' ပထမ အမှန်တရား ' ( ဒုက္ခ သစ္စာ )

လူ့ဘဝ လူ့ခန္ဓာကို ရရှိလာစဉ်မှာ ဦးစွာ ပဋိသန္ဓေ နေရသည့်အခါတွင် မိခင်ဝမ်းဗိုက်၌ ကျပ်တီးစွာ မလှုပ်မယှက် ကွေးကွေးလေးဖြင့်
ကိုးလကြာနေခဲ့ရခြင်းသည် အမှန်ပင်ဆင်းရဲလှဧ။် ။ လသားအရွယ်မှာလည်း မိမိအလိုရှိတာကို မပြောနိုင်ဘဲ ၊ သေးစိုလည်း ငိုပြ ၊
နို့ဆာလည်းငိုပြ ၊ ဗိုက်နာလည်း ငိုပြ နဲ့ နေခဲ့ရသည်မှာလည်း အမှန် ဆင်းရဲလှပေဧ။် ။ ယင်းသည့်နောက် ကျောင်းမသွားချင်လဲ သွားရ ၊
စာမကျက်ချင်လဲ ကျက်ရ ၊ အိပ်ချင်လဲ မအိပ်ရ ၊ ဆော့ချင်လဲ မဆော့ရ ၊ မိမိဆန္ဒအတိုင်း မလုပ်နိုင်သည်မှာလည်း အမှန်ဆင်းရဲရခြင်းပင်
ဖြစ်သည် ။
ကြီးပြင်းလာပြီး အလုပ်တာဝန်များ ၊ မိသားစုတာဝန်များ အပြင် ၊ မိမိဧ။် 'ကိုယ်'ကျန်းမာရေး ၊ 'စိတ်' ချမ်းသာရေး တို့ကို ကြိုးစားပြုလုပ်နေ
ရသော်လည်း ၊ ဖြစ်ချင်တာ မဖြစ်ရ ၊ လိုချင်တာ မရ နဲ့ အမှန်ဆင်းရဲရပြန်သည် ။ အသက်ကလေးရလာတော့ ရောဂါဝေဒနာများခံစားရခြင်း ၊
စိုးရိမ်ပူဆွေး ငိုကြွေးကြောင့်ကြ ရခြင်း စသည့်သောကပေါင်းစုံ နှင့် ကြုံကြရပြီးလျှင် မိမိအကြောက်ဆုံးဖြစ်သော သေခြင်းတရားနှင့် မလွဲမသေ
တွေ့ကြရဦးမည့် ဆင်းရဲခြင်းများ ရရှိနေပေသည် ။ သို့အတွက်ကြောင့် " လူ့ဘဝ လူ့ခန္ဓာကြီး ရရှိလာခြင်းသည် ဆင်းရဲဒုက္ခကြီး ရရှိလာခြင်း "
ဖြစ်သည် ဟူသော မဖောက်ပြန် မပြောင်းလဲသော အမှန်တရား (ဒုက္ခ သစ္စာ) ဖြစ်ပေသည် ။

' ဒုတိယ အမှန်တရား ' ( သမုယ သစ္စာ )

ရရှိလာသော ခန္ဓာကြီးကို နှစ်သက်မြတ်နိုးစွာ စွဲလန်းနေသဖြင့် ၊ ဒီခန္ဓာကြီး ဆက်လက်အသက်ရှင် ရပ်တည်နိုင်ရန် ၊ ဒီခန္ဓာနဲ့ ပတ်သက်ဆက်နွယ်နေသော
မိသားစု စား ဝတ် နေရေး ပြဿနာများ နှင့် မိမိကြိုက်နှစ်သက်သည်တို့ကို ရရှိခံစားနိုင်ရန် ၊ ကောင်းသော ကုသိုလ် အလုပ် တို့ကိုလည်း ပြုလုပ်ရသည် ၊
မကောင်းသော အကုသိုလ် အလုပ် တို့ကိုလည်း ပြုလုပ်မိသည် ၊ ထိုကောင်းမှုကံ ၊ မကောင်းမှုကံ တို့ကြောင့် နောက်ဘဝများ ရရှိကာ သံသရာကို ရှည်စေ
တော့သည်သာ ။ နောက်ရလာသည့် ဘဝတွေရရှိခြင်းသည်လည်း ဒုက္ခဆင်းရဲခြင်းများ ရရှိခြင်းပင်ဖြစ်သည် ။ ထို့ကြောင့် " ခန္ဓာဟူသော ဆင်းရဲဒုက္ခများ
ဖြစ်ပေါ် ရရှိလာရခြင်းမှာ မိမိဧ။် ခန္ဓာကြီးကို ချစ်ခင်နှစ်သက် စွဲလန်းတပ်မက် ခြင်းကြောင့် ဖြစ်ရကြောင်း " ဟူသည့် မဖောက်ပြန် မပြောင်းလဲသော
အမှန်တရား (သမုဒယ သစ္စာ) ဖြစ်ပေသည် ။

' တတိယ အမှန်တရား ' ( နိရောဓ သစ္စာ )

ခန္ဓာကြီး ရရှိလာခြင်းကြောင့် ဒုက္ခဆင်းရဲများ ဖြစ်နေရသည့်အတွက် ၊ ယင်းခန္ဓာကြီးသာ မဖြစ်ပေါ် မရရှိခဲ့လျှင် " ဒုက္ခဆင်းရဲများမှ ကင်းလွတ်ပြီး
အစဉ်သဖြင့် ငြိမ်းအေးချမ်းသာသော သန္တိသုခ (နိဗ္ဗာန်) ဓာတ်ကို ရရှိမည်ဖြစ်သည် " ဟူသည်မှာ မဖောက်ပြန် မပြောင်းလဲသော အမှန်တရား
( နိရောဓ သစ္စာ ) ဖြစ်ပေသည် ။

' စတုတ္တ အမှန်တရား ' ( မဂ္ဂ သစ္စာ )

ဒုက္ခဆင်းရဲ ဖြစ်သည့် ခန္ဓာကြီး မဖြစ်ပေါ် မရရှိနိုင်စေရန် အတွက် ကျင့်သုံးဆောက်တည်ရမည့် နည်းမှန် လမ်းမှန် ကျင့်စဉ်ကြီးသည် ၊ မြတ်စွာဘုရားရှင်
ကိုယ်တော်တိုင် ဟောကြားတော်မူခဲ့၍ ယခုတိုင် ထင်ရှားရှိနေပါသေးသည် ။ ယင်း နည်းမှန် လမ်းမှန် တရားတော် ဆိုသည်မှာ "မဂ္ဂင် ရှစ်ပါး ကျင့်စဉ်တရား"
ဟူသည့် မဖောက်ပြန် မပြောင်းလဲသော အမှန်တရား ( မဂ္ဂ သစ္စာ ) ဖြစ်ပေသည် ။

ဤအမှန်တရား လေးပါး ( သစ္စာ လေးပါး ) မြတ်တရားကို အမှန်တကယ် နားလည်လက်ခံပြီး ယုံကြည်စွာဖြင့် ဆင်ခြင်နှလုံး သွင်း၍ 'မဂ္ဂင်ရှစ်ပါး တရားတော်'ကို
အသေအချာ ကြိုးစားလိုက်နာ ကျင့်ကြံပွားများမည်ဆိုပါက အလွန့်အလွန် ငြိမ်းအေးသာယာသော နိဗ္ဗာန်ချမ်းသာကို၊ ကိုယ်တိုင်မျက်မှောက် ဆိုက်ရောက် နိုင်မည်
ဖြစ်ကြောင်း မြတ်ဘုရားက အာမခံ ဟောကြားထားခဲ့ပေသည် ။

လက်တွေ့အားဖြင့် အရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီး ရဟန်းမပြုမီ (လူအမည်- ဥပတိဿ) လူ့ဘဝ မှာပင် ဤသစ္စာလေးပါး တရားစကားကို နာကြားရသည်တွင်
သောတာပန်အဖြစ်သို့ ရောက်ရှိခဲ့ရခြင်း ဖြစ်သည် ။ ပဉ္စဝဂ္ဂီ ငါးပါးထဲမှ တစ်ပါးဖြစ်သော ' အရှင် အဿဇိ ' မထေရ်ဆွမ်းခံကြွစဉ် တွေ့ရခိုက် ၊ သွားရောက်မေးမြန်းရာတွင်
ကြားနာခဲ့ရသော သစ္စာ လေးပါး တရားတော်မြတ် တစ်ပိုဒ် ဖြင့်ပင် အရိယာနွယ်ဝင် သူတော်စင်ဘဝ သို့ရောက်ရှိခဲ့ရခြင်းဖြစ်သည် ။

အရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီး ကြားနာခဲ့ရသောတရားတစ်ပိုဒ်မှာ - " ယေ ဓမ္မာ ဟေတုပ္ပ ဘဝါ
တေသံ ဟေတုံ တထာဂတော
အာဟ တေသဉ္စ ယော နိရောဓော
ဧဝံဝါဒီ မဟာ သမဏော ။ ။ ဟူ၍ဖြစ်ပါသည် ။

အဓိပ္ပာယ်မှာ -- " အကြင် ဆင်းရဲခြင်းအမှန် ' ဒုက္ခ သစ္စာ ' တရားတို့သည် ၊ ချစ်ခင်စွဲလန်း တပ်မက်ခြင်း တဏှာ ဟူသော ' သမုဒယ သစ္စာ ' သာလျှင် အကြောင်းရှိကုန်ဧ။် ။
ထို ဒုက္ခ ၊ သမုဒယ သစ္စာ နှစ်ပါးတို့ဧ။် ဖြစ်ကြောင်း နှင့် ချုပ်ကြောင်း ဖြစ်သော ' မဂ္ဂ သစ္စာ ' (မဂ္ဂင် ရှစ်ပါး) ကို၊ ငါတို့ဆရာ ဘုရားသည် ဟောတော်မူဧ။် ။
ထို အလုံးစုံသော တရားအပေါင်းတို့ဧ။် ချုပ်ရာဧကန် နိဗ္ဗာန်တရား(နိရောဓ သစ္စာ) ကိုလည်း ဟောတော်မူဧ။် ။ ရဟန်းမြတ်စွာ ငါတို့ဧ။် ဆရာသည် ဤသို့
အယူတော် ရှိဧ။် " ဟူ၍ဖြစ်သည် ။

ထို့ကြောင့် သစ္စာလေးပါး တရားတော်မြတ်ကို အမြဲနှလုံးသွင်းခြင်းဖြင့်၊ သဒ္ဓာတရားများ ကြီးပွားလာကာ၊ သံဝေဂတရားဖြင့် နိဗ္ဗာန်ချမ်းသာကို ရလို ရောက်လိုသော ဆန္ဒ ပြင်းပြ
လာပေလိမ့်မည် ။ သို့မှသာ မဂ္ဂင်ရှစ်ပါးတရားတော်ကို လုံ့လစိုက်၍ လေ့လာ အားထုတ်ပြီး ထက်သန်သောစိတ်ဖြစ်ပေါ်လျက် ၊ အစဉ်အမြဲ ချမ်းသာခြင်းကို ရရှိသော သန္တိသုခ ခေါ်
နိဗ္ဗာန်ကို မျက်မှောက် ဆိုက်ရောက်နိုင်မည် ဖြစ်ပေတော့သတည်း ။ ။