¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤
ကုန်သည်ချင်းတူလျက်ဘာကြောင့်အကျိုးပေးကွာရသနည်း
¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤

အခါတပါး၌ အရှင်သာရိ ပုတ္တရာ သည် မြတ်စွာဘုရား အား ဤသို့ မေးေ လျှာက် လေ၏။

( ၁ ) မြတ်စွာဘုရား ဤလောက ၌ အချို့ သောသူ၏ ကြိုးစား အားထုတ် ပြု လုပ် အပ်သော ကုန်သွယ်မှု သည် အခြား သူတို့၏ ကုန်သွယ်မှု နှင့် ကုန် သွယ် မှု ချင်း တူမျှသည် သာ ဖြစ်ပါလျက် ရှုံး၏၊ ယင်းသို့ ဖြစ်ခြင်း ကား အဘယ်အကြောင်း ကြောင့် ပါနည်း။

( ၂ ) အချို့သောသူ၏ ကြိုးစား အားထုတ် ပြုလုပ်အပ်သော ကုန်သွယ်မှု သည် အခြားသူ တို့၏ ကုန်သွယ်မှု နှင့် ကုန်သွယ်မှု ချင်း တူမျှ သည်သာ ဖြစ် ပါလျက် ရည်မှန်း သလောက် မရ၊ ယင်းသို့ ဖြစ်ခြင်း ကား အဘယ် အကြောင်း ကြောင့် ပါနည်း။

( ၃ ) အချို့သော သူ၏ ကြိုးစား အားထုတ် ပြုလုပ် အပ်သော ကုန်သွယ်မှု သည် အခြား သူတို့၏ ကုန်သွယ်မှုနှင့် ကုန်သွယ်မှု ချင်း တူမျှ သည်သာ ဖြစ် ပါလျက် ရည်မှန်းသည့် အတိုင်း ရ၏၊ ယင်းသို့ ဖြစ်ခြင်းကား အဘယ် အကြောင်းကြောင့်ပါနည်း။

( ၄ ) အချို့သော သူ၏ ကြိုးစား အားထုတ် ပြုလုပ်အပ်သော ကုန်သွယ်မှု သည် အခြားသူ တို့၏ ကုန်သွယ်မှု နှင့် ကုန်သွယ်မှု ချင်း တူမျှသည် သာ ဖြစ်ပါလျက် ရည်မှန်း သည် ထက် ပို၍ ရ၏၊ ယင်းသို့ ဖြစ်ခြင်း ကား အဘယ် အကြောင်း ကြောင့်ပါနည်း။

ထိုအခါ မြတ်စွာ ဘုရား က ဤသို့ ဖြေကြား မိန့်တော်မူ လေ၏။

( ၁ ) သာရိပုတ္တရာ၊ အချို့သော သူသည် ရဟန်း ပုဏ္ဏား တို့အား “အရှင် ဘုရား၊ အလိုရှိသော ပစ္စည်းကို ပြောပါ” ဟု ဖိတ်ကြား ပြီး ထိုပစ္စည်း ကို မလှူဒါန်း ချေ၊ ထိုသူသည် ထို ဘဝမှ စုတေ၍ ဤဘဝ သို့ ရောက်လာ ပြီး ကုန်သွယ်မှု ပြုလုပ် သော အခါ ရှုံးရ၏။

( ၂ ) အချို့သော သူသည် ရဟန်း ပုဏ္ဏားတို့အား “အရှင် ဘုရား၊ အလို ရှိသော ပစ္စည်းကို ပြောပါ” ဟု ဖိတ်ကြား ပြီး ရည်မှန်းထား သည့် အတိုင်း မပေးလှူ ဘဲ နည်းနည်း သာ ပေးလှူ၏၊ ထိုသူသည် ထိုဘဝ မှ စုတေ၍ ဤဘဝ သို့ ရောက်လာ ပြီး ကုန်သွယ်မှု ပြုလုပ် သော အခါ ရည်မှန်း သလောက် မရ။

( ၃ ) အချို့သော သူသည် ရဟန်း ပုဏ္ဏား တို့အား “အရှင် ဘုရား၊ အလို ရှိသော ပစ္စည်းကို ပြောပါ” ဟု ဖိတ်ကြားပြီး ရည်မှန်း ထားသည့် အ တိုင်း ပေးလှူ၏၊ ထိုသူသည် ထိုဘဝ မှ စုတေ၍ ဤဘဝ သို့ ရောက်လာပြီး ကုန်သွယ် မှု ပြုလုပ် သော အခါ ရည်မှန်း သည့် အတိုင်း ရ၏။

( ၄ ) အချို့သော သူသည် ရဟန်း ပုဏ္ဏားတို့အား “အရှင် ဘုရား၊ အလို ရှိသော ပစ္စည်းကို ပြောပါ” ဟု ဖိတ်ကြား ပြီး ရည်မှန်း ထားသည် ထက် ပို၍ ပေးလှူ ၏၊ ထိုသူသည် ထိုဘဝမှ စုတေ၍ ဤ ဘဝသို့ ရောက်လာ ပြီး ကုန်သွယ်မှု ပြုလုပ်သော အခါ ရည်မှန်း သည် ထက် ပို၍ ရ၏။

သာရိပုတ္တရာ၊ ဤသည် လျှင် ကုန်သွယ်မှု ချင်း တူမျှ သည် သာ ဖြစ်လျက် ရှုံးခြင်း၊ ရည်မှန်း သလောက် မရခြင်း၊ ရည်မှန်း သလောက် ရခြင်း၊ ရည်မှန်း သည် ထက် ရခြင်း ၏ အကြောင်း ပေ တည်း။

အံ-စတုက္က၊ ဒု-ပဏ္ဏာသက၊ အပဏ္ဏကဝဂ်၊ ၉-ဝဏိဇ္ဇသုတ်။