‌ကောင်းမှုမြတ်‌နိုး ၊ ‌ကောင်း‌အောင်‌ကြိုး၍ ၊ ‌ကောင်းကျိုးကိုသာတည်‌‌စေမင်း ။
***************************************************************

မ‌ကောင်း‌သောစကားကို မ‌ပြောခင် စိတ်‌ထဲမှာ ကြိုတင်‌စဉ်းစားကြံစည်‌ကြရတယ်‌၊ မ‌ကောင်း‌သောအလုပ်‌ကို မလုပ်‌ခင်‌မှာလည်း စိတ်‌ထဲမှာပင်‌ စဉ်းစားစီစဉ်‌ကြရတယ်‌၊ မ‌ကောင်းမှုဟူသမျှသည်‌ စိတ်‌မှာ ဦးစွာဖြစ်‌‌ပေါ်ပြီးမှ ပြုလုပ်‌ကြခြင်း ဖြစ်‌တယ်‌၊ ‌ကောင်းမှုဟူသမျှသည်‌လည်း စိတ်‌မှာပင်‌ အစပြုကြတယ်‌၊ စိတ်‌နှလုံးဆိုတာ ယုတ်‌ညံ့မှု ( မ‌ကောင်းမှု ) နှင့်‌ မြင့်‌မြတ်‌မှု ( ‌ကောင်းမှု ) တို့ ယှဉ်‌တွဲ၍လွန်‌ဆွဲရာနယ်‌‌မြေ ဖြစ်‌တယ်‌၊ ဒါ‌ကြောင့်‌ စိတ်‌ကိုသာ ထိန်းသိမ်းနိုင်‌လျှင်‌ အရာရာကို ထိန်းသိမ်းနိုင်‌စွမ်းရှိတယ်‌၊ စိတ်‌ကိုထိန်းသိမ်းဖို့ရာမှာ မ‌ကောင်းမှုကို မပြုလုပ်‌လိုခြင်း၊ ‌ကောင်းမှု
ကိုသာပြုလုပ်‌လုပ်‌လိုခြင်း ဆိုတဲ့ ဆန္ဒက အဓိကကျတယ်‌၊ တကယ်‌ဆန္ဒရှိမှ စိတ်‌ကိုထိန်းသိမ်းရန်‌ ကြိုးစားအားထုတ်‌မှာပါ၊ ဆန္ဒဖြစ်‌‌ပေါ်ဖို့မှာ မ‌ကောင်းမှုရဲ့ဆိုးကျိုးအပြစ်‌‌တွေကို‌ကြောက်‌ရန်‌၊
‌ကောင်းမှုရဲ့ ‌ကောင်းကျိုးရလဒ်‌‌တွေကိုအလိုရှိရန်‌၊ အကျိုးနဲ့အပြစ်‌ကို ‌သေချာခွဲခြား နားလည်‌မှဖြစ်‌မှာပါ၊ ဒီအတွက်‌ ဗဟုသုတ ရှာမှီးဆည်းပူးရပါလိမ့်‌မယ်‌၊ ပညာရှိသူ‌တော်‌‌ကောင်းတို့ထံ ချဉ်းကပ်‌ပြီး ဆုံးမလမ်းညွှန်‌မှုတို့ကို နာယူရပါမယ်‌၊ သူတို့‌ရေးသားထားတဲ့ စာ‌ပေ‌တွေကို ‌လေ့လာဖတ်‌ရှုကြရမှာပါ၊ သီးသန့်‌အချိန်‌‌ပေးပြီး ကြိုးစားလုပ်‌‌ဆောင်‌ကြရမှာဖြစ်‌တယ်‌။

စိတ်‌ကိုထိန်းသိမ်းပြီး ‌ကောင်းမှုများကိုသာ ပြုလုပ်‌ရန်‌ဆိုသည်‌မှာ ဘဝရဲ့အ‌ရေးအကြီးဆုံး ‌ဆောင်‌ရွက်‌ရမယ့်‌ တာဝန်‌တစ်‌ခုလို့ စွဲမြဲမှတ်‌ထားသင့်‌တယ်‌။

ဘဝဆိုတာအလွန်‌တို‌တောင်းလှပါတယ်‌၊ အချိန်‌‌တွေကုန်‌ကုန်‌သွားတာ ‌သေချာသတိထားကြည့်‌လျှင်‌ ‌ကြောက်‌ဖို့အလွန်‌‌ကောင်းပါတယ်‌၊ ယခုလိုအသက်‌ရှင်‌သန်‌‌နေရတဲ့အခွင့်‌အ‌ရေးကို မှန်‌ကန်‌စွာအသုံးမချနိုင်‌လျှင်‌ လူဖြစ်‌ရှုံးတယ်‌လို့ဆိုရမယ်‌၊ ဘဝတန်‌ဖိုးဆိုတာ သက်‌တမ်းအတိုအရှည်‌နဲ့မဆိုင်‌ဘူး၊ တစ်‌ခဏ‌လေးပင်‌‌နေရ‌သော်‌လည်း မ‌ကောင်းမှုမှ‌ရှောင်‌နိုင်‌၍ ‌ကောင်းမှုများကို
ပြုလုပ်‌နိုင်‌သူ၊ တစ်‌နည်းအားဖြင့်‌ ‌လောကသဘာဝတို့ရဲ့ အမှန်‌သ‌ဘော ( တရားသ‌ဘော ) ကိုနားလည်‌သိမြင်‌သူသာ တန်‌ဖိုးရှိ‌သောဘဝမှာ လူဖြစ်‌ကျိုးနပ်‌သူဟူ၍ ဆိုရ‌မှာဖြစ်‌တယ်‌။

လူမှု‌ရေး၊ စီးပွား‌ရေး၊ နိုင်‌ငံ‌ရေး‌တွေကို မလွဲမ‌ရှောင်‌သာ လုပ်‌‌နေကြရမှာပါ၊ ဒီအလုပ်‌‌တွေကို‌ကောင်းမှုနဲ့ယှဉ်‌တွဲပြီး လုပ်‌‌ဆောင်‌နိုင်‌သလို မ‌ကောင်းမှုကိုလဲဖြစ်‌‌စေနိုင်‌တယ်‌၊ ဒါ‌ကြောင့်‌စိတ်‌ကို ထိန်းသိမ်းပြီး ‌ကောင်းမှုကိုပဲ ပြုလုပ်‌‌ဆောင်‌ရွက်‌နိုင်‌ရန်‌၊ ဗဟုသုတရယ်‌ သတိရယ်‌နဲ့ ဆင်‌ခြင်‌သုံးသပ်‌လုပ်‌ကိုင်‌နိုင်‌ဖို့ ကြိုးစား‌နေရမှာပါ။

အဲဒီလို သတိနဲ့ စိတ်‌ကို လိမ္မာယဉ်‌‌ကျေး‌အောင်‌ ထိန်း‌ကျောင်း‌နေခြင်းသည်‌ တရားအားထုတ်‌‌နေတယ်‌လို့ဆိုနိုင်‌ပါတယ်‌၊ ‌နေရင်းထိုင်‌ရင်း သွားရင်းလာရင်း စားရင်း‌သောက်‌ရင်းနဲ့လဲ ယခုလို အားထုတ်‌လို့ရတယ်‌ဆိုတာ တကယ်‌လုပ်‌ကြည့်‌ရင်‌ တကယ်‌ရတာကို ‌တွေ့ရပါလိမ့်‌မယ်‌။

တချို့သူတို့က တရားအလုပ်‌ဆိုတာ ဘာသာ‌ရေးကိစ္စတစ်‌ခုဖြစ်‌တယ်‌၊ အသက်‌ကြီးသူ‌တွေ ရဟန်းသံဃာ‌တွေသာ လုပ်‌‌ကောင်း‌သော၊ လုပ်‌သင့်‌‌သောအလုပ်‌ ဖြစ်‌တယ်‌လို့ ထင်‌မှတ်‌‌နေကြတယ်‌
‌နောင်‌ဘဝအတွက်‌ ဘဝကူး‌ကောင်း‌အောင်‌ ပြင်‌ဆင်‌ပြုလုပ်‌‌နေကြတာလို့ ယူဆ‌နေကြတယ်၊ တကယ်‌‌တော့ အထက်‌မှာပြဆိုခဲ့သလို တရားသ‌ဘောကို နားလည်‌ကျင့်‌ကြံနိုင်‌လျှင်‌ ယခုလက်‌ရှိဘဝ၊ လက်‌ရှိအချိန်‌မှာပဲ အကျိုး‌ကျေးဇူး‌တွေ ရရှိခံစားရမယ်‌ဆိုတာ ကိုယ်‌တိုင်‌ကြိုးစားကျင့်‌ကြံကြည့်‌လျှင်‌ ကိုယ်‌တိုင်‌သိရှိလက်‌ခံလာပါလိမ့်‌မယ်‌။

ဗဟုသုတရှာမှီးပြီး စိတ်‌ကိုသတိဖြင့်‌ ထိန်း‌ကျောင်းကာ ‌ကောင်း‌သောအမှုများနှင့်‌ ယှဉ်‌တွဲ၍ အလုပ်‌ကိစ္စဟူသမျှကို ‌ဆောင်‌ရွက်‌နိုင်‌ကြ‌စေရန်‌ ဆန္ဒပြုလိုက်‌ပါတယ်‌။

‌ကောင်းမှုမြတ်‌နိုး ၊ ‌ကောင်း‌အောင်‌ကြိုး၍ ၊ ‌ကောင်းကျိုးကိုသာ တည်‌‌စေမင်း။ ။‌