုင်းမှိုင်းခြင်း ၊
မေ့လျော့ခြင်း ၊ သဒ္ဓါစရိုက်ရှိသူ၌ ဘုရားတရားကြည်ညိုခြင်း ၊ဗုဒ္ဒိ
ပညာစရိုက်ရှိသူ၌ ပညာကိုရှာမှီးခြင်း ၊ သိလိုခြင်း ၊ မှတ်သားခြင်း
နှင့် ဝိတက်စရိုက်ရှိသူ၌ ကြံစည်ခြင်း ၊ တွေးတောခြင်း စသည်
များ လွန်ကဲနေတတ်သည် ။

စရိုက်သည် တစ်မျိုးစီလည်းရှိတတ်ပြီး နှစ်မျိုးသုံးမျိုးလည်းရော၍
နေတတ်သည် ၊ ထို့ကြောင့်စရိုက်မှာ ခြောက်ပါးသာရှိသော်လည်း
စရိုက်အားလျော်စွာ ပုဂ္ဂိုလ် ၆၃ မျိုးများပြားကြောင်း ကျမ်းဂန်များ
တွင်ဖော်ပြထားပါသည် ၊ စရိုက်နှင့်လျော်သော ကမ္မဋ္ဌာန်းကို သမ
ထကမ္မဋ္ဌာန်း ၄၀ နှင့် စရိုက် ၆ ပါးကိုတွဲ၍ ကျီးသဲလေးထပ်ဆရာ
တော်ဘုရားကြီးက -

အသုဘနှင့် ကာယဂတာ ၊ ဆယ့်တစ်ဖြာ ၊ ရာဂကြီးသူအား ။
အပ္ပမညာ ၊ နီလာဒိက ၊ ဤရှစ်ဝ ၊ ဒေါသကြီးဖို့ထား ။
အာနာပါန ၊ ဤတစ်ဝ ၊ မောဟဝိတက်များ ။
ဗုဒ္ဓ ဓမ္မ ၊ သံဃ သီ စာ ၊ ဒေဝတာ ၊ သဒ္ဓါထက်သူအား ။
ဥပသမာ ၊ မရဏာနှင့် ၊ သညာ ဝဝတ္တာန် ၊ ဤလေးတန် ၊ ဉာဏ်
ခံစရိုက်ကြီးသူများ ။
စရိုက်ဝေငှ ၊ သုံးဆယ်မျှ ၊ သေသခပ်သိမ်ူအားဟု စပ်ဆိုဖော်ပြ
ထားသည် ။
ရဝေထွန်း
ဘာသာရေးပြဿ နာများ