* လယ်တီ ဆရာတော် ဘုရားကြီး ဧ။် " ဓမ္မ ဒီပနီ " မှ ကောက်နုတ်ချက် ။ *

ရဟန်းကို စွပ်စွဲလျှင် အပြစ်ကြီးလေးဧ။် ။

ရဟန်တစ်ပါး သိမ်အတွင်းတွင် ရဟန်းခံပြီးသည်ရှိသော် (ဝါ) ရဟန်းအပေါင်းမှ ကမ္မဝါ ဖြင့် ရဟန်းဘောင်သို့ ရောက်စေပြီးသော် ထိုရဟန်းတွင် ကုဋေ ကိုးထောင်ကျော်သော သိက္ခာပုဒ်များ ( အကျဉ်းအားဖြင့် ၂၂၇ သွယ်သော သိက္ခာပုဒ်များ ) သည် တည်ရှိသွားတော့သည်။
ထိုဝိနည်းသိက္ခာပုဒ်တို့၌ တစ်ချို့လူတို့ ကြားဖူးနားဝရှိသော သိက္ခာပုဒ် တစ်ခုတစ်လေကို ယင်းရဟန်းသည် လွန်ကျူးသည်ဖြစ်ငြားအံ့ ၊ လူတို့သည် လွန်ကျူးသည့်အမှုကိုသာ မြင်တတ်ဧ။် ၊ ထိုရဟန်းသန္တာန်၌မူကား ပါရာဇိကမှု ( အကြီးဆုံးသောရဟန်းအာပတ် ) မရှိခဲ့လျှင် သမာဒါနမှု မပျက် ( ရဟန်းအဖြစ် ဆောက်တည်ထားခြင်းမှမပျက် ) သည်ဖြစ်၍ ပြဆိုခဲ့ပြီးသော ကုဋေကိုးထောင်ကျော်မျှရှိသည့် သိက္ခာပုဒ်တို့သည် ကိန်းဝပ်တည်နေလျှက် ရှိကြကုန်ဧ။် ။ ကျူးလွန်သော သိက္ခာပုဒ်မှာပင် သံဝရမှုသာ ပျက်သည် ။ သမာဒါနမှုကား မပျက် ။ တည်လျှက်ပင်ရှိဧ။် ။ ထိုသို့ တည်ရှိနေသော သိက္ခာပုဒ်တော်တို့ဧ။် မျက်နှာကိုမူကား မမြင်တတ် ။ မိမိသိရှိသော ဝိနည်းအမှတ်နှင့် မညီညွတ်သော ရဟန်းကိုမြင်လျှင် မကြည်လင်သောစိတ်ဖြင့် ကဲ့ရဲ့ပြစ်တင် ဆိုမိပြောမိ စွပ်စွဲဆဲရေး မိတတ်ကြသည် ။ ဆိုမိပြောမိ စွပ်စွဲဆဲရေး မိသောအခါ အပြစ်အလွန်ကြီးလေးသည်။
အပြစ်ကြီးလေးသည်ဆိုရာ၌ ထိုရဟန်းအတွက်နှင့် အပြစ်လေးသည်မဟုတ် ၊ တည်ရှိသော သိက္ခာပုဒ်တော်တို့ဧ။် အတွက်နှင့် အပြစ်လေးခြင်း ဖြစ်သည် ။

ဓာတော်မွေတော် ကိန်းဝပ်နေသော စေတီအိမ်အတွင်း ၊ ပရိဝုဏ်အတွင်းမှာ အမှိုက်သရိုက် မစင်တီးပြင် ပြည့်၍နေရာ၌ စေတီအိမ်မှန်းသိလျှက် အမှိုက်သရိုက် မစင်တီးပြင် တို့ကို မြင်သည့်အတွက် သဒ္ဓာပျက်၍ မြက်သောစိတ်ဖြင့် ထိုစေတီအိမ်ကို မရိုမသေ ထိပါးပစ်ခတ်ခြင်း ၊ ထိုစေတီ ပရဝုဏ်အတွင်း၌ ဘိနပ်စီးခြင်း ထီးဆောင်းခြင်း စသည်တို့ကို ပြုခဲ့ငြားအံ့ ၊ အပြစ်လေးသည်သာဖြစ်ဧ။် ။ စေတီအိမ်အတွက်ကြောင့် လေးသည်မဟုတ် ၊ ကိန်ဝပ်နေသော မွေတော်ဓာတ်တော် ၊ ရုပ်ပွားဆင်းတုတော် အတွက်ကြောင့် လေးခြင်းဖြစ်သည် ။
ဤနည်းအတူ ထိုရဟန်းကြောင့် အပြစ်လေးသည်မဟုတ် ၊ တည်ရှိသော သိက္ခာပုဒ်တော်တို့အတွက် အပြစ်လေးလေသည် ။

ဒုဿီလ ဖြစ်သော ရဟန်း ( သီလမရှိသော ရဟန်း ) ကို သီလမရှိမှုနှင့် စွပ်စွဲခဲ့သည်ရှိသော် သီလဝန္တ ရဟန်း ( သီလနှင့်ပြည့်စုံသော ရဟန်း ) ကို စွပ်စွဲသည်နှင့်အတူ သံဃာဒိသေသ် အာပတ်ကြီးသင့်ကြောင်းကို " အသုဒ္ဓော ဟောတိ ပုဂ္ဂလော အညတရံ ပါရာဇိကံ သမ္မာပန္နော " အစရှိသဖြင့် ဟောတော်မူသည်ကို ထောက်၍ ဒုဿီလကိုပင် ဒုဿီလ ဟု စွပ်စွဲဆဲရေးပါမူ အပြစ်လေးသော ယုတ္တိကို ရှေးအခါကပင် ရှိခဲ့လေပြီ။ ။

# ၂၀၀၆ ခုနှစ် ၊ ဒုတိယအကြိမ် ( မိခင်ဧရာဝတီ စာအုပ်တိုက် ) ထုတ် ၊ လယ်တီဆရာတော် ဘုရားကြီးဧ။် " ဓမ္မ ဒီပနီ " ၊ စာမျက်နှာ ( ၁၀၈ ) မှ ထုတ်နှုတ်ပါသည်။ #