ပစ္စုပ္ပန်မှာ ချမ်းသာဖို့
••••••••••••••••
နောက်ဘဝမှာ ချမ်းသာဖို့ဆိုတာထက် လောလောဆယ်ပစ္စုပ္ပန်မှာ
ချမ်းသာအောင်နေတတ်ဖို့က ပိုလို့အရေးကြီးတာ ၊ မနက်ဖန်ချမ်းသာဖို့
ထက် ယနေ့မှာလောလောဆယ် တွေ့သမျှနဲ့ အဆင်ပြေငြိမ်းချမ်း
အောင် ချမ်းသာအောင်နေတတ်ဖို့က အရေးကြီးတာ ။

နောက်ဘဝချမ်းသာဖို့ဆိုတာထက် လောလောဆယ် တရားတဲ့နည်း
လမ်းနဲ့ ၊ တရားအသိလေးနဲ့ငြိမ်းချမ်းအောင် ချမ်းသာအောင်နေတတ်ဖို့
က ပိုအရေးကြီးတာ ၊ နိဗ္ဗာန်ရောက်ရင် ချမ်းသာမှာသေချာသော်လည်း
နိဗ္ဗာန်မရောက်ခင် ခန္ဓာဝန်ထမ်းပြီးသွားတဲ့အခါမှာ တရားအသိလေးနဲ့
ငြိမ်းချမ်းစွာ အေးအေးကြည်ကြည်လင်လင် ထမ်းသွားနိုင်ဖို့က ပိုအရေး
ကြီးတာ ။

တရားရဲ့သဘောက မနက်ဖန်ထက် ဒီနေ့ပိုအရေးကြီးတယ် ၊ နောက်ဘ
ဝထက် ယခုဘဝပိုအရေးကြီးတယ် ၊ သံသရာခရီးကိုသွားရမှာထက်
ယခုလောလောဆယ်သွားနေတုန်း ပစ္စုပ္ပန်က ပိုအရေးကြီးတယ် ။

ကုသိုလ်ရအောင် ယူတတ်ဖို့ ရှာရမယ့်အတူ ငါကုသိုလ်ရအောင်ရှာ
မယ် ၊ ခန္ဓာကိုယ်ကြီးကျွေးရမယ့်အတူတူ ကုသိုလ်ရအောင် ငါကျွေးမယ်
မိသားစုတာဝန် ထမ်းရမယ့်အတူတူ ပူပူလောင်လောင် ရှုပ်ရှုပ်ထွေး
ထွေး ငါမထမ်းဘူး ။

ဒါနဝတ်ကလေးနဲ့ ထမ်းမယ် ၊ သီလဝတ်ကလေးနဲ့ ထမ်းမယ် ၊ မေတ္တာ
ဘာဝနာစွမ်းအားလေးနဲ့ ထမ်းမယ် ၊ ဝိပဿ နာအသိလေးနဲ့ ထမ်းမယ်
မိသားစုတာဝန်ထမ်းတာတောင် သူ့မှာ ဝတ်ကလေးတွေနဲ့ထမ်းတယ် ၊
ပြွတ်သိပ်ပြီးတော့ မသွားဘူး ၊ အကန့်လေးတွေနဲ့ သွားနေတယ် ၊
ဒီနေရာတော့ ဒါနရနိုင်တယ် ၊ ဒါနယူထားလိုက်မှ စသည်ဖြင့် ရှင်းရှင်း
လေးသွားတယ်ပေါ့ ။

စီးပွားရေးအလုပ်လုပ်ရင်း အိမ်အလုပ်လုပ်ရင်းနဲ့ ခန္ဓာဝန်ထမ်းဆောင်
ရင်းနဲ့ မကင်းနိုင်တဲ့ လူမှုရေးကိစ္စတွေ ဆောင်ရွက်ရင်းနဲ့ မကင်းနိုင်တဲ့
လူမှုရေးကိစ္စတွေ ဆောင်ရွက်ရင်းနဲ့ တစ်ခါတည်းပါသွားအောင် ယူရ
မှာ ။

သာသနာတွေ့တဲ့အခါကာလကလဲ ပုညခေတ်ကြီးဆိုတော့ အချိန်တိုင်း
အချိန်တိုင်း အဖိုးတန်တယ် ၊ တစ်စက္ကန့်လေး အချိန်ဖြုန်းပစ်ရမှာတောင်
မှ နှမျောစရာကောင်းတယ် ၊ တစ်ရက်ကိုတစ်သက်လောက် တန်ဖိုး
ထားမှ တော်ကာကျပေလိမ့်မယ် ။

တိပိဋကဓရ - ဓမ္မဘဏ္ဌာဂါရိက ( ယော ) ဆရာတော်