" ရှိခိုး " ပူဇော် " ဖူးမြော် " မာန်လျော့ " ကန်တော့ " ပါဧ။် အရှင်ဘုရား !

' ရှိခိုးခြင်း ' မှာ ကိုယ်ဖြင့် ရှိခိုးခြင်း ၊ နှုတ်ဖြင့် ရှိခိုးခြင်း ၊ စိတ်ဖြင့် ရှိခိုးခြင်း ၊ ဟူ၍ သုံးမျိုးလုံး ပါဝင်အောင် ရှိခိုးရသည် ။

' ပူဇော်ခြင်း ' မှာ ပစ္စည်းဖြင့် ပူဇော်ခြင်း ၊ တရားဖြင့် ပူဇော်ခြင်း နှစ်မျိုးလုံးဖြင့် ပူဇော်တတ်ရသည် ။

' ဖူးမြော်ခြင်း ' မှာ ပကတိ မျက်စိဖြင့် ဖူးမြော်ခြင်း ၊ အသိဥာဏ် မျက်စိဖြင့် ဖူးမြော်ခြင်း နှစ်မျိုးလုံးဖြင့် ဖူးမြော်ရသည် ။

ရတနာသုံးပါးကို မြင့်မြတ်ရာ၌ ထား၍ မိမိသန္တာန်၌ ရှိသော မာန်မာန တရားများကို လျှော့ချ ဖယ်ရှားခြင်းဖြင့် ' မာန်လျော့ 'ချကာ ရှိခိုးရသည် ။

အပြစ်ရှိက ခွင့်လွှတ်တော်မူပါ ဟု ဝန်ချတောင်းပန်ခြင်း သဘောဖြင့် ' ကန်တော့ ' ရှိခိုးဦးချရသည် ။

သို့မှသာလျှင် ' ရှိခိုးပူဇော် ဖူးမြော်မာန်လျော့ ကန်တော့ရသောအကျိုးအားကြောင့် - - - -' ဆုတောင်း ပြည့်ကြရမည်ဖြစ်ပေသည် ။

( ရှိခိုး ကန်တော့ရာ၌ ခြေ ၊ လက် ၊ နဖူး ၊ တံတောင် ၊ ဒူး ထိခြင်းငါးပါးဖြင့် ရှိခိုး ကန်တော့ရသည် )။