၂၅-၁၂-၂၀၀၈ရက်တွင် ဆရာတော်အရှင်ဇ၀န(မေတ္တာရှင်)ဦးဆောင်ကာ ဓမ္မရံသီလူငယ်အသင်းနှင့်လက်တွဲ၍ ရွှေပြည်သာ မြို့နယ်၊ အမှတ်(၄၄)အထက်တန်းကျောင်းဝင်းအတွင်း စတုဒီသာကျွေးမွေးပွဲကိုကျင်းပခဲ့ပါသည်။

ဆရာတော်ဦးဆောင်မှုဖြင့် ရွှေပြည်သာမြို့နယ်အတွင်းနေထိုင်ကြသော ပြည်သူအများအား ထမင်းနှင့်ဟင်းစတုဒီသာ ကျွေးမွေး ခဲ့ပါသည်။ ဖျော်ရည်အအေးများကိုလည်း စတုဒီသာအဖြစ် တိုက်ကျွေးခဲ့ပါသည်။

စုစုပေါင်းခန့်မှန်းခြေ လူပေါင်း၃၀၀၀ခန်. လာရောက်စားသုံးကြသည်ဟု သိရပါသည်။ ထိုနေ့က ပရိတ်သတ်အတွက် ဆန်၁၅ တင်းခန့် ချက်ရသည်ဟုလည်း သိရှိရပါသည်။

ထို့အပြင် ဗိုလ်မှုးကြီးတင်ရှိန်၊ဒေါ်အေးမွန်ရှိန်မိသားစုမှလည်း လာရောက်ကြသောပရိတ်သတ်အတွက် အ၀တ်လျှော်ဆပ်ပြာမှုန့် များကိုလည်း အခမဲ့လှူတန်းခဲ့ပါသည်။

ဓမ္မမိတ်ဆွေများ ၀မ်းမြောက်ဝမ်းသာ သာဓုအနုမောဒနာခေါ်ဆိုနိုင်ရန် တင်ဆက်လိုက်ပါသည်ခင်ဗျား။

လူ၊နတ်၊ဗြဟ္မာ သာဓုခေါ်စေသော်။