*** နမော တဿ ဘဂဝတော အရဟတော သမ္မာ သမ္ဗုဒ္ဓဿ ***

ဤဘုရားရှိခိုး ဂါထာသည် ဗုဒ္ဓလက်ထက်တော်မှာ သိကြားမင်းနှင့်တကွ သာသနာပြု မင်းကောင်းမင်းမြတ်များ ၊ ပညာရှိ ပုဏ္ဏားများ ၊
သူဌေး သူကြွယ်နှင့် သူတော်စင်အပေါင်းတို့ဧ။် အစဉ်အမြဲ ပွားများ သရဇ္ဈာယ်ခြင်းဖြင့် မြတ်စွာဘုရားကို ပူဇော်လေ့ရှိသော ဂါထာဖြစ်သည် ။
ဂါထာသည် တိုပင်တိုငြားသော်လည်း အလွန်အရာရောက် အကျိုးဆောင်သော ဂါထာဖြစ်သည် ။ ယခုခတ်အခါ၌မူ ဘုရားရှိခိုး အမျိုးမျိုးဧ။်
ပဏာမ ရှိခိုး အဖြစ်သာ အသုံးပြုနေကြလေသည် ။

ဘုရားရှင် သက်တော်ထင်ရှားရှိစဉ်အခါက ဘုရားရှင်ကို ဖူးတွေ့ခွင့် မရသောအချိန်တို့တွင် အမြဲတစေ ပူဇော်ခြင်းဖြစ်စေရန် ဤကဲ့သို့
တိုတောင်းပြီး အနှစ်ရှိလှသော ဂါထာဖြင့် ရွတ်ဆိုပူဇော်လေ့ ရှိကြခြင်းဖြစ်သည် ။ အိပ်ရာထ မျက်နှာသစ်သောအခါ ၊ ရေသန့်စင်သောအခါ ၊
အရုဏ်တက် နံနက်စာစားသောအခါ ၊ အိမ်ပြင်ထွက်သောအခါ ၊ ယာဉ်ရထားများ စီးကြသောအခါ ၊ လုပ်ငန်းများပြုလုပ်ကြစဉ်အခါ ၊ နေ့လည်စာ၊
ညနေစာတို့စားသုံးကြသောအခါ နှင့် ညအိပ်ရာဝင်သည်အထိ အချိန်အားရသမျှ အခါများတွင် ဤဂါထာဖြင့် အမြဲပင် ပူဇော်ရှိခိုးလေ့ ရှိကြသည် ။
စိတ်အစဉ်မှာ အမြဲပင်စွဲနေသဖြင့် ၊ ခလုတ်တိုက်သောအခါ ၊ ရုတ်တရက် အသံကျယ်များ ကြားရသေအခါ ၊ ပစ္စည်းများ လွတ်ကျ ,ကွဲရှသောအခါ
များတွင်ပင် ဤ " နမော တဿ - - - - - - - - " ဂါထာဖြင့် ယောင်ယမ်းမြည်တွန် တမ်းတကြရင်း ပူဇော်အမှုပြုကြပေသည် ။

ဤဂါထာသည် ဘုရားရှင်ဧ။် အနှစ်ရှိသော ဂုဏ်တော်သုံးပါးကို စုဖွဲ့ထား၍ ပူဇော်ထားခြင်းဖြစ်သည် ။ ဂါထာကို ရွတ်ပွား သရဇ္ဈာယ်မည့်သူသည်
ဂုဏ်တော် သုံးပါးဧ။် ဂုဏ်အရည်အချင်း, ဂုဏ်သတ္တိတို့ကို အသေအချာသိထားပြီး ၊ အမြဲတစေ ရွတ်ပွားပူဇော်နေမည်ဆိုပါက " ဗုဒ္ဓါနုဿတိကမ္မဌာန်း"
ကို ပွားများအားထုတ်နေခြင်းပင်ဖြစ်သည် ။ အကျိုးကျေးဇူးကား အထူးပင် မျာပြားစွာ ရရှိမည် ဖြစ်ပေသည် ။
( ဗုဒ္ဓ = ဘုရားကို + အနု = အဖန်ဖန် အထပ်ထပ် + သတိ = အမှတ်ရနေခြင်း )

ဂါထာတွင် ပါရှိသည့် ဂုဏ်တော်တို့မှာ -- ဘဂဝါ ဂုဏ်တော် ။ အရဟံ ဂုဏ်တော် ။ သမ္မာသမ္ဗုဒ္ဓေါ ဂုဏ်တော် တို့ဖြစ်ကြသည် ။ ယင်း ဂုဏ်တော်တို့ဧ။်
အနက်ကို ပြဆိုရသော် - - - - ။

"" ဘ ဂ ဝါ ဂုဏ် တော် ""

ဘဂဝါ ဂုဏ်တော်သည် " ဘုန်းကံ ကြီးတော်မူဧ။် " ဟူသော အနက်ကိုပြဧ။် ။ ( ဘဂ + ဝါ => ဘဂ = ဘုန်းကံ + ဝါ = ရှိသည် ၊ ကြီးသည် )
ဘုန်းကံတို့သည် (၆) ပါးရှိသည် ။ ယင်းတို့မှာ :--

၁ ။ ။ " က္ကု ဿ ရိ ယ " ဘုန်းတော် ။ ။ ဤဘုန်းတော်တွင် အပြားအားဖြင့် ရှစ်ပါး ရှိသည် ။ ထိုရှစ်ပါးမှာ -

(က) ' အဏိမာ ' ဘုန်းတော် = အဏုမြူသဖွယ် ပျောက်ကွယ်သိမ်မွေ့ မမြင်တွေ့အောင် ရုပ်ဆောင်ဖန်ဆင်းနိုင်သော ဘုန်းတော် ။
(ခ) ' လဃိမာ ' ဘုန်းတော် = ကောင်းကင်များ၌ စိတ်ဧ။်လျင်မြန်ခြင်းကဲ့သို့ ခန္ဓာကိုယ်ကို ဈာန်ပျံကြွသွားနိုင်သော ဘုန်းတော် ။
(ဂ) ' မဟိမာ ' ဘုန်းတော် = ကိုယ်တော်ကို ပကတိအနေထက် ကြီးမားအောင် ဖန်ဆင်းနိုင်သော ဘုန်းတော် ။
(ဃ) ' ပတ္တိ ' ဘုန်းတော် = ကြွတော်မူလိုရာအရပ်သို့ ဆီးတားကွယ်ကာခြင်းမရှိ တစ်ခဏချင်းကြွရောက်နိုင်သော ဘုန်းတော် ။
(င) ' ပါကမ္မ ' ဘုန်းတော် = အဆင်းပုံသဏ်ဌာန် အမျိုးမျိုးကို ဖန်ဆင်းတော်မူလိုပါလျှင် တစ်ခဏချင်း ပြီးစီးနိုင်သော ဘုန်းတော် ။
(စ) 'ဤသိတာ' ဘုန်းတော် = မိမိဧ။် စိတ်တော်မှစ၍ လူနတ်သတ္တဝါအပေါင်းကို ပိုင်နင်းအုပ်စိုး လွှမ်းမိုးနိုင်သော ဘုန်းတော် ။
(ဆ) 'ဝသိတာ' ဘုန်းတော် = ဈာန်သမာပတ် အဘိညာဉ်ကို ဝင်စားတော်မူလိုလျှင် တစ်ခဏချင်း ဝင်စားနိုင်သော ဘုန်းတော် ။
(ဇ)'ယတ္တကာမာဝသာယိတာ'ဘုန်းတော် = ကိစ္စတစ်စုံတစ်ခုကို ပြုတော်မူစဉ် ပြီးဆုံးစေလိုသော် ဆိုင်းငံ့တော်မမူဘဲ ပြီးစီးစေနိုင်သောဘုန်းတော် ။

၂ ။ ။ " ဓ မ္မ " ဘုန်းတော် ။ ။ ကိလေသာရန် ပယ်ဖျက်လှန်ဖို့ နိဗ္ဗာန်ဖိုလ်မဂ် ကိုးချက်အပြား လောကုတ္တရာတရားဟူသော ဘုန်းတော် ။

၃ ။ ။ " ယ သ " ဘုန်းတော် ။ ။ စကြာဝဠာ တစ်သောင်းတိုင်အောင် ဂုဏ်သတင်း ပြန့်နှံ့ကျော်စောသော ဂုဏ်သတင်း ဘုန်းတော် ။

၎ ။ ။ " သီ ရိ " ဘုန်းတော် ။ ။ ကျက်သရေမင်္ဂလာ စုဝေးကာ ဖူးမြှော်၍ မဝနိုင်အောင် လွန်စွာတင့်တယ် သပ္ပာယ်တော်မူသော ဘုန်းတော် ။

၅ ။ ။ " ကာ မ " ဘုန်းတော် ။ ။ အလိုရှိလေသမျှ လုံးဝဥဿုံ အကုန်ပြီးစီးနိုင်သော ဘုန်းတော် ။

၆ ။ ။ " ပယတ္တ " ဘုန်းတော် ။ ။ ကြီးမားလှစွာသော ၊ လွန်စွာကြိုးကုတ် အားထုတ်တော်မူသော လုံ့လဝီရိယ ဘုန်းတော် ။

ဤဘုန်းတော် ( ၆ ) ပါးသည် မြတ်စွာဘုရားရှင်ဧ။် ဘဂဝါ ဂုဏ်တော် ဖြစ်သည် ။

"" အ ရ ဟံ ဂုဏ် တော် ""

အရဟံ ဂုဏ်တော်သည် ၁ ။ " ကိလေသာတို့မှ ဝေးကွာတော်မူဧ။် "။
၂ ။ " လှူဒါန်းပူဇော်သမျှကို ခံယူတော်မူထိုက်ဧ။် " ဟူသော အနက်ကိုပြသည် ။

ပုထုဇဉ်တို့ဧ။် သန္တာန်၌ ကိလေသာသည် အကျဉ်းအားဖြင့် ဆယ်ပါး ၊ အကျယ်အားဖြင့် တစ်ထောင့်ငါးရာ ရှိသည် ။ ယင်းကိလေသာတို့သည် သတ္တဝါတို့အား
အထုံဝါသနာ ဓလေ့အဖြစ် ဘဝအဆက်ဆက် ပါရှိလာခဲ့သည် ။ ရဟန္တာများ သန္တာန်၌ ကိလေသာကုန်သွားသော်လည်း အထုံဝါသနာမှာ မကုန်တတ်ချေ ။
( စူးရှသော အရက်ထည့်ရာ ပုလင်းမှ အရက်ကုန်သွားသော်လည်း အရက်အနံ့ အထုံ မပျောက်သကဲ့သို့တည်း )။ ဘုရားရှင်တို့မှာကား ထိုကိလေသာတွေကို
အထုံဝါသနာပါ မကျန်ရစ်အောင် ပျောက်ကင်းပယ်ဖျက်တော်မူပြီးဖြစ်၍ စိတ်တော်အစဉ်သည် အမြဲအားဖြင့် တဝင်းဝင်း တဖိတ်ဖိတ် အရောင်တောက်ကာ
ကြည်လင်သန်ရှင်းတော်မူလေသည် ။

ထို့ကြောင့် အမှိုက်သရိုက်ကင်း၍ သန့်ရှင်းသော ဥယာဉ်လယ်ယာ၌ စိုက်ပျိုးအပ်သော မျိုးစေ့သည် အပင်ကို သန်မာထွားကျိုင်း ဖွံ့ဖြိုးအကျိုးများသကဲ့သို့ ထို့အတူ
ကိလေသာအနောက်အကျု မရှိသဖြင့် စိတ်တော် အစဉ်ကြည်လင်နေသော ဘုရားရှင်၌ လှူဒါန်းပူဇော်ခြင်းဟူသော မျိုးစေ့များကို ကြဲချစိုက်ပျိုးလိုက်လျှင် ရည်ရွယ်
သလောက်အကျိုးရနိုင်သောကြောင့် ရှင်တော်ဘုရားသည် လှူဒါန်းပူဇော်သမျှကို ကောင်းစွာ ခံယူတော်မူထိုက်ပါပေသည် ။

ဤကဲ့သို့ ဘုရားရှင်ဧ။် " အ ရ ဟံ " ဂုဏ်တော်ကို အောက်မေ့ကြည်ညိုသူသည် ၊ ဘုရားရှင်ဧ။် ရင်ချိုင့်အလယ် နှလုံးအိမ်ဝယ် ဘုရားရှင်ဧ။်စိတ်တော်သည်
ကိလေသာအနောက်အကျုတို့မှ ကင်းနေသဖြင့် သန့်ရှင်းကြည်လင်တော်မူပုံကို ထင်လာမြင်လာအောင် အာရုံပြုပါ ၊ ထိုကြည်လင်သော စိတ်တော်ကို အတုယူကာ
မိမိစိတ်၌လည်း လောဘ , ဒေါသ , မာန်မာန , က္ကုဿာ မစ္ဆရိယ စသော ကိလေသာ အနောက်အကျု ကင်းစင်၍ အမြဲ ကြည်လင်သန့်ရှင်းအောင် သတိထားကာ
နေရမည်ဖြစ်သည် ။ ဤသို့ ဘုရားရှင်စိတ်တော် သန့်ရှင်းကြည်လင်မှုသည် မိမိစိတ်၌ ဓာတ်သဘော ကူးစက်၍ မိမိမှာလည်း သန့်ရှင်းကကြည်လင်သောစိတ်များ
ဖြစ်ပေါ်လာပါလိမ့်မည် ။ ( သူတော်ကောင်းနှင့်ပေါင်းသူသည် သူတော်ကောင်းစိတ် ဖြစ်လာသကဲ့သို့တည်း ) ။

"" သ မ္မာ သ မ္ဗု ဒ္ဓေါ ဂုဏ် တော် ""

သမ္မာသမ္ဗုဒ္ဓေါ ဂုဏ်တော်သည် " အလုံးစုံသော တရားတို့ကို ကိုယ်တော်တိုင် သိမြင်တော်မူနိုင်ဧ။် " ဟူသော အနက်ကို ပြသည် ။
( သမ္မာ + သံ + ဗုဒ္ဓ :-- သမ္မာ = မဖောက်မပြန် (အမှားမရှိအောင်) + သံ = ကိုယ်တော်တိုင် + ဗုဒ္ဓ = သိတော်မူနိုင်သည် ) ။

ဘုရားရှင်သည် သဗ္ဗညုတ ဥာဏ်တော်ကို ရရှိဖို့ရန် လေးအသင်္ချေ နှင့် ကမ္ဘာတစ်သိန်း တိုင်အောင် ကောင်းမှုပါရမီတော်များကို ဖြည့်ကျင့်ခဲ့သည့်အားလျော်စွာ
ဘဝအဆင့်ဆင့် ရင့်ကျက်လာသော ပညာသည် ဘုရားဖြစ်သည့်အခါ သဗ္ဗညုတ ဥာဏ်တော်အဖြစ်သို့ ရောက်၍ အစွမ်းသတ္တိ ထက်မြက်ပါပေသည် ။
ဗုဒ္ဓဘုရားရှင်ဧ။် ဥာဏ်တော်သည်ကား သိသင့် သိဖွယ် အသွယ်သွယ်ကို မည်သူနှင့်မျှ ယှဉ်မရအောင် ရှင်းရှင်းလင်းလင်း သိတော်မူပါသည် ။
သိဖွယ်တရားများကို " ဥေ ယျ ဓမ် " ဟုခေါ်ပါသည် ။ ( ဥေယျ = သိသင့်သိထိုက်သော + ဓမ် = ဓမ္မ > တရား ) ။

ဤဥေယျဓမ်တရား (ငါးပါး) ကို ဘုရားရှင် သိတော်မူရာ၌ ဖောက်ပြန်မှားယွင်းခြင်းဟူ၍ မရှိ ၊ နည်ပေးလမ်းပြပေးမည့် ဆရာလည်း မရှိ ၊ ကိုယ်တော်တိုင်
သိတော်မူခြင်းဖြစ်ပေသည် ။ ထိုအခါ ဂုဏ်တော်ကို ဆင်ခြင်သည့်သူသည် ဗုဒ္ဓရှင်တော်မြတ် နှလုံးအိမ်အတွင်း၌ " အ ရ ဟံ ဂုဏ် တော် " အရ စိတ်တော်
ကြည်လင် သန့်ရှင်း နေပုံနှင့် ထိုကြည်လင်နေသော စိတ်တော်အစဉ်ဝယ် အလွန်ထက်မြက်သော ဥာဏ်တော် တည်နေပုံကို အာရုံယူကာ
" ဗုဒ္ဓါ နုဿတိ ကမ္မဌာန်း " ပွားများကြရမည် ဖြစ်သည် ။

ထို့ကြောင့် " နမော တဿ ဘဂဝတော အရဟတော သမ္မာ သမ္ဗုဒ္ဓဿ " ဟူသော ဂါထာကို မိမိစိတ်အတွင်းဝယ် သတိဥာဏ်သွင်းပြီး ဂုဏ်တော်အပေါင်းဧ။်
ဂုဏ်သတ္တိ , ဂုဏ်အရည်အချင်းတို့ကို ဆင်ခြင်အောက်မေ့လျက် အချိန်ရတိုင်း ပွားများရွတ်ဖတ် သရဇ္ဈာယ် ကြမည်ဆိုလျှင် အကျိုးကျေးဇူးကြီးလှပေလိမ့်မည် ဖြစ်သတည်း ။

(မဟာဂန္ဓာရုံ ဆရာတော်ကြီးဧ။် ရတနာ့ဂုဏ်ရည်မှ ထုတ်နှုတ်ဖေါ်ပြပါသည်)