၁၃၁၈ ခုနှစ်ဝါဆိုလဆန်း၁၃ ရက် နံက် ၈ နာရီအချိန်တွင် မဟာစည်ဆရာတော် ဘုရားကြီးသည် ဆိပ်ခွန်ကျေးရွာမှ ရန်ကုန်မဟ ာစည်ရိပ်သာသို့ ဝါဆိုရန် အကြွတွင် ဆားတောင်ဆရာတော် ဦးပညာဏိကထံ တပည့်နောက်ပါ သံဃာတော်များနှင့် ကြွရောက်ပြီး ဆားတောင်ဆရာတော် ဘုရားကြီး၏အဖူးမျှော်ခံရင်း အောက်ပါ စကားရပ်များကို မေးမြန်း
လျှောက်ထားမှုများ ပြုလုပ်ပါသည် ။

မဟာစည်ဆရာတော် ။ဘယ်နည်းနဲ့ တရားအားထုတ်ပါသလဲ။
ဆားတောင်ဆရာတော် ။ တပည့်တော် စွန်းလွန်းဆရာတော် ဘုရား၏ ထေရုပ္ပတ္တိ နှင့် ကျင့်စဉ်အတိုင်း အားထုတ်ပါတယ်ဘုရား။

မဟာစည်ဆရာတော် ။ စွန်းလွန်း ဦးကဝိ၏နည်း ကလည်း အလွန်ကောင်းတဲ့နည်းပါပဲ ဦးကဝိလို ိုကောပြင်းပြင်းထန်ထန် အားထုတ်နိင်ပါရဲ့လား။
ဆားတောင်ဆရာတော် ။မှန်လှပါ တပည့်တော် စွန်းလွန်းဆရာတော် ဘုရားကြီးလိုပဲ အားထုတ်နိုင်ပါတယ် ဘုရား အမှန်က စွန်းလွန်းဆရာတော် နည်းအတိုင်းပဲ တပည့်တော် လောဘ ဒေါသ မောဟ စွန့်လွှတ်နိင်တာ ဆိုတော ့စွန့်လွှတ်နည်း ဆိုဆို စွန်းလွန်းနည်း ဆိုဆို အားထုတ်ရတာကတော့ စွန့်လွှတ်နည်း ပါပဲဘုုရား။

မဟာစည်ဆရာတော် ။တရားအား ထုတ်ရတာ အားရပါးရ ရှိပါရဲ့လား ။
ဆားတောင်ဆရာတော် ။တရားအား ထုတ်ရတာ အားရပါးရ ရှိပါတယ် ဘုရား ။

မဟာစည်ဆရာတော် ။တရားအရသာ အားရပါးရ ခံစားရပါသလား ။
ဆားတောင်ဆရာတော် ။မှန်လှပါ အားရပါးရ ခံစားရပါတယ်ဘုရား ။

မဟာစည်ဆရာတော် ။ ဒီအတိုင်းဆို မလွဲပါဘူး အသက်ကလည်းငယ်ပါ သေးတယ် ရှေ့ဆက်ပြီး ကိုယ်ခံစားရ သလို ဝေနေယျတွေကိုလည်း တရားစခန်းဖ ွင့်ပြီး တရားပြပေဦး ဟုဆိုကါ ဘုရားကိုကန်တော့ပြီး မဟာစည်ဆရာတော်ဘုရားကြီး နှင့်တကွနောက် ပါသံဃာတော်များသည် မိမိတို့စီးလာ သောကားများဖြင့် ရန်ကုန်သို့ ကြွတော်မူကြသည် ။

ထိုအချိန်တွင် ရွာသူရွာသားများနှင့်
တကွ ဧည့်သည်အများအပြား တို့သည် ကြက်ပျံမကျ တိုးဝှေ့၍ တအုံးအုံးနှင့် စုရုံးသွားလာ နေကြသည်။
ဖူးမျှော်ခဲရလှသော ရဟန်းတော် အကျော် မဟာစည် ဆရာတော်ဘုရားကြီး ကို ဖူးတွေ့ရ၍ ကံထူးကြရသည်က
တစ်ကြောင်း မိမိတို့ လက်ရှိ ဖူးတွေ့ နေရသော ဆားတောင်ဆရာတော်ကို အားရ ကျေနပ် ကြည်ညိုသဒ္ဓါပွား နေမိကြ သော အချိန် ဖူးမဝ ဂုဏ်ယူလို့ မဆုံးနိုင်ချိန်တွင် နောက်ထပ် အံ့သြဖွယ်ရာ တစ်ခု ပေါ်ပေါက်လာ ပါတယ်။
ပရိတ်သတ်အများထဲတွင် ဝေဘူဆရာတော် ဘုရားကြီး ကြွလာပြီတဲ့
((မှတ်ချက် ) ဝေဘူဆရာတော် ဘုရားကြီးနှင့် မဟာစည်ဆရာတော်ဘုရ ားကြီးတို့ စစ်ကိုင်းတိုင်းစစ်ကိုင်း မြို့နယ ်ဆားတောင်မငါးရွာမ ှလင်းတွဲ ရွာဦးကျောင်း ဆားတောင်ပဋိပတ္တိ ရိပ်သာသို့ တစ်နေ့တည်းကြွရောက် တော်မူလာကြခြင်း ပင်ဖြစ်သည်။ ထိုစဉ်က ဝေဘူဆရာတော် ဘုရာကြီးအဖွဲ့ထံမှ ဝေဘူဆရာတော် ဘုရားြ ကီး ကြွလာမည့်အကြောင်း စာဖြင့် အကြောင်းကြားရာ ထိုစာကို ဆားတောင်ဆရာတော် ဘုရားကြီးအဖွဲ့က ဆားတောင်ဆရာတော်ဘုရား ကြီးအား ပြသကြပါသည်။ ယင်းစာကိုဖတ်ပြီး ဆားတောင် ဆရာတော်ဘုရားကြီး က
*ဝေဘူဆရာတော်ဘုရားသာမက မဟာစည်ဆရာတော် ဘုရားလည်း ကြွလာလိမ့်မယ် ဒကာတို့
ပြင်ဆင်ထားကြ *လို့
မိန့်ကြားတော်မူပါသည် ။
*နှစ်ပါးအတူတူ ကြွလာတော်မူကြမှာလား ဘုရား *ဟုအဖွဲ့က ပြန်လျှောက် ကြရာ
ဆရာတော်ဘုရားကြီးက
*မဟုတ်ဘူး တစ်ပါးစီလာကြလိမ့် မယ်* ဟုမိန့်တော်မူပါသည် ။
စာက ဝေဘူဆရာတော် ဘုရားကြီး အဖွဲ့ထံ မှသာရပြီး မဟာစည်ဆရာတော် အဖွဲ့ထံမှ စာမရပါ သို့သော် ဆရာတော်ကြီး မိန့်သဖြင့် ပြင်ဆင်ထား ကြပါသည် ။
*ဝေဘူဆရာတော် ဘုရားကြီးနှင့် မဟာစည်ဆရာတော် ဘုရားကြီးတို့
ဆားတောင်ဆရာတော်ဘုရားကြီး ထံ ကြွလာကြရာ တစ်ချိန်တည်း မဟုတ် ပေမယ့် တစ်နေ့တည်း တစ်ပါးနှင့်တစ်ပါး အဝင်အထွက်လွဲရုံ လောက်သာ ကြွလာကြခြင်းဖြစ်ပါသည် * )

ပရိသတ်အများထဲတွင် *ဝေဘူဆရာတော်ဘုရားကြီး* ကြွလာပြီတဲ့ ဒီတစ်ခါတော့ ပရိသတ်တို့သည် သူ့ထက်ငါ ရှေ့ကရောက်အောင် အတင်းတိုးဝှေ့ ဖူးမျှော်ကြရင်းဖြင့် မဏ္ဍပ်ထဲတွင် ဝေဘူဆရာတော် ဘုရားကြီး သီတင်းသုံး ရန်အတွက် ကြွချီလာရာ နောက်မှ
ကပ်လိုက်လာကြသည်။ ပါးစပ်ကလည်း တတွတ်တွတ် ဆုတောင်း၍ သဒါ္ဓစုံဖြင့် လက်စုံမိုး၍ ရှိခ ိုးကန်တော့နေကြသည် ။ ဆားတောင်ဆရာတော် ဘုရားကြီးက ဝေဘူဆရာတော် ဘုရားကြီးအား တရားပလ္လင်ရှေ ့မှောက်တည့်တည့်တွင် အရိုအသေပြုလျှက် ဖူးမြော်ပြီး သီတင်းသုံးနေသည် ။ ထူးခြားသော အကြာင်းအရာတစ်ခုမှာ ဝေဘူဆရာတော် ဘုရားကြီးမှာတရားပုလ္လင်ပေါ်တွင ်စက္ခုဣန္ဒြေချ၍ သီတင်းသုံး နေစဉ်မှာပင် ဆားတောင်ဆရာတော်ဘုရားကြီးမှာလည်း ဝေဘူဆရာတော ်ဘုရားကြီးကဲ့သို့ တရားပလ္လင်ရှေ့ တည့်တည့်အောက်မှ ဝေဘူဆရာတော် ဘုရားကြီးအတိုင်း သီတင်းသုံးနေသည် ။ ထိုအချိန်တွင် အလွန်များပြားလှသေ ာ ပရိသတ် အားလုံးသည် အပ်သံမကြား ငြိမ်သက် နေကြသည် ။ နာရီဝက်ခန့်အကြာတွင် ဆရာတော်နှစ်ပါးသည် တစ်ပြိုင်တည်း မျက်လုံးများ ဖွင့်တော်မူကြသည် ။

*ဝေဘူဆရာတော် > အရသာမရှိ မရှိဘူးလားဗျ မချမ်းသာဘူးလားဗျာ ကျွနု်ပ်တို့တစ် သံသရာလုံးရှာခဲ့ကြ တာအခုမှပဲအားရပါးရကြီးခံစားကြရတ ာမဟုတ်လားဗျာ ။ *ဆရာတော်လေးကတယ်ပါရမီထူးတာကိုးဗျ အသက်ငယ်ငယ်နဲ့ဆိုတော့ ့တယ်ပါရမီထူး တာကိုး ။ အသက် ငယ်ပါသေးတယ် သာသနာအတွက် ကျွန်ုပ်တ ို့တော့အားထားပါတယ် ။ ဝေနေယျတွေကို ကယ်ပါ ချွတ်ပါ တရားပြပါ ကျွတ်ထိုက်တဲ့ ပုဂ္ဂိုလ်တွေ အများကြီး ရှိပါေ သးတယ်ဗျာ ။ ဆရာ တော်ကလေးကလအမှိုက်ရှင်းရမှာဆို တော့ သာသနာခရီးမှာ သာသနာ အ ကျိုးစီးပွား အတွက် သာသနာပြုပေးပါဦး ။
*ဆားတောင်ဆရာတော် ။ မှန်လှပါ ဘုရား ။

*ဝေဘူဆရာတော် ။ကြွလာကြတဲ့ ပရိတ်သတ်တွေကလည်း တယ်များ သကိုးဗျ ပါရမီထူးပါပေ့ဗျာ ကံထူးပါပေ့ဗျာ *မသေမီတရား ဦးအောင်လုပ်ကြဗျ*
ဖုဋ္ဌဿ လောက ဓမ္မေဟိ
စိတ္တံ ယဿ နကမ္မတိ
အသောကံ ဝိရဇံ ခေမံ
ဧတံ မင်္ဂလ မုတ္တမံ ။
( လောကဓံတရား ရှစ်ပါးတို့နှင့် တွေ့ ကြုံရသော ရဟန္တာ၏စိတ်သည် မတုန်မလှုပ် စိုးရိမ်ကြောင့်ကြခြင်း လဲမရှိ ကိလေသာရမ္မက်ဟူသော မြူလည်း မရှိ ကြောက်ထိတ်လန့်တွေးဘေး လည်းမရှိ ) *ဘုရားဟောတဲ့ မင်္ဂလာတရားတော် နဲ့ ညီပါပေတယ်ဗျာ သူတော်ကောင်း
အပေ ါင်းတို့သာဓုခေါ်ကြဗျား