တရားခေါ်ရာ လိုက်သွားပါ
••••••••••••••••••••••
ကိုယ်လုပ်မှ ကိုယ်သိတယ် ၊ ကိုယ်စားမှ ကိုယ်ဝတယ် ၊ ကိုယ်
သွားမှ ကိုယ်ရောက်တယ် ၊ ဘုရားပေးတဲ့သတိပဋ္ဌာန်တရားလက်
နက်က ဟင်းရွက်လှီးတဲ့ ကုလားဓားမဟုတ်ဘူး ၊ ရောဂါအားလုံး
နဲ့ ကိလေသာအားလုံးကို အမြစ်ပြတ်အမျိုးသုဉ်းအောင် ခုတ်သင်
နိုင်တဲ့ ဓားစကြာကွဲ့ ၊ မယုံမရှိနဲ့ ၊ ဘုန်းကြီးကိုယ်တွေ့ပါပဲ ။

မိမိဆက်ရှုနိုင်သေးတယ်ဆိုရင် မတော်လိုက်ပါနဲ့ ၊ ဆက်ရှုပါ ၊
တရားကခေါ်နေလျှက်မိမိကမလိုက်သွားရင် အခါအခွင့်တစ်ခုဆုံး
ရှုံးသွားနိုင်တယ် ၊ တရားဆိုတာသူခေါ်မှလိုက်သွားလို့ရတာ ၊ သူ
မခေါ်ရင်ရင်လိုက်သွားလို့မရဘူး ၊ တရားမှတ်တာသဘာဝကျကျ
မှတ်ရတယ် ၊ အတင်းလုပ်ယူတာမျိုးမဖြစ်သင့်ဘူး ၊ မိုးချုပ်သန်း
ခေါင်ရောက်နေပါစေ ဂရုမစိုက်နဲ့ ၊ မိုးလင်းသွားလည်းအရေးမ
ကြီးဘူး ၊ ထမင်းစားချိန်ရောက်သွားလို့လည်း မတော်နဲ့ ၊ တရား
ဆက်မှတ်နိုင်သလောက် လိုက်မှတ်သွားပါ ၊ အဲသလိုတစ်ကြိမ်
လိုက်သွားနိုင်ရင် သိပ်အကျိုးကျေးဇူးများတယ် ။

တရားအားထုတ်နေတုန်း မှတ်စိတ်အာရုံမတည်ငြိမ်ပဲ ဟိုဟိုဒီဒီ
စိတ်ရောက်နေရင် စိတ်ပျံ့လွင့်ခြင်းဆိုတဲ့ ဥဒ္ဓစ္စဓားပြအနှောက်
အယှက်ပေးနေပြီ ၊ TV ကြည့်ချင်တယ် ၊ သီချင်းနားထောင်ချင်
တယ် ၊ မုန့်စားချင်တယ်ဖြစ်လာရင် ကာမဂုဏ်အာရုံကိုလိုချင်တဲ့
ကာမစ္ဆန္ဒဓားပြတိုက်နေပြီလို့သိပါ ၊ ညောင်းညာကိုက်ခဲလို့စိတ်
ညစ်လာတဲ့အခါ အမျက်ဒေါသဆိုတဲ့ဗျာပါဒ ဓားပြတိုက်နေပြီလို့
သိပါ ၊ တစ်ခါပျင်းရိငိုက်မျည်းလာပြီဆိုလျှင် ထိနမိဒ္ဓဓားပြတိုက်နေ
ပြီ ။

ဝိပဿ နာရှုမှတ်လို့စိုးရိမ်ပူဆွေးမှုတွေကို လွန်မြောက်ပြီး နိဗ္ဗာန်
ချမ်းသာကိုရနိုင်မယ်ဆိုတာ ဟုတ်နိုင်ပါ့မလားလို့ သံသယဖြစ်လါ
ရင် ဝီစိကိစ္ဆာဓားပြတိုက်နေပြီလို့ မှတ်ပေတော့ ၊ ရဲစွမ်းသတ္တိရှိတဲ့
ယောကျ်ားဟာ နှောက်ယှက်လာတဲ့ ဓားပြတစ်ဦးဆီကို ခုခံတွန်း
လှန်ပြီးတော့ ခရီးရောက်အောင် ခရီးဆက်သလို နီဝရဏဓားပြ
တို့ကို ခုခံတွန်းလှန်ပြီးတော့ ဝိပဿ နာအလုပ်ကို အားကြိုးမာန်
တက်လုပ်ဆောင်ရမယ် ။

သင်္ဘောတွေဟာ ဒီလှိုင်းများရိုက်ပုတ်တာကို ထီမထင်ပဲ မိမိတို့
သွားလိုတဲ့အရပ်သို့ တည့်တည့်မတ်မတ်သွားကြသလို မဂ္ဂင်
ဖောင်ကိုလှော်နေတဲ့ ယောဂီတို့ဟာလည်း နီဝရဏဒဏ်ကိုအ
လေးမပြုပဲ လိုရာပန်းတိုင်ခရီးရောက်အောင် ဇွဲရှိရှိနဲ့ တွန်းကန်
လှော်ခတ်နိုင်နိုင်ရမယ် ။

တော်ကူးဆရာတော်