### ပေါ့ ပါး လွတ် လပ် သော စိတ် ( သို့ မ ဟုတ် ) အေး ချမ်း တည် ငြိမ် သော စိတ် ဖြစ်ပေါ်စေရန် ###

-- မည်သည့် တစ်စုံတစ်ယောက်သော သူဧ။် ထံမှ မည်သို့သော မျှော်လင့်ချက်မျိုးကို မဆို မထားမိပါစေနှင့် ။
မျှော်လင့်ခဲ့သည် ဆိုလျှင် ထိုသူသည် မိမိဧ။် စိတ်ကို လွှမ်းမိုး ချုပ်ကိုင် ပိုင်နိုင် နေပြီ လို့ သိလိုက်ပါ ။

-- မိမိ လုပ်ကိုင် ဆောင်ရွက်ခဲ့သော လုပ်ဆောင်ချက် ကြီး ငယ် တို့အတွက် အများဧ။် လိုလား ချီးမြှောက်မှုကို
ခံယူချင်နေတယ် ဆိုလျှင် မိမိ စိတ်ကို မိမိ ကိုယ်တိုင် ချုပ်နှောင် ထားလိုက်ပြီဖြစ်တယ် ။

-- တစ်စုံ တစ်ယောက်သော သူကို မကျေမနပ် ဖြစ်နေသည်ဆိုလျှင် မိမိ စိတ်ကို မိမိ ကိုယ်တိုင် ညှင်းဆဲ နှိပ်စက် နေခြင်းပင်ဖြစ်တယ် ။

-- မိမိ ကိုယ်တိုင် သို့မဟုတ် မိမိနှင့် သက်ဆိုင်သူတို့ဧ။် ကိစ္စ ပြဿနာ များကို မိမိနှင့် မသက်ဆိုင်သူတို့ဧ။် ကိစ္စ ပြဿနာများ နည်းတူ
ညီမျှသောစိတ်ကို ထားနိုင်သည်ဆိုလျှင် စိတ်သက်သာ အေးဆေးစွာဖြင့် ဖြေရှင်း အောင်မြင် နိုင်မှာ ဖြစ်တယ် ။

-- လောကသဘာဝ ( ဓမ္မ သဘောအဓိပ္ပာယ် ) တို့ကို လေ့လာနာယူလိုစိတ် မရှိခဲ့လျှင် တရားဘာဝနာနှင့် အလှမ်းဝေးနေသည့်အတွက်
သံသရာဝဋ်ဆင်းရဲကို မိမိကိုယ်တိုင် နှစ်သက်မြတ်နိုးစွာဖြင့် လက်ခံသိမ်းပိုက် ထားခြင်းပင် ဖြစ်တယ် ။

-- မိမိ ပတ်ဝန်းကျင်ရှိ တွေ့ကြုံဆက်ဆံနေသူ အားလုံးကို ကျေးဇူးရှိသူချည်းပင် ဖြစ်တယ်လို့ သတ်မှတ်ခံယူပြီး ၊ လူသားတိုင်းအပေါ်၌
တူညီသောစိတ်ထားနှင့် ဖေးမကူညီ ဆောင်ရွက်လုပ်ကိုင်ပေးမည်ဆိုလျှင် သင့်လောက် ကံကောင်းသူ မရှိတော့ပြီ ။

-- လူတိုင်းအတွက် အမှန်တကယ် တွေ့ကြုံရမည့် အဆိုးဆုံးသော ပြဿနာ ဖြစ်သည့် သေခြင်းတရားကို
အသေအချာ လက်ခံထားပြီဆိုလျှင် မည်သည့် ပြဿနာ ကမျှ တုန်လှုပ် ခြောက်ခြားစေခြင်း မဖြစ်နိုင်တော့ပေ ။ ။