" လူသားတို့အား အမြဲတမ်း လောင်ကျွမ်းနေသော " မီး ( ၁၁ ) ပါး "

၁။ ရာဂ မီး ( တပ်မက်မောခြင်း ၊ ခုံမင်ခြင်း )
၂။ ဒေါသ မီး ( အမျက်ထွက်ခြင်း ၊ မုန်းတီးခြင်း )
၃။ မောဟ မီး ( တွေဝေမိုက်မဲခြင်း ၊ သတိကင်းလွတ်ခြင်း )
၎။ ဇာတိ မီး ( မွေးဖွားခြင်း ၊ ဘဝသစ် ဖြစ်ရခြင်း )
၅။ ဇရာ မီး ( အိုမင်းယိုယွင်းခြင်း ၊ ခန္ဓာပျက်စီးလာခြင်း )
၆။ မရဏ မီး ( သေဆုံးခြင်း ၊ ရုပ်နာမ် သက်တမ်း ကုန်ဆုံးခြင်း )
၇။ သောက မီး ( စိုးရိမ်ကြောင့်ကြခြင်း ၊ ပူပန်လှုပ်ခတ်ခြင်း )
၈။ ပရိဒေဝ မီး ( ငိုကြွေးမြည်တမ်းခြင်း ၊ ပူဆွေးခြင်း )
၉။ ဒုက္ခ မီး ( ကိုယ်ခန္ဓာဧ။် ဆင်းရဲခြင်း )
၁၀။ ဒေါမနဿ မီး ( စိတ်မချမ်းသာခြင်း ၊ နှလုံး မသာယာခြင်း )
၁၁။ ဥပါယာသ မီး ( ပြင်းစွာ ပင်ပန်းခြင်း ၊ အားကြီးသော စိတ်ပင်ပန်းခြင်း ) တို့ဖြစ်ကြသည် ။

" မီး ( ၁၁ ) ပါး တရား လင်္ကာ "

ရာ ဂါ ဒေါ သ မော ဟ သုံး ဖြာ

ဖြစ် အို သေ ရေး ပူ ဆွေး ငို ကာ

ကိုယ် စိတ် ဒု က္ခ ပူ ရ ပြင်း စွာ

ကိုယ် တွင်း မီး ထိန် ငြီး ဆယ့် တစ် ဖြာ ။

မြင် ကြား သိ တိုင်း မ ဆိုင်း မှတ် ပါ

ရုပ် နာမ် မ မြဲ ဆင်း ရဲ ချည်း သာ

ငါ ကောင် လဲ ပျောက် မျက် မှောက် မြင် ကာ

ဆယ့် တစ် မီး ပြီး ပျောက် ငြိမ်း စေ ရာ ။ ။

( မဟာစည် ဆရာတော် ဘုရားကြီး )